Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပသို့ ကျွဲ၊ နွားအကောင်ရေ နှစ်သိန်းခန့် တင်ပို့

ပြည်ပသို့ ကျွဲ၊ နွားတင်ပို့မှုအနေဖြင့် ဘဏ္ဍာနှစ်အသစ်ဖြစ်သည့် ၂၀၁ ၈ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ကျွဲ၊

နွားအကောင်ရေပေါင်း နှစ်သိန်းခန့်တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

 

ယင်းကာလအတွင်း ကျွဲ အကောင်ရေ ၁၉၇၉၅ ကောင်တင်ပို့ထားပြီး တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၂၅ဒသမ ၇၃၃သန်းရရှိထားကာ နွားအကောင်ရေ ၁၇၅၉၀၅ ကောင်တင်ပို့ထားကာ တင်ပို့ငွေ အမေရိကန်ဒေါ်လာ ၂၁၁ ဒသမ
၀၈၅ သန်း ရရှိထားကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

 

“ကျွဲ၊ နွားတွေကို အကောင်လိုက် တင်ပို့တာထက် ပုဂ္ဂလိကသားသတ်ရုံတွေမှာ အသားကိုစနစ်တကျထုပ်ပိုးပြီး ပြည်ပတင်ပို့တာကို နိုင်ငံတော်က အားပေးအားမြှောက်လုပ်ပေးရမှာ။ ဒါမှ ပြည်တွင်းလည်းသုံး ပို့ကုန်ဝင်ငွေလည်း ပိုရ
လာမယ်” ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က သုံးသပ်ပြောကြားသည်။

 

ကျွဲ၊ နွားများကို အကောင်လိုက်တင်ပို့ခြင်းထက် ပြည်တွင်းတွင် ပုဂ္ဂလိကသားသတ်ရုံများတည်ထောင်၍ တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်ကာ ပြည်ပသို့ပြန်လည်တင်ပို့ပါက ပို့ကုန်ဝင်ငွေများပိုမိုရရှိကာ အလုပ်အကိုင်အခွင့်အလမ်း
များလည်း ပိုမိုများပြားလာမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

 

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလ ၁ရက်နေ့မှ စက်တင်ဘာလ ၃ဝ ရက်နေ့အထိ အသေးစားဘတ်ဂျတ် ခြောက်လတာ ကာလအတွင်း ကျွဲ၊ နွားအကောင်ရေ ၁၃၄၀၀၀ ကျော်သာတင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆၃ ဒသမ ၄၇၂ သန်းရရှိထားကာ ခြောက်လတာကာလတင်ပို့မှုထက် ကျွဲ၊ နွားအကောင်ရေ ၇၀၀၀၀ ခန့် ပိုမိုတင်ပို့နိုင်ခြင်းဖြစ်သည်။ တောင်သူများ အလုပ်အကိုင်အခွင့်အလမ်းပေါများစေရန်အတွက် ကျွဲ၊ နွားတင်ပို့မှုကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာလက စတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

 

“ပြည်တွင်းကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ မွေးမြူရေးဇုန် ၂၈ဇုန်ကို ဖော်ထုတ်ဆောင်ရွက် လျက်ရှိပါတယ်။ ကျွဲ၊ နွားများရေရှည်တင်ပို့နိုင်ရေးအတွက်လည်း ၅နှစ်အစီအမံချမှတ်ဆောင်ရွက်နေပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားထားသည်။

 

ပြည်ပတင်ပို့သည့်အခါ ကျွဲ၊ နွားများကို အသက် ၅ နှစ်အထက်ကိုသာ တင်ပို့ခွင့်ပြုခြင်းဖြစ်ပြီး ကျွဲ၊ နွားတင်ပို့ခွင့်လိုင်စင် တစ်စောင်လျှင် အကောင် ၁ဝဝ သာ တင်ပို့ခွင့်ရှိကာ နွားတစ်ကောင်လျှင် ကျပ် ၁၃ သိန်းမှ ၁၅ သိန်း၊ ကျွဲ တစ်ကောင်လျှင် ကျပ် ၁၅ သိန်းအထိဈေးရရှိပြီး တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို အများဆုံးတင်ပို့နေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

Source: The Voice

Read times
Rate this item
(1 Vote)