Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထူးထူးခြားခြား တရုတ်က အိန္ဒိယဆန်ကို နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် တင်သွင်း

တရုတ်နိုင်ငံက  နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း အိန္ဒိယမှဆန်ကို ပထမဆုံးအကြိမ်တင်သွင်း လိုက်ပါတယ်။

နှစ်နိုင်ငံ နယ်စပ်ဒေသအငြင်းပွားမှုကြောင့် အိန္ဒိယနှင့်တရုတ်နိုင်ငံအကြား တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေသည့်အချိန်တွင် ယခုလို ဆန်တင်သွင်းလိုက်ခြင်း ဖြစ်ပါတယ်။ 

 

 အိန္ဒိယနိုင်ငံက ကမ္ဘာပေါ်မှာ ဆန်အများဆုံး တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံက ကမ္ဘာပေါ်မှာ ဆန်အများဆုံး တင်သွင်းတဲ့ နိုင်ငံ ဖြစ်ပါတယ်။ တရုတ်နိုင်ငံက တစ်နှစ်လျှင် ပျမ်းမျှ ဆန်တန်ချိန် ၄ သန်း ဝန်းကျင် တင်သွင်းပါတယ်။ ဒါပေမဲ့  ကမ္ဘာပေါ်မှာ ဆန်အများဆုံး တင်ပို့တဲ့ အိန္ဒိယနိုင်ငံမှ တင်သွင်းခြင်း မပြုခဲ့ပါဘူး။ အိန္ဒိယနိုင်ငံမှ ဆန်အရည်အသွေးကို သံသယရှိလို့ ဖြစ်ပါတယ်။ 

ဆန်တင်ပို့သူများအသင်း Rice Exporters Association ဥက္ကဋ္ဌ B.V. Krishna Rao က “ တရုတ်က ဆန်ကို ပထမဆုံးအကြိမ် ဝယ်ယူခဲ့တယ်။ အိန္ဒိယဆန် အရည်အသွေးကို မြင်ပြီးရင် နောက်နှစ်မှာ ပိုတိုးပြီး ဝယ်လိမ့်မယ်” လို့ ဆိုပါတယ်။

 

တရုတ်နိုင်ငံက ဆန်ဝယ်နေကျ နိုင်ငံတွေက ထိုင်း၊ ဗီယက်နမ်၊ မြန်မာနဲ့ ပါကစ္စတန် တို့ ဖြစ်ပါတယ်။ ယခုအခါမှာ ဆန်တစ်တန်အတွက် ခေါ်ဈေးက အိန္ဒိယဆန်ထက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၃၀ ပိုများပါတယ်။ အဲဒါကြောင့် ဈေးချိုတဲ့ အိန္ဒိယထံမှ ဆန်ကို ဝယ်တာ ဖြစ်မယ်လို့လည်း ဆန်ကုန်သည်တွေက သုံးသပ်ပါတယ်။

ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်း ဆန်ကွဲတန်ချိန် ၁၀၀,၀၀၀ တင်ပို့ဖို့အတွက် သဘောတူစာချုပ် ချုပ်ဆိုထားပြီးပြီ ဖြစ်ပြီ ဈေးနှုန်းက တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၀၀ ဝန်းကျင် ဖြစ်ပါတယ်။ ဆန်ကွဲကို ဆန်ကြာဆံ ထုတ်လုပ်ရန်နဲ့ အရက်ချက်ရန် ကုန်ကြမ်းအဖြစ် သုံးစွဲပါတယ်။ 

 

All India Rice Exporters Association (AIREA) ရဲ့ ထုတ်ပြန်ချက်အရ ဘာစမာတီဆန် တန်ချိန် ၂.၈ သန်းနဲ့ ဘာစမာတီ မဟုတ်တဲ့ဆန် တန်ချိန် ၆.၁ သန်းကို ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကာလအတွင်း တင်ပို့ခဲ့ပါတယ်။ 

#Myanmar  Food Guide

Read times
Rate this item
(0 votes)