Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စားသောက်ကုန်များကို အချိန်အတွယ်ဖြင့် ဝယ်ယူ စားသုံးခြင်းထက် FDA နှင့် ထုတ်ကုန်ပစ္စည်း ကိုယ်ပိုင်အမှတ်တံဆိပ် ပါရှိသည်ကို ရွေးချယ် ဝယ်ယူသင့်

စားသုံးဆီအပါအဝင်  စားသောက်ကုန်များ ဝယ်ယူရာတွင်    အချိန်အတွယ်ဖြင့် ဝယ်ယူခြင်းထက် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန

(FDA-Myanmar) အမှတ်တံဆိပ်နှင့် ထုတ်ကုန်ပစ္စည်းများ၏    ကိုယ်ပိုင်အမှတ်တံဆိပ် ပါရှိမှသာ ရွေးချယ်ဝယ်ယူ သုံးစွဲသင့်ကြောင်း  FDA ဒုတိယညွှန်ကြားရေးမှူး  ဒေါက်တာ ထွန်းလင်းအောင် ထံမှ သိရသည်။

 

FDA မှ ဈေးအသီးသီးသို့ လှည့်လည် စစ်ဆေးခဲ့ရာ  ငါးပိ၊ ငရုတ်သီးမှုန့်နှင့် ချင်း  စသည့် စားသောက်ကုန်တို့၌ ပန်းရောင် ဆိုးဆေး၊လက်ဖက်တွင် အဝါရောင်ဆိုးဆေး၊ ပဲနီလေးနှင့် ယိုစုံများတွင် လိမ္မော်ရောင် ဆိုးဆေး၊ အရောင်တင်မှုန့်များတွင်   အနီရောင်ဆိုးဆေးများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

''အဓိကအများဆုံး တွေ့တာကတော့ ငါးပိထဲမှာပါ။ ငါးနဲ့လုပ်ထားတဲ့  ငါးပိရဲ့ပင်ကို အရောင်က  မည်းကြုတ်ကြုတ်ပါ။  ဒါကို ပန်းရောင် သန်းနေရင်တော့ ဆိုးဆေး ပါဝင်မှု  နှုန်းများနေတာပါပဲ။ ဒါကြောင့် စားသုံးသူတွေက ရောဂါ မဖြစ်ရလေအောင်  အချိန်အတွယ်နဲ့ အလွတ်ဝယ်စားတာထက်စာရင် FDA ထောက်ခံချက်လည်းပါ၊ ကုန်ပစ္စည်းရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်လည်း ပါတာတွေကို  ရွေးချယ်ဝယ်ယူ စားသုံးသင့်ပါတယ်။  ဆီကအစပေါ့။ 

 

ကုန်ပစ္စည်းတွေမှာ FDA ထောက်ခံချက်အမှတ် ဘယ်လောက်ဆိုပြီး   အမှတ်တံဆိပ် ထောက်ခံချက်တွေ ပါမယ်။အဲဒါတာတွေကို ကြည့်ရှုပြီးတော့ ဝယ်ယူတာက အကောင်းဆုံးပါပဲ။  ဖြစ်နိုင်ရင် အရောင်မပါတဲ့ အစားအစာတွေကိုပဲ    ရွေးချယ် စားသုံးမယ်ဆိုရင် ရောဂါကင်းတာပေါ့''  ဟု  ဒေါက်တာထွန်းလင်းအောင် ကပြောသည်။ 

 

စားသုံးသူအများစုသည် အရသာထက်  အရောင်အသွေးကို အထူးအလေးထားကာ ဝယ်ယူစားသုံးလေ့ရှိပြီး  ယင်းကဲ့သို့ စားသုံးခြင်းသည်   အစားအစာ ဘေးကင်းလုံခြုံမှုများကို ခြိမ်းခြောက်လျက်ရှိသည်။

 

စားသုံးကုန်များတွင် အသုံးပြုနေကြသည့် စားသုံးခွင့်မပြုသော  အရောင်ဆိုးဆေးများကြောင့် စားသုံးစတွင်   ဓာတ်မတည့်သည့်အတွက်  မူးဝေခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောခြင်း  စသည့် အစာအဆိပ်သင့် လက္ခဏာများ ဖြစ်ပွားတတ်ပြီး   တာရှည် စားသုံးသည်နှင့်အမျှ အူမကြီးကင်ဆာမှစ၍ ကင်ဆာရောဂါများ   ဖြစ်ပွားနိုင်ကြောင်း  သိရသည်။  

 

Source: Myawady

Read times
Rate this item
(1 Vote)