Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကော့သောင်းမြို့တွင် ကမ်းနီးကမ်းဝေး ငါးဖမ်းငါးသယ် ရေယာဉ်များ ဆိုက်ကပ်စစ်ဆေးမည့် နိုင်ငံပိုင် တံတားတစ်စင်း ဆောက်လုပ်ပြီးစီး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ ငါးတင် ငါးချရန်နှင့် ရေထွက်ကုန်ပစ္စည်းများ စစ်ဆေးနိုင်ရန်အတွက်

FREE ON BOAT (FOB) စစ်ဆေးရေး တံတားတစ်စင်းကို ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်အတွင်းရှိ ကမ်းနီးကမ်းဝေး ငါးလုပ်ငန်းကုမ္ပဏီများ တည်ရှိရာရေလုပ်ငန်းဇုံတွင် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့အနေဖြင့် ရေထွက်ကုန်တင်ပို့ရောင်းချမှုဖြင့် နိုင်ငံတော်အတွက် နှစ်စဉ် နိုင်ငံခြားငွေရှာဖွေပေးရာ မြို့ဖြစ်သော်လည်း ယခင်ကရေထွက်ကုန်ပစ္စည်း တင်ချ စစ်ဆေးရန် နိုင်ငံတော်ပိုင် ဆိပ်ခံဘောတံတားမရှိခဲ့သည့် အတွက် ပုဂ္ဂလိကပိုင် ဆိပ်ခံတံတားများတွင် လုပ်ငန်းအဆင်ပြေစေရေး ဆိုက်ကပ်စစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး ငါးလှေများစစ်ဆေးရာတွင် လုပ်ငန်းကြန့်ကြာမှုများ ဖြစ်ပေါ်နေသဖြင့် ယခုနှစ် မေလအတွင်းက စတင်ကာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျပ်သိန်းတစ်သောင်းဖြင့် ချဉ်းကပ်လမ်း အရှည်၅၀ပေ၊ အကျယ်၂၀ပေ နှင့် ဆိပ်ခံတံတားအရှည်ပေ ၂၀၀၊ အကျယ် ပေ ၅၀ ရှိ သံကူကွန်ကရစ် တံတားအား ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ တာဝန်ယူကာ တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။

ကော့သောင်းခရိုင်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ မကျရောက်မီ ယခင်ကာလများက တစ်နေ့လျှင် ပျမ်းမျှ ငါးလှေ (၃၁)စီးခန့်ဖြင့် ငါးတန်ချိန်တစ်ထောင်ကျော်ကို ထိုင်းနိုင်ငံ ငါးဈေးကွက်သို့ တင်ပို့နိုင်ခဲ့ကာ တစ်နေ့နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ (ဝ.၈၉၅)သန်း ခန့်ရှာဖွေ ပေးနိုင်ခဲ့ကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။ ယခု ရောဂါထိန်းချုပ်မှုကာလအတွင်း ရေလုပ်ငန်းများ ရပ်နားထားရပြီး လာမည့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ ရေလုပ်ငန်းများပြန်လည် ဖွင့်လှစ်ချိန်တွင် ကမ်းနီးကမ်းဝေး ငါးဖမ်း ရေယာဉ်များနှင့် ငါးသယ်ရေယာဉ်များ FREE ON BOAT (FOB) ဆိပ်ကမ်းရောက် တန်ဘိုးစစ်ဆေးမှု လုပ်ငန်းများကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နိုင်ငံခြားသို့ အရည်အသွေး စံချိန်မီ ရေထွက်ပစ္စည်းတင်ပို့နိုင်မှု ပိုမိုကောင်းမွန်လာကာ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာနိုင်ပြီး ဒေသတွင်း အသေးစားလက်လုပ်လက်စား ရေလုပ်ငန်း လုပ်ကိုင်သူများနှင့် ဆက်စပ် အခြေခံလူတန်းစားများလည်း အလုပ်အကိုင်အခွင့်အလမ်း ပိုပိုပေါ်ထွန်းလာမည်ဖြစ်ကြောင်းလည်း သိရသည်။

MDN

Read times
Rate this item
(0 votes)