Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာ့ထိပ်တန်း မြေသြဇာ ကုမ္ပဏီက ပထမဦးဆုံး အသိပညာပေး ဆွေးနွေးပွဲကို အောင်ပန်းမြို့တွင် စိုက်ပျိုးတောင်သူ ၁,၀၀၀ ဦးဖြင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ကမ္ဘာ့ထိပ်တန်း မြေသြဇာ ကုမ္ပဏီသည် မြန်မာပြည် ဒေသ အသီးသီးရှိ စိုက်ပျိုးတောင်သူများအတွက် အသိပညာ၊

ဗဟုသုတ မျှဝေကာ ၎င်းတို့၏ စိုက်ခင်းများမှ အကျိုးအမြတ် ပိုမိုရရှိအောင် ကူညီပံ့ပိုးပေးနိုင်ရန် စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားမည့် အသိပညာပေး ဆွေးနွေးပွဲများကို စတင်လိုက်ပါတယ်။

 

၂၀၁၈ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် အရည်အသွေးမြင့် ဓာတ်မြေသြဇာပစ္စည်းများ ထုတ်လုပ်ဖြန့်ချိလျက်ရှိ သော ကမ္ဘာ့ထိပ်တန်း ယာရာ ကုမ္ပဏီသည် ယနေ့ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တွင် ကျင်းပပြုလုပ်သည့် စိုက်ပျိုးတောင်သူ ၁,၀၀၀ ဦး ပါဝင်သော ပထမဦးဆုံး အသိပညာပေး ဆွေးနွေးပွဲမှ စတင်၍ မြန်မာနိုင်ငံ ဒေသအသီးသီးမှ စိုက်ပျိုးတောင်သူများအတွက် စဉ်ဆက်မပြတ် ကျင်းပပြုလုပ်မည့် ယာရာ၏ အသိပညာပေး ဆွေးနွေးပွဲများအား စတင်လိုက်ပါတယ်။

 

ယာရာ ကုမ္ပဏီကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ တွင် မြန်မာနိုင်ငံ၌ စတင် မိတ်ဆက်ခဲ့ပြီးနောက် ထောင်ပေါင်းများစွာသော စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံကာ ၎င်းတို့၏ စိုက်ခင်းများမှ အကျိုးအမြတ် ရရှိအောင် ကူညီထောက်ပံ့ပေးရန် ရည်ရွယ်ပြီး ယခုကဲ့သို့ အသိပညာပေး ဆွေးနွေးပွဲများ ဆက်တိုက် ကျင်းပပြုလုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

ဒေသအသီးသီးရှိ စိုက်ပျိုးတောင်သူများမှာ ဒေသအလိုက် စိုက်ပျိုးသည့် သီးနှံများ မတူညီသောကြောင့် ယာရာမှ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မုံရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစရှိသည့် အထက်မြန်မာပြည် တစ်ဝန်းရှိ ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသည့် သီးနှံများနှင့် ကိုက်ညီမှုရှိသာ အသိပညာပေး ဆွေးနွေးပွဲများကို လာမည့် လများအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

အသိပညာပေး ဆွေးနွေးပွဲတိုင်းတွင် စိုက်ပျိုးတောင်သူများအတွက် သီးနှံအာဟာရ ဖြည့်တင်းခြင်းနှင့် ပတ်သက်သည့် အသိပညာ၊ ဗဟုသုတများ ရရှိနိုင်မည် ဖြစ်ပြီး ယာရာ၏ အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများအကြောင်းနှင့် အထွက်တိုးစေရန် စိုက်ပျိုးနိုင်မည့် နည်းလမ်းများကို သိရှိ နားလည်နိုင်ကြမှာ ဖြစ်ပါတယ်။

 

ယင်းအပြင် စိုက်ပျိုးတောင်သူများအား အကြံပြုညွှန်ကြားပေးနိုင်ရန်နှင့် ၎င်းတို့အတွက် အကျိုးပြုနိုင်ရန် လေ့ကျင့်သင်ကြားပေးထားသည့် ယာရာ၏ ဒေသခံ သီးနှံအာဟာရ အကြံပေး ပညာရှင်များထံမှ ပံ့ပိုးကူညီမှုများလည်း ရရှိနိုင်ကြမည်ဖြစ်ကြောင်း သိရပါတယ်။

 

ယာရာသည် အရည်အသွေးမြင့် မြေသြဇာနည်းပညာများနှင့် ဒေသခံ စိုက်ပျိုးတောင်သူများအတွက် အသိပညာ၊ ဗဟုသုတများ ဖြန့်ဝေကာ အတူတကွ ရင်းရင်းနှီးနှီး လုပ်ကိုင်ခြင်းများကြောင့် လူသိများ ကျော်ကြားခဲ့ခြင်း ဖြစ်ပါတယ်။

