Food & Livestock



မလေးရှားမှာ ဆန်လက်လီဝယ်ယူမှု တစ်ဦး ၁၀၀ ကီလိုဂရမ် ကန့်သတ်ချက် ပြဋ္ဌာန်း

မလေးရှားမှာ ဆန်လက်လီဝယ်ယူမှု တစ်ဦး ၁၀၀ ကီလိုဂရမ် ကန့်သတ်ချက် ပြဋ္ဌာန်း

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

မလေးရှားနိုင်ငံသည် ပြည်တွင်းထုတ်ဆန်များ ရောင်းချခြင်းကို အလွန်အကျွံ မဖြစ်အောင်  တားဆီးရန် ဆန်လက်လီဝယ်ယူမှုကို ကန့်သတ်ပြီး တင်းတင်းကျပ်ကျပ် ကြပ်မတ်ဆောင်ရွက်မည်ဖြစ်သည်။

 

အိန္ဒိယဆန် ပြည်ပတင်ပို့မှုမှ လျော့နေခြင်းကြောင့် ကမ္ဘာ့ဆန်ဈေး မြင့်တက်နေပြီး ပြည်ပမှ တင်သွင်းသည့်ဆန်များ ပိုမိုဈေးမြင့်နေ‌စေသည်။

ဆန်လက်လီဝယ်ယူမှုများတွင် လူတစ်ဦးလျှင် အများဆုံး ကီလိုဂရမ် ၁၀၀ အထိသာ ခွင့်ပြုမည်ဖြစ်ပြီး အမိန့်စာ ထုတ်ပြန်သည့်အချိန်မှ စ၍ ချက်ချင်း သက်ရောက်သည်။ ဆန် အလုံအလောက် ရရှိနိုင်သည်မှာ သေချာသည့်အချိန်အထိ ပြဋ္ဌာန်းထားမည်ဖြစ်ကြောင်း ဆန်စပါး ကြီးကြပ်ရေး ဘုတ်အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် Azman Mahmood က ပြောကြားသည်။

အစိုးရက လယ်သမားများ၊ ဆန်တင်သွင်းသူများကို ခေါ်ယူပြီး ဆန်ဖူလုံရေးအတွက် အစည်းအဝေး ကျင်းပခဲ့သည်။

“ပြည်တွင်းထွက် ဆန်ဖြူ ဝယ်ယူရရှိဖို့ အခက်အခဲနဲ့ ပတ်သက်ပြီး ပြည်သူတွေဆီက တိုင်ကြားစာတွေကို နေ့တိုင်းလိုလို ရရှိနေပါတယ်" ဟု စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Mohamad Sabu က အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့သည်။

 

“ဒီကိစ္စကို ဝန်ကြီးဌာနက အလေးအနက်ထားပြီး ဆန် ရရှိရေး လုံလောက်မှု ရှိတာ သေချာအောင် လုပ်ပါမယ်" ဟု ၎င်းက ပြောကြားသည်။

 

ဆန် ထိပ်တန်းတင်ပို့သူ အိန္ဒိယ၏ ပို့ကုန်ဆန်အပေါ်  ပိတ်ပင်ကန့်သတ်ချက်များသည် အာရှနှင့် အာဖရိကတလွှားတွင် တုန်လှုပ်စရာ လှိုင်းများ ထစေသည်။

 ပြည်တွင်းထွက်သည့် ဆန်များကို ပြည်ပမှ တင်သွင်းသည့် ဆန်များအဖြစ်ဖြင့် စျေးနှုန်းမြင့်မြင့်များဖြင့် ရောင်းချနေသည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် အာဏာပိုင်တို့သည် ဆန်  လက်ကားရောင်းချသူများနှင့် ဆန်စက်များကို ပြီးခဲ့သည့်လတွင် စတင်စစ်ဆေးခဲ့ကြောင်း Sabu က ပြောကြားသည်။

မလေးရှား၏ ဆန်သိုလှောင်မှု လက်ကျန်ပမာဏသည် လက်ရှိမှာ လုံလောက်ကြောင်း၊ ပြည်တွင်းထွက် ဆန်ဖြူဈေးနှုန်းများသည် အရှေ့တောင်အာရှတွင် အနိမ့်ဆုံးစာရင်းတွင် ရှိနေသေးကြောင်း တကီလို ၂.၆၀ ရင်းဂစ် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

မလေးရှားသည် တစ်လလျှင် ဆန်တန်ချိန် ၂၀၀,၀၀၀ ခန့် စားသုံးသည်။ ဆန်သိုလှောင်မှု လက်ကျန်ပမာဏသည် စားသုံးမှု ၁ လခွဲစာ ကျန်ရှိသည်ဟု Sabu က ပြောကြားသည်။

 

Bernas ဟု လူသိများသော နိုင်ငံပိုင် ကုန်သွယ်ရေးလုပ်ငန်း Padiberas Nasional Bhd သည် ပြီးခဲ့သည့်အပတ်က ပြည်ပမှ တင်သွင်းသည့် ဆန်ဖြူများ အားလုံးကို ၃၆% ဈေးတက်မည်ဟု ကြေညာခဲ့သည်။ 


အကြောင်းစုံ ဖတ်ရှုရန် လင့်ကို ထိပါ

မလေးရှား ဆန်စပါးလုပ်ငန်းများအဖွဲ့ချုပ်က သွင်းကုန်ဆန် ဈေးတက်ကြောင်း ကြေညာ

https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/6792


 

မလေးရှားနိုင်ငံသည် ပြည်တွင်းဆန် လိုအပ်ချက်၏ သုံးပုံတပုံကို ပြည်ပမှ တင်သွင်းသည်။ အဓိကအားဖြင့် အိန္ဒိယ၊ ထိုင်း၊ ပါကစ္စတန်နှင့် ဗီယက်နမ်တို့ထံမှ ဆန်တင်သွင်းသည်။

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Thursday, 07 September 2023 23:51
Rate this item
(0 votes)