Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ARSENAL သည်ကမ္ဘောဒီးယားဘီယာကုမ္ပဏီ Ganzberg နှင့် စာချုပ်လက်မှတ်ရေးထိုးသည့်အတွက် ဝေဖန်ခံနေရ

ARSENAL သည် ကမ္ဘောဒီးယားဘီယာကုမ္ပဏီ Ganzberg နှင့် အရောင်းမြှင့်တင်ရေးဆိုင်ရာ စာချုပ်တစ်ခုကို

လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းဘီယာကုမ္ပဏီသည် ခွေးသားများသည် ဘီယာနှင့်အတူ စားသောက်ရန် အကောင်းဆုံးအမြည်းဟု ကြော်ငြာသည့် လုပ်ငန်း ဖြစ်နေသည့်အတွက် အာစီနယ် ဘောလုံးအသင်းကို ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ကမ္ဘောဒီးယားဘီယာကုမ္ပဏီ Ganzberg နှင့် သုံးနှစ် သက်တမ်းရှိ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ၎င်းကုမ္ပဏီသည် ၂၀၁၉ ခုနှစ်တွင် ခွေးသားဖြင့် ထုတ်လုပ်ထားသေ အမြည်းကို ဘေဘုတ်ကြီးများ ထောင်၍ ကြော်ငြာခဲ့သည့် လုပ်ငန်း ဖြစ်သည်။
စာချုပ်ပါ သဘောတူညီချက်အရ Ganzberg သည် Arsenal ကို ဘေဘုတ်ကြီးများ၊ ဒစ်ဂျစ်တယ်ကြော်ငြာများအပြင် ဘီယာဘူးများတွင်လည်း သုံးစွဲဖော်ပြမည် ဖြစ်သည်။

ဝေဖန်စွပ်စွဲမှုများကို Arsenal မှ အပြင်းအထန် ငြင်းဆိုသည်။ Arsenal ခွေးသားရောင်းဝယ်ရေးနှင့် မပတ်သက်ကြောင်း၊ ခွေးသား ထုတ်ကုန် စားစရာများ ကြော်ငြာရာတွင်လည်း Arsenal ကို အသုံးမပြုဟု Ganzberg က ပြောထားသည်ဟု ဆိုသည်။

တိရစ္ဆာန် အခွင့်အရေးများကို အလေးထားကာကွယ်သည့် Four Paws အဖွဲ့အစည်းနှင့်လည်း အတူလက်တွဲ လုပ်ကိုင်လျက် ရှိကြောင်းကိုလည်း ပြောကြားသည်။

"Four Paws ကု ကျွန်တော်တို့ ကြိုဆိုပါတယ်။ Ganzberg ကလည်း လက်ခံပါတယ်။ သူတို့ မနှစ်သက်တဲ့ ကြော်ငြာတွေ ပြသထားတဲ့ lightboxe တွေကို ဖယ်ရှားပေးပါတယ်"
ဟု ပြောကြားသည်။

 

famoustimes.org/

Read times
Rate this item
(0 votes)