 

အောင်ပန်းမြို့တွင် ယနေ့ ကျင်းပပြုလုပ်သော ပထမဦးဆုံးအကြိမ် အသိပညာပေး ဆွေးနွေးပွဲကို ရှမ်းပြည်နယ်၊ ကလောမြို့၊ မြန်မာ့စိုက်ပျိုးရေးဦးစီးဌာန၏ မြို့နယ်ဒုတိယမန်နေဂျာ ဖြစ်သူ ဒေါ်သက်သက်အေးနှင့်အတူ ယာရာမြန်မာ၏ Country Manager ဖြစ်သူ Mr. Håvar Valved တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး တရားဝင် စတင်ကျင်းပခဲ့ကြောင်း သိရပါတယ်။

 

ယနေ့ အောင်ပန်းမြို့တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်သော ပထမဦးဆုံး အသိပညာပေး ဆွေးနွေးပွဲတွင် စိုက်ပျိုးတောင်သူ ၁,၀၀၀ ဦးကျော် တက်ရောက်ခဲ့ပြီး ယာရာအကြောင်းနှင့် ၎င်း၏ သမိုင်းကြောင်း ပြခန်း၊ ယာရာ၏ လက်ကမ်း စာစောင်နှင့် သီးနှံတစ်ခုချင်းစီ အလိုက် ထည့်သင့်သည့် မြေသြဇာ အချိုးအစားများ ပြခန်း၊ ယာရာ မြေသြဇာများကို အကောင်းဆုံး အသုံးချနည်း သရုပ်ဖော်ပြခန်းနှင့် ယာရာ၏ CheckIT မိုဘိုင်း အပလီကေးရှင်း အပါအဝင် ယာရာ ဒစ်ဂျစ်တယ် နည်းပညာ ပြခန်း စသည်ဖြင့်  ပြခန်း  အမျိုးမျိုးတွင် လေ့လာခဲ့ကြပါတယ်။

 

ယာရာ၏ CheckIT မိုဘိုင်း အပလီကေးရှင်းသည် စိုက်ပျိုးတောင်သူများအတွက် သီးနှံပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ပြီး မိမိတို့၏ မိုဘိုင်းဖုန်းမှတစ်ဆင့် အကြံပြုချက်များ တိုက်ရိုက်ရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ယနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် စိုက်ပျိုးတောင်သူများသည် ယာရာ၏ သီးနှံအာဟာရ အကြံပေး ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပြီး မိမိတို့ လေ့လာသိရှိခဲ့သည့် ဗဟုသုတများကို စစ်ဆေးပေးသော သီးနှံ အာဟာရ သိကောင်းစရာ အမေး၊ အဖြေ များ ပြုလုပ်ကာ ဆုလက်ဆောင်များ ရယူနိုင်ခဲ့ကြပါတယ်။

 

စိုက်ပျိုးရေး ပညာရှင်နှင့် သီးနှံအာဟာရ အကြံပေး ပညာရှင် ၂၄ ဦးဖြင့် ဖွဲ့စည်းထားသော ယာရာ အဖွဲ့သားများမှ အောင်ပန်းမြို့နယ်ရှိ အခမ်းအနားတွင် စိုက်ပျိုးတောင်သူများကို ပံ့ပိုးကူညီပေးခဲ့ပါတယ်။

 

စိုက်ပျိုးတောင်သူများအတွက် ယာရာ၏ အသိပညာပေး ဆွေးနွေးပွဲများကို ဧပြီလ ၅ ရက်နေ့တွင် ရှမ်းပြည်နယ် ရွှေညောင်မြို့၌ လည်းကောင်း၊ ဧပြီလ ၇ ရက်နေ့တွင် နောင်တရားမြို့၌ လည်းကောင်း ထပ်မံ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

ယင်းအပြင် အထက်မြန်မာပြည်ရှိ ဒေသများတွင်လည်း ယာရာ၏ အသိပညာပေး ဆွေးနွေးပွဲများ ဆက်လက် ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိကြောင်း သိရပါတယ်။

 

၁၉၀၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ အခြေစိုက် ယာရာသည် ကမ္ဘာ့ထိပ်တန်း သီးနှံအာဟာရဖြည့် နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်ပြီး ယနေ့တွင် ယာရာသည် ကမ္ဘာနိုင်ငံ အနှံ့အပြားတွင် ၀န်ထမ်းပေါင်း ၁၆,၀၀၀ ကျော်၊ တိုက်ကြီး ခြောက်တိုက်ရှိ စက်ရုံ၊ အလုပ်ရုံများ၊ နိုင်ငံပေါင်း ၆၀ ကျော်ရှိ လုပ်ငန်းများနှင့် နိုင်ငံပေါင်း ၁၆၀ တွင် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:41
Rate this item
(1 Vote)