Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိမ်နီးချင်းနိုင်ငံများကိုအမှီလိုက်ရန် အာဆီယံတွင်အကြီးဆုံးဖြစ်လာမည့် ငါးမွေးမြူရေးစီမံကိန်းကိုအကောင်ထည်ဖော်နေ

Unicode

အိမ်နီးချင်းနိုင်ငံများကိုအမှီလိုက်ရန် အာဆီယံတွင်အကြီးဆုံးဖြစ်လာမည့် ငါးမွေးမြူရေးစီမံကိန်းကိုအကောင်ထည်ဖော်နေ


မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းတင်ပို့ရောင်းချမှု့မှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရှိသော်လည်း အိမ်နီးချင်း ဗီယက်နမ်နိုင်ငံ၏ တင်ပို့နိုင်မှုထက် ၁၂ ဆကျော် နညပါးနေဆဲဖြစ်ကြောင်း သိရသည်။

 

ဗီယက်နမ်ငါး လုပ်ငန်းမှ ပြည်ပတင်ပို့မှုတန်ဖိုးမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၈.၈ ဘီလီယံခန့်ရှိပြီး မြန်မာနိုင်ငံမှတင်ပို့နိုင်သည့် ပမာဏ အမေရိကန်ဒေါ်လာ သန်း ၇၀၀ နှင့်နှိုင်းယှဉ်ပါက ၁၂ ဆကျော် ပိုမိုရရှိနေကြောင်း မြန်မာနိုင်ငံသည် ရေထွက်ပစ္စည်း သဘာရအရင်းအမြစ် သယံဇာတများစွာရှိသော်လည်း ငါး ၊ ပုစွန် ဖမ်းဆီးရေးလုပ်ငန်း နှင့် မွေးမြူရေးလုပ်ငန်းများတွင် တန်ဖိုးမြင့် Value added ထုတ်လုပ်ရာ၌ နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက ခေတ်မီနည်းစနစ် ၊နည်းပညာများစွာလိုအပ်နေသည်။


ထို့ကြောင့် အိမ်နီးချင်း နိုင်ငံများနှင့်ယှဉ်ပြီး ရေထွက်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် တိုင်းနှင့်ပြည်နယ်အလိုက် သင့်လျော်သည့်နေရာများရွေးချယ်ပြီး ရေသတ္တဝါမွေးမြူရေးဇုန်များကို Master Plan ရေးဆွဲ၍ အစိုးရ နှင့် ပုဂ္ဂလိကတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒုသမ္မတက ပြောသည်။

 

Read More >>>>>  ရန်ကုန်စျေးကွက်သို့ တစ်ရက်လျှင် ဘဲဥသုံးသိန်း ဝန်းကျင်ဝင်ရောက်

 

ယခု့အကောင်ထည်ဖော်နေသော Ayeyarwaddy Integrated Food Industry Complex ဘက်စုံစီမံကိန်းတွင် ငါးမွေးမြူခြင်း ၊ ပြုပြင်ထုတ်လုပ်ခြင်း ၊ အေးခဲခြင်းနှင့် ဆက်စပ်သောလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိမြေဧက ၉၀၀ ပေါ်တွင် အကောင်အထည်ဖော်လျက်ရှိကာ အလုပ်အကိုင်အခွင့် အလမ်း ၂၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်သည်။

 

အဆိုပါ စီမံကိန်းပြီးစီးပြီးနောက် ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ကျော်ရရှိမည်ဟုခန့်မှန်းထားကာ အရှေ့တောင်အာရှတွင် အကြီးမားဆုံး ငါးမွေးမြူရေး စီမံကိန်းတစ်ခု ဖြစ်လာရန် မျှော်မှန်းထားကြောင်း သိရသည်။

 

သောက်ရေသန့်လုပ်ငန်းများ (၉၆၉) ခုကိုရှာရန်နှိပ်ပါ။

 

Source: MMTimes

 

 

အာဆီယံတြင္အႀကီးဆံုးျဖစ္လာမည့္ ငါးေမြးျမဴေရးစီမံကိန္းကိုအေကာင္ထည္ေဖာ္ေန

 

