Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နှစ်လကျော်ကာလအတွင်း မြန်မာနိုင်ငံမှ ဆန်မက်ထရစ်တန်ချိန် ၅ သိန်းကျော် ပြည်ပသို့ တင်ပို့ထား

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့မှုသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း စုစုပေါင်း ဆန်မက်ထရစ်တန်ပေါင်း ၅၂၀,၈၈၄ ဒသမ ၆၅၀ တင်ပို့ထားပြီး

ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၉၆ ဒသမ ၅၃၃ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်(MRF) ထံမှ သိရသည်။ 

MRF အမှုဆောင်အရာရှိချုပ် ဦးမြင့်လွင်က “တကယ်တမ်းကတော့ လက်ရှိတင်နေတဲ့ဟာက ပုံမှန်လို့တော့ ပြောလို့ရတယ်။ သို့သော်လည်း ကာလတူ နှိုင်းယှဉ်လိုက်တော့ ယခင်နှစ်နဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ဆန်တန်ချိန် နှစ်သိန်းခွဲလောက် လျော့နေတာ တွေ့ရတယ်။ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ပင်လယ်ရေကြောင်းရော နယ်စပ်မှာရော နှစ်ခုလုံးမှာ သွားပြီး နည်းနေတာပေါ့။ ဒီကာလလေးကို မနှစ်က သုံးသပ်ကြည့်တဲ့အခါမှာ မနှစ်ကရဲ့ ဒီကာလလေးက တော်တော်ကို တင်ပို့မှု အရှိန်အဟုန်လေး ကောင်းခဲ့တယ်။ အဲဒီအခြေအနေနဲ့ နှိုင်းယှဉ်ရတာ ဖြစ်တဲ့အတွက် နည်းနည်းလေး ကွာဟချက် ရှိတဲ့သဘောလည်း သွားတွေ့ရတယ်။”ဟု ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာလ ၁၈ ရက်အထိ နိုင်ငံ ၂၉ နိုင်ငံသို့ ဆန်တင်ပို့မှုမှာ မက်ထရစ်တန်ပေါင်း ၃၄၅,၅၉၇ ဒသမ ၂၅၀ နှင့် နိုင်ငံ ၁၅ နိုင်ငံသို့ ဆန်ကွဲတင်ပို့မှုမှာ မက်ထရစ်တန်ပေါင်း ၁၇၅,၂၈၇ ဒသမ ၄၀၀ တန် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၉၆ ဒသမ ၅၃၃ ရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆန်တင်ပို့မှုများအနက် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်မက်ထရစ်တန်ပေါင်း ၃၇၂,၅၆၄ ဒသမ ၃၀၀ တန် နှင့် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ဆန်မက်ထရစ်တန်ပေါင်း ၁၄၈,၃၂၀ ဒသမ ၃၅၀ တန်တို့ ပါဝင်ကြောင်း သိရသည်။ 

 

မြန်မာနိုင်ငံမှ ယခုဘဏ္ဍာနှစ် ဒီဇင်ဘာ ၁၈ ရက်အထိ ဆန်အများဆုံး တင်ပို့ထားသည့် နိုင်ငံများမှာ

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊

ဖိလစ်ပိုင် နိုင်ငံ ၊

မလေးရှား နိုင်ငံ ၊

ပိုလန်နိုင်ငံ နှင့်

ဗီယက်နမ်နိုင်ငံတို့ ဖြစ်ပြီး

ဆန်ကွဲအများဆုံး တင်ပို့သည့် နိုင်ငံများမှာ

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊

ဘယ်လ်ဂျီယံနိုင်ငံ ၊

ထိုင်းနိုင်ငံ ၊

အင်ဒိုနီးရှားနိုင်ငံ နှင့်

နယ်သာလန်နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။ 

(Xinhua)

 

rice_export_1.jpg

 

rice_export_2.jpg

 

rice_export_3.jpg

 

 

Read times Last modified on Wednesday, 30 December 2020 21:15
Rate this item
(0 votes)