Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


"GrabFood ၁ နှစ်ပြည့် ပွဲဈေး” အမည်ရ ပြည်တွင်း ပထမဦးဆုံး အွန်လိုင်းပွဲဈေးကျင်းပ

မြန်မာနိုင်ငံတွင် GrabFood ဝန်ဆောင်မှု တစ်နှစ်ပြည့်သည့် အထိမ်းအမှတ် အထူးအစီအစဉ်အဖြစ် စားသုံးသူများနှင့် မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များအား ကျေးဇူးတုံ့ပြန်သောအနေဖြင့် “GrabFood ၁ နှစ်ပြည့် ပွဲဈေး” အမည်ရ ပြည်တွင်း ပထမဦးဆုံး အွန်လိုင်းပွဲဈေးတစ်ခုကို ကျင်းပပေးလျက်ရှိ‌ကြောင်း သိရသည်။

 

အဆိုပါ ပွဲဈေးကို CB Bank နှင့် Kirin Ichiban တို့မှ ပံ့ပိုးပေးထားပြီး လွန်ခဲ့သော လများအတွင်းက ပိုမို လူကြိုက်များလာသည့် Grab app အတွင်း နှစ်သက်ရာ အစားအသောက်များ မှာယူနိုင်သည့် ဝန်ဆောင်မှုဖြင့် အော်ဒါများ ပိုမို ရရှိလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

 

GrabFood ဝန်ဆောင်မှုကို ရန်ကုန်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၌ စတင်မိတ်ဆက်ခဲ့ပြီး လအနည်းငယ်အကြာ မန္တလေးမြို့တွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ၌ စတင် မိတ်ဆက်ခဲ့သည်။ ယနေ့အချိန်အထိ GrabFood မှ မိတ်ဖက်စားသောက်ဆိုင်ပေါင်း (၁,၅၀၀) ကျော်အား အွန်လိုင်းကတစ်ဆင့် ပြောင်းလဲရောင်းချနိုင်ရန်နှင့် ၎င်းတို့၏ ဆိုင်ကို ပိုမို လူသိများလာစေရန် ပံ့ပိုးပေးမည့် Grab ၏ နည်းပညာပလက်ဖောင်းနှင့် နည်းပညာအကူအညီများကို တိုက်ရိုက် ရယူအသုံးပြုနိုင်ရေးအတွက် ချိတ်ဆက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် Grab မှ CB Bank နှင့် ပူးပေါင်းပြီး ငွေပေးချေမှု နည်းပညာအသစ်တစ်ခုကို ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိနေပြီ ဖြစ်ကာ အဆိုပါ ငွေပေးချေမှု နည်းပညာလုပ်ဆောင်ချက် အသစ်ဖြင့် GrabFood မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များသည် ၎င်းတို့၏ Grab အက်ပလီကေးရှင်းအတွင်း ရောင်းရငွေများကို ၂၄ နာရီထက် နောက်မကျစေဘဲ အလိုအလျောက် လက်ခံရရှိနိုင်မည် ဖြစ်သည်။

 

ထို့ကြောင့် GrabFood မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များမှာ GrabFood အော်ဒါများမှ ရရှိသော ၎င်းတို့၏ အမြတ်ငွေများကို ယခင်အချိန်များကဲ့သို့ ရက်သတ္တပတ် ၃ ပတ်ကြာ စောင့်ဆိုင်းစရာ မလိုတော့ဘဲ တစ်ရက်အတွင်း ရယူနိုင်ပြီ ဖြစ်ကာ အလိုအလျောက် ငွေပေးချေနိုင်သည့် စနစ်ကြောင့် GrabFood မိတ်ဖက်စားသောက်ဆိုင် ပိုင်ရှင်များအနေဖြင့် ဆိုင်အတွက် ငွေကြေးလည်ပတ်မှု ပိုမို လျင်မြန်အဆင်ပြေနိုင်ပြီး လုပ်ငန်းဆောင်ရွက်မှုများကို ပိုမို ကောင်းမွန်စွာ စီမံနိုင်မည် ဖြစ်သည်။