ျမန္မာႏိုင္ငံ၏ ေရထြက္ပစၥည္းတင္ပို႔ေရာင္းခ်မႈ႔မွ အေမရိကန္ေဒၚလာ သန္း ၇၀၀ ရွိေသာ္လည္း အိမ္နီးခ်င္း ဗီယက္နမ္ႏိုင္ငံ၏ တင္ပို႔ႏိုင္မႈထက္ ၁၂ ဆေက်ာ္ နညပါးေနဆဲျဖစ္ေၾကာင္း သိရသည္။

 

ဗီယက္နမ္ငါး လုပ္ငန္းမွ ျပည္ပတင္ပို႔မႈတန္ဖိုးမွာ ႏွစ္စဥ္ အေမရိကန္ေဒၚလာ ၈.၈ ဘီလီယံခန႔္ရွိၿပီး ျမန္မာႏိုင္ငံမွတင္ပို႔ႏိုင္သည့္ ပမာဏ အေမရိကန္ေဒၚလာ သန္း ၇၀၀ ႏွင့္ႏႈိင္းယွဥ္ပါက ၁၂ ဆေက်ာ္ ပိုမိုရရွိေနေၾကာင္း ျမန္မာႏိုင္ငံသည္ ေရထြက္ပစၥည္း သဘာရအရင္းအျမစ္ သယံဇာတမ်ားစြာရွိေသာ္လည္း ငါး ၊ ပုစြန္ ဖမ္းဆီးေရးလုပ္ငန္း ႏွင့္ ေမြးျမဴေရးလုပ္ငန္းမ်ားတြင္ တန္ဖိုးျမင့္ Value added ထုတ္လုပ္ရာ၌ ႏိုင္ငံတကာႏွင့္ႏႈိင္းယွဥ္ပါက ေခတ္မီနည္းစနစ္ ၊နည္းပညာမ်ားစြာလိုအပ္ေနသည္။


ထို႔ေၾကာင့္ အိမ္နီးခ်င္း ႏိုင္ငံမ်ားႏွင့္ယွဥ္ၿပီး ေရထြက္ပစၥည္းမ်ား ထုတ္လုပ္တင္ပို႔ႏိုင္ေရးအတြက္ တိုင္းႏွင့္ျပည္နယ္အလိုက္ သင့္ေလ်ာ္သည့္ေနရာမ်ားေ႐ြးခ်ယ္ၿပီး ေရသတၱဝါေမြးျမဴေရးဇုန္မ်ားကို Master Plan ေရးဆြဲ၍ အစိုးရ ႏွင့္ ပုဂၢလိကတို႔ ပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း ဒုသမၼတက ေျပာသည္။

 

Read More >>>>>  ရန္ကုန္ေစ်းကြက္သို႕ တစ္ရက္လွ်င္ ဘဲဥသုံးသိန္း ဝန္းက်င္ဝင္ေရာက္

 

ယခု႔အေကာင္ထည္ေဖာ္ေနေသာ Ayeyarwaddy Integrated Food Industry Complex ဘက္စုံစီမံကိန္းတြင္ ငါးေမြးျမဴျခင္း ၊ ျပဳျပင္ထုတ္လုပ္ျခင္း ၊ ေအးခဲျခင္းႏွင့္ ဆက္စပ္ေသာလုပ္ငန္းမ်ားကို ေဆာင္႐ြက္မည္ျဖစ္ၿပီး လက္ရွိေျမဧက ၉၀၀ ေပၚတြင္ အေကာင္အထည္ေဖာ္လ်က္ရွိကာ အလုပ္အကိုင္အခြင့္ အလမ္း ၂၀၀၀ ေက်ာ္ ဖန္တီးေပးႏိုင္မည္ျဖစ္သည္။

 

အဆိုပါ စီမံကိန္းၿပီးစီးၿပီးေနာက္ ထုတ္လုပ္မႈတန္ဖိုး အေမရိကန္ေဒၚလာ ၃ ဘီလီယံ ေက်ာ္ရရွိမည္ဟုခန႔္မွန္းထားကာ အေရွ႕ေတာင္အာရွတြင္ အႀကီးမားဆုံး ငါးေမြးျမဴေရး စီမံကိန္းတစ္ခု ျဖစ္လာရန္ ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။

 

ေသာက္ေရသန္႔လုပ္ငန္းမ်ား (၉၆၉) ခုကိုရွာရန္ႏွိပ္ပါ။

 

Source: MMTimes

 

 

Read times Last modified on Monday, 10 February 2020 15:30
Rate this item
(0 votes)