Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အရည်အသွေးပြည့်ထောပတ်သီးအများအပြားကို ၀ယ်ယူရန် တရုတ်ကုန်သည်များ ကမ်းလှမ်းထားဟုဆို

မြန်မာနိုင်ငံမှ ထွက်ရှိ သည့် ထောပတ်သီးများအရည် အသွေးပြည့်မီပါက ထွက်သမျှ အကုန်ဝယ်ယူမည်ဟု

တရုတ် ကုန်သည်များက ကမ်းလှမ်းထား ကြောင်း ထောပတ်သီးအသင်းအ တွင်းရေးမှူး ဦးလင်းသန့်မောင်က ပြောသည်။ 

 

လက်ရှိတွင် တစ်ပိုင် တစ်နိုင်စိုက်ပျိုးထားသည့် ထော ပတ်သီးပင်များ ခူးဆွတ်ရောင်းချ မှုများရှိသော်လည်း ထောပတ် စနစ်တကျစိုက်ပျိုးထားသည့် စီး ပွားဖြစ်ခြံများမှ အသီးများထွက်ရှိ ရန် ၂ နှစ်ခန့် လိုသေးကြောင်း ၎င်းကဆိုသည်။ 

 

‘‘ကျွန်တော်တို့ အသင်းအ နေနဲ့ စီးပွားဖြစ်စိုက်ခင်းတွေကို နိုင်ငံခြားက၀ယ်လက်တွေနဲ့ ချိတ် ထားပြီးသားဖြစ်အောင် ကြိုးစား ပေးနေပါတယ်။ တရုတ်ကတော့ ထွက်ရင်ထွက်သလောက် အကုန် ယူမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကမ်းလှမ်း ထားတယ်’’ဟု ဦးလင်းသန့်မောင် က ပြောသည်။ 

 

မြန်မာတစ်နိုင်ငံလုံးကထွက် ရှိသည့် ထောပတ်သီးသည် လူဦးရေများသည့် တရုတ်နိုင်ငံ တွင်မြို့ကြီးတစ်မြို့၏ စားသုံးမှု နှုန်းသာ ရှိနိုင်ကြောင်း၊ မြန်မာ နိုင်ငံထွက်စံချိန်မီ ထောပတ်သီး များဝယ်ယူရန် တရုတ်နိုင်ငံက အဓိက ကမ်းလှမ်းထားပြီး ထိုင်း၊ တိုင်ပေ၊ စင်ကာပူနိုင်ငံတို့က လည်း ကမ်းလှမ်းမှုရှိကြောင်း ၎င်း ကဆိုသည်။ 

 

ပြည်တွင်းထွက် ထောပတ် သီးများကို တရုတ်နိုင်ငံနှင့် ထိုင်း နိုင်ငံသို့ အဓိက တင်ပို့နေပြီး ထိုင်းနိုင်ငံမှ တစ်ဆင့်ကမ္ဘောဒီး ယားနိုင်ငံသို့ ရောင်းချမှုများလည်း  ရှိသည်ဟု ဦးလင်းသန့်မောင်က ပြောသည်။ 

 

လက်ရှိတွင် ပြည်တွင်း ဈေးကွက်၌ အရည်အသွေး  ကောင်းမွန်သည့် ထောပတ်သီး တစ်လုံးလျှင် ကျပ် ငါးရာခန့် ပေါက်ဈေးရှိသည်ဟု ၎င်းကပြော သည်။ 

 

မြန်မာနိုင်ငံတွင် စိုက်ပျိုး သည့် ထောပတ်သီးစိုက်ခင်း များအနက်လက်ရှိတွင် သီးနေပြီ ဖြစ်သည့် ငါးနှစ်သက်တမ်းနှင့် အထက် ထောပတ်စိုက်ဧက ငါးထောင်ခန့်ရှိပြီး သက်တမ်း ငါးနှစ်အောက် ထောပတ်သီး စိုက်ဧကသုံးသောင်းခန့် ရှိ ကြောင်း ထောပတ်သီးအသင်း စာရင်းများ၌ ဖော်ပြထားသည်။ 

 

မြန်မာနိုင်ငံတွင် စိုက်ပျိုး သည့် ထောပတ်သီးမျိုးကွဲ တစ်ထောင်ကျော်ခန့်ရှိပြီး ထော ပတ်သီးများကို ရှမ်းပြည်နယ် တောင်ပိုင်းတွင် အများဆုံးစိုက် ပျိုးကာ ချင်းပြည်နယ်နှင့် စစ်  ကိုင်းတိုင်းတွင်လည်း စိုက်ပျိုး ကြောင်း ရှမ်းပြည်နယ်ထောပတ် သီး အသင်းဥက္ကဋ္ဌ ဦးခွန်ထွန်းထွန်း  ၀င်းက ပြောသည်။ 

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:47
Rate this item
(0 votes)