Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယ အဝယ်ရှိလာ၍ မတ်ပဲနှင့် ပဲစင်းငုံဈေး ပြန်တက်

အိန္ဒိယနိုင်ငံမှ ဝယ်လို အားရှိလာခြင်းကြောင့် သင်္ကြန် အပြီး ပြည်တွင်းဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံဈေး ပြန်လည် မြင့်တက်လာကြောင်း မြန်မာနိုင် ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

 

အိန္ဒိယအစိုးရက မြန်မာနိုင်ငံ မှ တရားဝင်ပဲတင်သွင်းရန် သွင်း ကုန်လိုင်စင်များ ချထားပေးခြင်း၊ ပဲလက်ကျန်နည်းခြင်းကြောင့် မတ်ပဲ တစ်တန်လျှင် ကျပ် ခြောက်သောင်းကျော်၊ ပဲစင်းငုံတစ်တန်လျှင် ကျပ်တစ်သိန်းကျော် ဈေးမြင့်တက်လာသည်။

 

‘‘အိန္ဒိယမှာလည်း ပဲလိုအပ် ချက်ရှိနေတယ်’’ဟု ဦးမင်းကိုဦး က ပြောသည်။ အိန္ဒိယနိုင်ငံတွင် လည်း မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း ဆက်လက်မြင့်တက်နေသည်ဟု ၎င်းက ဆိုသည်။

 

သင်္ကြန်မတိုင်မီက မတ်ပဲ တစ်တန်လျှင် ကျပ်ခုနစ်သိန်းခွဲ ဈေးရှိသော်လည်း ဧပြီလကုန်တွင် တစ်တန်လျှင် ကျပ်ရှစ်သိန်း တစ်သောင်းကျော်သို့ ဈေးပြန် တက်လာသည်။

 

ထို့အတူ ပဲစင်းငုံကလည်း ကျပ်ရှစ်သိန်းခန့်မှ ကိုးသိန်းခွဲသို့ ဈေးတက်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦးက ပြောသည်။

 

ယခုနှစ် မြန်မာနိုင်ငံ၏မတ်ပဲ အထွက်နှုန်းက တန်ချိန်သုံးသိန်း ခန့်သာရှိခြင်း၊ ပါကစ္စတန်ကဲ့သို့ အခြားနိုင်ငံများမှလည်း ပဲအဝယ် ရှိနေခြင်းကြောင့် ဈေးနှုန်းများစွာ မကျနိုင်ကြောင်း ၎င်းက ပြောသည်။

 

အိန္ဒိယအစိုးရက ပြည်ပမှ မတ်ပဲတန်ချိန်တစ်သိန်းခွဲ၊ ပဲစင်း ငုံတန်ချိန်နှစ်သိန်း တင်သွင်းမည်ဟု ကြေညာချက်ထုတ်ပြန်ပြီး နောက် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းများ ပြန်လည်မြင့်တက် လာသည်။

 

၂၀၁၈ နှစ်ကုန်ပိုင်းတွင်လည်း အိန္ဒိယ၌ မိုးရာသီတွင် စိုက်ပျိုးသော မတ်ပဲ၊ ပဲစင်းငုံအထွက်နည်းခြင်းကြောင့် အိန္ဒိယအစိုးရက အထူးလိုင်စင် ချထားပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပမှ ပဲထပ်မံတင်သွင်းရသည်။

 

Source: 7 day news

Read times
Rate this item
(1 Vote)