Food & Livestock



ယူကရိန်းဂျုံ တင်သွင်းမှုအပေါ် ရိုမေးနီးယားလယ်သမားများ ကန့်ကွက်ဆန္ဒပြ

ယူကရိန်းဂျုံ တင်သွင်းမှုအပေါ်  ရိုမေးနီးယားလယ်သမားများ ကန့်ကွက်ဆန္ဒပြ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ယူကရိန်းဂျုံ တင်သွင်းမှုအပေါ် ကန့်ကွက်တဲ့အနေနဲ့ ရိုမေးနီးယားလယ်သမားတွေက နယ်စပ်ကို ပိတ်ဆို့လိုက်ပါတယ်။

.

ရိုမေးနီးယားလယ်သမားများသည် စျေးပေါသော ယူကရိန်းဂျုံများ ဝင်လာခြင်းကြောင့်  ပြည်တွင်းဈေးကွက်မှာ ဈေးကျတဲ့အပြင် အလျှံပယ် ဖြစ်လာတာကြောင့် ကန့်ကွက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။

.

ယူကရိန်း ဂျုံတင်သွင်းမှု စျေးနှုန်းအပေါ်  ရိုမေးနီးယားတစ်ဝှမ်း လယ်သမားထောင်ပေါင်းများစွာက သောကြာနေ့ (ဧပြီ ၇)တွင် ဆန္ဒပြခဲ့ကြသည်။

နယ်ခြားစစ်ဆေးရေးဂိတ်များတွက် လယ်ထွန်စက်များ၊ ထရပ်ကားများ ရပ်ထားပြီး လမ်းပိတ်ဆို့ထားကြပါတယ်။ ဥရောပကော်မရှင်မှ တာဝန်ယူ ဖြေရှင်းပေးဖို့ တောင်းဆိုကြပါတယ်။

.

စျေးပေါသော ယူကရိန်းဂျုံ တင်သွင်းမှု အလျှံပယ်ဖြစ်နေတာကြောင့် ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ လယ်သမားများအကြား မကျေမနပ် ဖြစ်နေတာ ပိုများလာခဲ့ပါတယ်။

.

ယူကရိန်းဂျုံ တင်သွင်းမှုအပေါ် သွင်းကုန်ခွန် စည်းကြပ်ခြင်းကို ၂၀၂၄ ဇွန်လအထိ ကင်းလွတ်ခွင့် ပေးထားတာကြောင့် ပြည်တွင်းဂျုံဈေးနှုန်း ဈေးကျတံ့အတွက် ဂျုံစိုက်တဲ့ လယ်သမားတွေ ဝင်ငွေထိခိုက်တဲ့အပြင် ဂျုံတွေ အလျှံပယ် ဖြစ်လာလို့ လယ်သမားတွေ လက်ထဲရှိနေတဲ့ ဂျုံတွေ ရောင်းဖို့လည်း ခက်လာပါတယ်။ 

.

ယူကရိန်းက ကမ္ဘာပေါ်တွင် ဂျုံအများဆုံးတင်ပို့သည့် နိုင်ငံများထဲမှာ ပါဝင်ပါတယ်။

.

ဥရောပသမဂ္ဂမှ ပံ့ပိုးထားသော "စည်းလုံးညီညွတ်ရေးလမ်းကြောင်းများ" ဖြင့် ယူကရိနိးဂျုံကို အိမ်နှီးနားချင်း ပိုလန်နှင့် ရိုမေးနီးယားနိုင်ငံများထံ နယ်စပ်မှတစ်ဆင့် တင်ပို့ပါတယ်။

၎င်းနိုင်ငံများမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်ထဲသို့ ဆက်လက်တင်ပို့ရန် ရည်ရွယ်သော်လည်း လက်တွေ့မှာတော့ အိမ်နီးနားချင်းနိုင်ငံတွေမှာ ယူကရိန်းဂျုံများ စုပုံနေပါတယ်။ 

.

ပိုလန်နှင့် ဘူဂေးရီးယား လယ်သမားများကလည်း ဆန္ဒပြကြပါတယ်။

ယူကရိန်းဂျုံ ပြဿနာကြောင့် ပိုလန်စိုက်ပျိုးရေးဝန်ကြီး Henryk Kowalczyk ယခု သီတင်းပတ်မှာ ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။ 

.

မြို့တော် ဘူခါရက်စ်တွင် ဧပြီ ၇ ရက်မှာ လယ်သမား ၂၀၀ ခန့် ဥရောပကော်မရှင် ဒေသဆိုင်ရာ ရုံးချုပ်အပြင်ဘက်တွင် ဆန္ဒပြခဲ့ကြပါတယ်။ 

.

"ငါတို့က အီးယူ စည်းမျဉ်းတွေကို လေးစားပေမယ့် EU က ငါတို့ကို လျစ်လျူရှုခဲ့တယ်"

"ဒီက‌နေ ဂျုံတွေ ဖြတ်သန်းသယ်ဆောင်ခြင်း မပြုရ"

"ရိုမေးနီးယား လယ်သမားများကို ဘဝတည်ငြိမ်မှု ပေးပါ"

အစရှိတဲ့ စာတန်းများ ကိုင်စွဲပြီး ဆန္ဒပြကြပါတယ်။

.

နိုင်ငံတစ်ဝှမ်း အဝေးပြေးလမ်းများနှင့် နယ်ခြားမှာ လယ်ထွန်စက်များ၊ ထရပ်ကားများ၊ လာ်ယာသုံးယန္တရားများ ရပ်ထားပြီး လမ်းပိတ်ဆို့ခဲ့ကြပါတယ်။ 

.

"ကျွန်တော်တို့ရဲ့ ယူကရိန်း လုပ်ဖော်ကိုင်ဖက်များ က ဂျုံတွေ ရောင်းချဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ မမျှတသော ပြိုင်ဆိုင်မှု ဖြစ်နေပါတယ်" လို့ ရိုမေးနီယား လယ်သမား အစည်းအရုံးခေါင်းဆောင် Nicu Vasile က ပြောကြားပါတယ်။

ဂျုံထုတ်လုပ်မှု ကုန်ကျစရိတ်  တစ်နှစ်လျှင် ၇၀% တက်လာပြီး တစ်ဟက်တာလျှင် ကန်ဒေါ်လာ ၁,၃၂၆ အထိ ရှိကြောင်း Vasile မှ ပြောကြားပါတယ်။ 

ဈေးပေါတဲ့ ယူကရိန်းဂျုံတွေ ဝင်လာတာကြောင့် ပိုလန်၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ဘူလ်ဂေးရီးယား၊ ဆလိုဗက်ကီးယားတို့မှ လယ်သမားများ ကန်ဒေါ်လာ ၄၅၅ သန်း ဆုံးရှုံးခဲ့တယ်လို့ ဉရောပ ကော်မရှင်က ခန့်မှန်းပါတယ်။ 

.

ပိုလန်၊ ဘူဂေးရီးယားနှင့် ရိုမေးနီးယားတို့မှ လယ်သမားများကို ပထမအသုတ်မှာ ယူရို ၅၆.၃ သန်း လျော်ကြေးငွေကို ပေးအပ်ရန် ဥရောပကော်မရှင်က ဆုံးဖြတ်ခဲ့ပြီး နောက်ထပ်လည်း ပေးပါဦးမယ်။  ပမာဏက နည်းလွန်းနေတဲ့အတွက် မကျေနပ်ကြပါ။

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Sunday, 09 April 2023 17:44
Rate this item
(0 votes)