Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဝယ်လိုအား နည်းပါးနေသောကြောင့် ဈေးကွက်အတွင်း ဆန်ဈေး ကျဆင်းနေ

ရန်ကုန်ဘုရင့်နောင်ဈေးကွက်သို့   ဆန်အဝင်နည်းပါးနေသော်လည်း  ဝယ်လိုအားနည်းပါးနေသောကြောင့် ဈေးကွက်အတွင်း  ဆန်ဈေးများ ကျဆင်းနေကြောင်း မြန်မာနိုင်ငံ  ဆန်စပါး ကုန်သည်များအသင်း (ဘုရင့်နောင်) အတွင်းရေးမှူး  ဦးသန်းဦး၏ ပြောဆိုချက်အရ သိရသည်။

 

ယနေ့တွင်   ဘုရင့်နောင်ဈေးကွက်သို့  ဆန်အိတ်ရေ ငါးသောင်းဝန်းကျင် ဝင်ရောက်လျက်ရှိကာ  ပြီးခဲ့သည့် တစ်ပတ်က  တစ်အိတ်လျှင် ငွေကျပ် ၁၇၇ဝဝ  ဝန်းကျင်ရှိခဲ့သည့် ၂၅ မှတ်ဆန်သား ၆၅ တစ်အိတ်လျှင် ငွေကျပ် ၁၇၂ဝဝ အထိ ဈေးနှုန်းကျဆင်းခဲ့ပြီး  ဆန်သား  ၈၅၊ ၉ဝ ရှယ်စ တစ်အိတ်လျှင် ငွေကျပ် ၁၉၅ဝဝ ရှိခဲ့ရာမှ ငွေကျပ် ၁၈၇ဝဝ သို့ လည်းကောင်း၊ ဆန်ကွဲဈေးနှုန်းမှာ ၂၃၄  တစ်အိတ်လျှင်   ယခင် ငွေကျပ် ၁၅ဝဝဝ ရှိခဲ့ရာမှ    ငွေကျပ် ၁၄ဝဝဝ သို့ လည်းကောင်း၊ ဆန်ကွဲအကြီး တစ်အိတ်လျှင် ယခင် ငွေကျပ် ၁၆ဝဝဝ ရှိခဲ့ရာမှ ငွေကျပ် ၁၅၁ဝဝ သို့ လည်းကောင်း ဈေးနှုန်းကျဆင်းနေကြောင်း သိရသည်။

 

''အဲဒီဈေးက အနိမ့်ဈေးလို့ပြောလို့ရတယ်။ အရောင်းအဝယ်က ပုံမှန်ပြန်ဖြစ်နေပါတယ်။ ဆန်ကွဲဈေးကတော့  ကျဆင်းသွားတယ်။ ဆန်ဈေးက  ကျတဲ့ဈေးမှာ  ပုံမှန်ဖြစ်သွား တယ်။ ဆန်ဈေးက တစ်ပတ်အတွင်းမှာတင် တစ်အိတ်ကို ငွေကျပ် ၄ဝဝ လောက် ကျဆင်းသွားတယ်''ဟု ဦးသန်းဦး ကပြောသည်။

 

ယခုတစ်ပတ်အတွင်း   သင်္ဘောတင်ရန်   အနည်းငယ် ဝယ်ယူလျက်ရှိပြီး    လာမည့် တစ်ပတ်အတွင်း ရောင်းလိုအားများနေပါက   ဈေးကွက်အတွင်း အရောင်းအဝယ် ဆက်လက် အေးနိုင်ကြောင်း သိရသည်။

 

Read More >>>>>  ရေငန်ငါးများ မွေးမြူပြီး ဥရောပသို့ တင်ပို့နိုင်ပါက ဈေးကွက်အား ကောင်းလာနိုင်

 

''တကယ်လို့    ရောင်းလိုအားများသေး တယ်ဆိုရင် ဈေးကတော့ နည်းနည်း ထပ်အေးစရာရှိပါတယ်။ တကယ်တမ်းကျတော့ ဒီဈေးတွေက အောက်ဈေးတွေဖြစ်နေလို့ တောင်သူတွေရော စက်ပိုင်တွေ အနေနဲ့ပါ တွက်ခြေ မကိုက်ပါဘူး'' ဟု ဦးသန်းဦး ကပြောသည်။

 

ဘုရင့်နောင်ဈေးကွက်သို့ ပုံမှန်အားဖြင့် တစ်ရက်လျှင် ဆန်အိတ်ရေ တစ်သိန်းကျော်   ဝင်ရောက်နေပြီး လတ်တလောတွင် အဝင်နည်းနေခြင်းဖြစ်ကာ အဓိကအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့်  ရန်ကုန် တိုင်းဒေသကြီးတို့မှ    အများဆုံး ဝင်ရောက်နေကြောင်း သိရသည်။

 

Source: Myawaddy

Read times Last modified on Thursday, 16 May 2019 10:57
Rate this item
(2 votes)