Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဒန့်သလွန်နှင့်ရဲယိုတို့ကို ပြည်ပနိုင်ငံများက ဝယ်ယူရန်ကမ်းလှမ်းထား

မြန်မာနိုင်ငံမှ ဒန့်သလွန်သီးနှင့် ရဲယိုသီး တို့ကို ဂျပန်နိုင်ငံ၊ တရုတ်(တိုင်ပေ)နှင့် အမေ ရိကန်နိုင်ငံတို့မှ ဝယ်ယူရန် ကမ်းလှမ်းထားမှုများရှိကြောင်း မြန်မာနိုင်ငံဒန့်သလွန်သီးနှင့်

ရဲယိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (ယာယီ) မှ သိရသည်။

 

ကြီးမှူးကျင်းပ

 ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ၌ မတ် ၈ ရက်တွင် မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်တင်ပို့ရောင်းချသူများအသင်းကကြီးမှူးကျင်းပခဲ့သည့် ဒန့်သလွန်သီးနှင့် ရဲယိုစိုက်ပျိုး ထုတ် လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားမှ သိရသည်။

 Read More >>>>>  မြန်မာ-အိန္ဒိယနယ်စပ်ဈေး၌ ဝယ်လက်မရှိ၍ အုန်းသီးဈေးကွက်ပျက်

တိတိကျကျချိတ်ဆက်နိုင်

"ပြည်ပက ကမ်းလှမ်းတဲ့အချိန်တုန်းက အစုအဖွဲ့မရှိသေးတော့ ဗဟိုအနေနဲ့ ယေဘုယျပဲ ပြောပေးတယ်။ စိုက်ပျိုးနေတဲ့သူရှိတယ်။ သူတို့နဲ့ပဲသွားချိတ်ဆိုပြီး ပြောနေရတယ်။ အခုဆိုရင် အစုအဖွဲ့ကြီးတစ်ခု ထွက်လာပြီဆိုတော့ တိတိကျကျနဲ့ ချိတ်ဆက်လို့ ရသွားမယ်"ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးတင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောဆိုသည်။

 

ဖွဲ့စည်းခဲ့

ကုန်စည်ပြပွဲများတွင် နိုင်ငံခြားသားများက ဒန့်သလွန်နှင့် ရဲယိုသီးများကို စိတ်ဝင်စားမှုရှိ သကဲ့သို့ တောင်းဆိုမှုများလည်း ရှိခြင်းကြောင့် ပြည်ပဈေးကွက်ရရှိလာစေရန် မြန်မာနိုင်ငံ ဒန့်သလွန်သီးနှင့် ရဲယိုစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။

 

ဒေသမရွေးဖြစ်ထွန်း

ပြည်တွင်းတွင် ဒေသမျိုးထက် အိန္ဒိယနှင့် ဗီယက်နမ်တို့မှ ဒန့်သလွန်မျိုးများကို စီးပွားဖြစ် စိုက်ခင်းများဖြင့် တိုးချဲ့စိုက်ပျိုးလာကြပြီး အပူ ပိုင်းသီးနှံဖြစ်သော်လည်း ဒေသမရွေးဖြစ်ထွန်းကာ ရာသီမရွေးစိုက်ပျိုးနိုင်သကဲ့သို့ စိုက်ပျိုးပြီး ခြောက်လခန့်အကြာတွင် ခူးဆွတ်ရောင်းချနိုင်ပြီဖြစ်သည်။ သို့သော် အပူပိုင်းဒေသတွင်း စိုက်ပျိုးမှုမှာ အအေးပိုင်းဒေသစိုက်ပျိုးမှုထက် ပိုမိုဖြစ်ထွန်းလွယ်ကြောင်း သိရသည်။

 

"နိုင်ငံတကာဈေးကွက်ကို အခုမှကမ်းလှမ်း နေတုန်းပေါ့။ သူတို့ကလည်း ကြိုဆိုပါတယ်။ တောင်သူတွေကို ပျိုးပင်နဲ့ စိုက်ပျိုးရေးနည်းပညာ ကူညီပံ့ပိုးပေးသွားမယ်။ ဟိုးတလောကဆိုရင် တရုတ်(တိုင်ပေ)မှ တစ်ယောက်က ကီလို ၃၀ဝ လောက် လိုချင်တယ်ပေါ့။ အဲဒီလိုကမ်းလှမ်း ပေမယ့် ကိုယ့်ဘက်ကမပေးနိုင်ဘူး။ ဂျပန်နဲ့ ဒီနေ့မှ စကားပြောမယ်။ သူတို့ရဲ့ကမ်းလှမ်းချက် ကို ပေးနိုင်ဖို့က လိုအပ်ချက်တွေ ရှိသေးတယ်။ ဒန့်သလွန်ကို ဥရောပနိုင်ငံတွေနဲ့အာဖရိက နိုင်ငံတွေက ဓာတ်စာအနေနဲ့ အသုံးများတယ်။ ဝယ်ယူဖို့ ကမ်းလှမ်းလာတာတွေရှိတယ်။ လက်ရှိမှာ ဒန့်သလွန်အစေ့၊ အစေ့ဆီနဲ့ ကြိတ်ဖတ် တို့ကို ထုတ်လုပ်လျက်ရှိပြီး ဒန့်သလွန်ရွက် လက်ဖက်ခြောက်၊ ရေမွှေးတို့ကို ထုတ်လုပ်သွားမှာဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ဒန့်သလွန် သီးနှင့် ရဲယိုစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (ယာ ယီ) ဥက္ကဋ္ဌ ဦးမြင့်ကိုက ပြောဆိုသည်။

 

Source: MM Time

Read times Last modified on Tuesday, 12 March 2019 13:12
Rate this item
(1 Vote)