 

“GrabFood ၁ နှစ်ပြည့် ပွဲဈေး” တွင် နိုင်ငံတကာ အစားအသောက်လုပ်ငန်းများဖြစ်သည့် Lotteria ၊ KOI Bubble Tea ၊ Tealive ၊ Pizza Maru နှင့် Ya Kun Café တို့နှင့်အတူ ပြည်တွင်း၌ လူကြိုက်များသော စားသောက်ဆိုင်များဖြစ်သည့် YKKO ၊ Rangoon Tea House ၊ SP Bakery ၊ Mein Mein ၊ Miba Ayaik Noodle ၊ Tang Tea ၊ Unique Mandalay Tea Room ၊ Sandar May ၊ Tang Kyaw နှင့် Yoe Yar Sushi စသည့် ဆိုင်များအပါအဝင် GrabFood ၏ မိတ်ဖက်စားသောက်ဆိုင်ပေါင်း (၂၀) ကျော်မှ ပါဝင်ဆင်နွှဲသွားမည်ဖြစ်သည်။

 

ပွဲဈေးကာလဖြစ်သော နိုဝင်ဘာ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေ့စဉ်နေ့တိုင်း ရန်ကုန်နှင့် မန္တလေးမြို့များရှိ ပွဲဈေးတွင် ပါဝင်သော မိတ်ဖက်စားသောက်ဆိုင်များမှ စားသောက်ဖွယ်ရာများနှင့် set meals များအား မြန်မာငွေ (၁,၀၀၀) ကျပ်ဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ပြီး ပရိုမိုရှင်းအနေဖြင့် ပို့ခအခမဲ့ဖြင့် ပို့ဆောင်ပေးသွားမည်ဖြစ်ကာ ပွဲဈေးတွင် ပါဝင်သော ရန်ကုန်မြို့ရှိ မိတ်ဖက်စားသောက်ဆိုင်များမှ တစ်ရက်လျှင် အော်ဒါပေါင်း (၂,၄၀၀) အထိ ပေးအပ်သွားမည်ဖြစ်ပြီး မန္တလေးမြို့ရှိ မိတ်ဖက်စားသောက်ဆိုင်များမှ တစ်ရက်လျှင် အော်ဒါပေါင်း (၁,၀၀၀) အထိ ပေးအပ်သွားမည်ဖြစ်သည်။

 

ထို့အပြင် ပွဲဈေးကာလအတွင်း နေ့စဉ် ရန်ကုန်နှင့် မန္တလေးမြို့များရှိ မတူညီသည့် မိတ်ဖက်စားသောက်ဆိုင်မျိုးစုံမှ “GrabFood ၁ နှစ်ပြည့်ပွဲဈေး” ပရိုမိုးရှင်းအဖြစ် အထူးလျှော့ဈေး (၅၀) ရာခိုင်နှုန်းအထိ ပေးအပ်သွားမည့် အစီအစဉ်လည်း ပြုလုပ်လျက် ရှိသည်။ နေ့စဉ် ပရိုမိုးရှင်းအစီအစဉ်များအား Grab အက်ပလီကေးရှင်းမှ GrabFood tab အတွင်း ဝင်ရောက်ကြည့်ရှုနိုင်ပြီးအများပြည်သူအနေဖြင့် “GrabFood ပွဲဈေး” အကြောင်း ထပ်မံသိရှိလိုပါက Grab အက်ပလီကေးရှင်း သို့မဟုတ် Grab Myanmar Facebook စာမျက်နှာ -https://www.facebook.com/GrabMM/ မှတစ်ဆင့် ဝင်ရောက်လေ့လာ နိုင်ကြောင်း သိရသည်။

 

Grab 

Read times
Rate this item
(0 votes)