Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်မည့် တောင်သူများအား စပါးမျိုးစေ့ မြေသြဇာ မျိုးကွဲနုတ်ပယ်ခြင်း စရိတ်ပေးအပ်

ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်မည့် တောင်သူများသို့ စပါးမျိုးစေ့၊ မြေသြဇာ၊

မျိုးကွဲနုတ်ပယ်ခြင်း စရိတ်များနှင့် မှိုသီးနှံစိုက် ထုတ်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့ ဇဟာကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပခဲ့ပါတယ်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးနိုင်ဦးက ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြဇဟာကျေးရွာ တောင်သူများသို့ စပါးမျိုးစေ့ထုတ်လုပ်ငန်း ပံ့ပိုးပစ္စည်းများနှင့် မှိုထုပ်များ ပေးအပ်ရခြင်း အကြောင်း ရှင်းလင်းပြောကြားကြောင်း သိရပါတယ်။

 

ထို့နောက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေး ပံ့ပိုးပစ္စည်း ဓာတ်မြေသြဇာ၊ မျိုးစပါး၊ မျိုးသန့်မျိုးစေ့နှင့် မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းအတွက် တစ်ဧကလျှင် ငွေကျပ် ၁ဝဝဝဝဝ နှုန်းဖြင့် ဧက ၂ဝ အတွက် ငွေကျပ်သိန်း ၂ဝ ကို တောင်သူခုနစ် ဦးအားပေးအပ်ပြီး တက်ရောက်လာသော တောင်သူများအား မှိုထုပ် ၂ဝဝ ကိုပေးအပ်ကြကြောင်း သိရပါတယ်။

 

ဆက်လက်၍ တောင်သူများကိုယ်စား တောင်သူ ဦးကျော်ကျော်လွင်က ကျေးဇူးတင်စကား ပြောကြားပြီး စိုက်ပျိုးရေး ဦးစီးဌာနမှ မြေ၊ မျိုး၊ ပိုး တာဝန်ခံများက တောင်သူများအား နည်းပညာပေး ဟောပြောခြင်းနှင့် မှိုထုပ်ပြုလုပ်ပုံ လက်တွေ့ပြသကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 13:15
Rate this item
(2 votes)