Food & Livestock
ဗီယက်နမ်ဆန် ပြည်ပတင်ပို့မှု ဝင်ငွေ စံချိန်သစ်တင်
ဗီယက်နမ်ဆန် ပြည်ပတင်ပို့မှု ဝင်ငွေ စံချိန်သစ်တင်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ အဆိုအရ ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ ခုနှစ် ပထမ ကိုးလအတွင်း ဆန်တင်ပို့မှု ဝင်ငွေ စံချိန်သစ်တင်ခဲ့သည်။
ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၆ ဘီလီယံ ရရှိခဲ့သည်။ ယမန်နှစ်ကထက် ၄၀.၄% များသည်။
ဆန်တင်ပို့မှု ဝင်ငွေ စံချိန်သစ် တင်သည်မှာ ဗီယက်နမ် ပို့ကုန်ဆန် ဈေးနှုန်းများ စံချိန်တင် မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။
ဗီယက်နမ်၏ ပထမသုံးလပတ်တွင် ပြည်ပသို့တင်ပို့သည့် ဆန်ဈေးသည် တစ်တန်လျှင် ၅၅၃ ကန်ဒေါ်လာ ဖြစ်ပြီး ယမန်နှစ်ကထက် ၁၄% ပိုမြင့်သည်။
ဖိလစ်ပိုင်သည် ဗီယက်နမ်ဆန်များကို ပထမရှစ်လအတွင်း ဝယ်ယူမှု အများဆုံးဖြစ်ခဲ့သည်။ တင်ပို့သည့်ဆန် စုစုပေါင်း၏ ၄၀.၃% ကို ဖိလစ်ပိုင် ဝယ်ယူခဲ့သည်။
တရုတ်က ၁၃.၅% ဝယ်ယူခဲ့ပြီး ဒုတိယ အများဆုံး ဖြစ်သည်။
အင်ဒိုနီးရှားက ၁၂.၄% ဝယ်ယူခဲ့ပြီး တတိယ အများဆုံး ဖြစ်သည်။
စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ပို့ကုန် သွင်းကုန် ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး Tran Thanh Hai ၏ ပြောကြားချက်အရ ဖိလစ်ပိုင်၊ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် အာဖရိကတို့ကဲ့သို့သော ဆန် အဓိက စားသုံးသည့် ဈေးကွက်များတွင် ဆန်တင်သွင်းရန် ဆက်တိုက် လိုအပ်နေခြင်းကြောင့် ယခုနှစ်ကုန်အထိ တင်ပို့သည့် ဆန်ဈေးနှုန်း မြင့်မားနေမည်ဟု မျှော်လင့်ထားသည်။
အိန္ဒိယနှင့် ပါကစ္စတန်တို့ကဲ့သို့ ထိပ်တန်းဆန်တင်ပို့သူများထံမှ ဆန်တင်ပို့မှုများ အကန့်အသတ် ရှိနေခြင်းကြောင့်လည်း ဆန်ဈေးနှုန်း အမြင့်မှာ ဆက်ရှိနေဦးမည် ဖြစ်သည်။
ဗီယက်နမ် စားေသာက်ကုန် အသင်း Vietnam Food Association (VFA) ဥက္ကဋ္ဌ Nguyen Ngoc Nam က ဆန်တင်ပို့မှု ပိုများမည်ဖြစ်ကြောင်း၊ ဖိလစ်ပိုင်သည် နောက်ထပ် ဆန်တန်ချိန် ၁ ဒသမ ၁ သန်း တင်သွင်းရန် လိုအပ်နေပြီး အင်ဒိုနီးရှားသည် ယခုနှစ်မကုန်ခင်တွင် ဆန်တန်ချိန် ၂ ဒသမ ၃ သန်း ဝယ်ယူရန် စီစဉ်ထားကြောင်း ပြောကြားသည်။
တရုတ်နိုင်ငံ၏ ဆန်တင်သွင်းမှု လိုအပ်ချက်မှာလည်း ယခုနှစ် လက်ကျန်လများတွင် တိုးလာမည်ဟု ခန့်မှန်းထားကြောင်း Nam က ပြောသည်။
Source vnexpress
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL