Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဝဥများကို ဝပေါင်း ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု ဝင်ငွေရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၌ မိုးရာသီတွင် သဘာဝအလျောက် ပေါက်ရောက်လေ့ ရှိသည့် ဝပင်များမှ 

ဝဥများ တူးဖော်၍ ဝပေါင်းပြုလုပ် ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိကြောင်း ဒေသတွင်း ဝပေါင်းပြုလုပ်ရောင်းချ သူများထံမှ သိရပါတယ်။

 

ကသာဒေသတစ်ဝိုက်ရှိ ဝပင်များမှာ ဧပြီလမှစတင်ကာ တောင်စောင်း၊ တောင်ကြား ဖုန်းဆိုးတောများ၌ပေါက်ရောက်ပြီး ဝပင်ပုံသဏ္ဌာန်မှာ အပင်အမြင့် ၅ ပေခန့်နှင့် ပင်စည်တုတ်၊ အရွက်ဖား၊ တစ်ပင်တိုင် အပင်အမျိုးအစားဖြစ်ပါတယ်။

 

''ဝပင်က အလေ့ကျပေါက်တာ။ တကူးတက စိုက်တာမျိုးတော့ မရှိသေးဘူး။ နဘား-ကသာသွားလမ်း တောထဲမှာလည်း တွေ့ပါတယ်။ ဝဥမှာ အဖြူ၊ အနီ၊ အဝါမျိုးတို့ ရှိတယ်ဆိုပေမယ့် ကသာဘက်မှာတော့ ဝဥအနီကိုမသုံးဘူး။ အဝါက တူးလိုက်ရင် အသားချောနေတာ။ အနီကဗြုတ်တွေနဲ့ အဝါဥကိုပဲ ပြုလုပ်ရောင်းချတာပါ''ဟု ဝပေါင်းပြုလုပ်ရောင်းချသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ဝပင်မှ တူးယူရရှိသော ဝဥများကို ရေစင်အောင်ဆေး၍ ပြုတ်ပြီး ညက်အောင်ထောင်းကာ ဆား၊ ထုံးရည်အပျစ်နှင့် ရေထည့်ပြီး သမအောင်နယ်ကာ အိုးအတွင်း ခဲသွားစေရန် နှပ်ထားရသည်။ ထို့နောက် မီးဖြင့် ကျက်အောင်ပြုတ်ပါက  စားသုံးနိုင်သည့် အဆင့်ရောက်ရှိကာ ရောင်းဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၈ဝဝ မှ ၁ဝဝဝ ကြား ရှိကြောင်း သိရပါတယ်။

 

''ဝဥပြုလုပ်ရတာ အချိန်အဆလိုတာ ဂရုစိုက်ရတယ်။ ဝဥပေါင်းက စနစ်တကျလုပ်ရင် အနည်းဆုံး သုံးရက်အထိအထားခံတယ်။ ဒါကြောင့်  လက်ဆောင်ပေးဖို့ဝယ်ကြတယ်။ ဝပေါင်းပြုလုပ်ရင် အပူချိန်ကို သတိထား ထိန်းထားရတယ်။ ကျက်အောင်ပြုတ်ရတယ်။

 

ဝဥမကျက်ရင် ပျက်သွားတတ်တယ်''ဟု ဝပေါင်းပြုလုပ် ရောင်းချသူက ပြောကြားခဲ့ပါတယ်။ ကသာဒေသတွင် မိုးတားကြီး၊ ညောင်ခြေထောက်၊ ကလုံ၊ လမ်းခွ၊ ပင်မလွတ်၊ ကျောက်ကြီးကျေးရွာတို့၌ ဝပင်အများဆုံး ပေါက်ရောက်ပြီး ထီးချိုင့်မြို့ မိုးတားလေး ကျေးရွာနှင့် အင်းရွာကျေးရွာ အုပ်စုတို့ရှိ ဒေသခံများ အများဆုံး ဝယ်ယူစားသုံးကြကြောင်း သိရပါတယ်။

 

Source: Myawady

 

Read More >>>>>  ပျားနာနတ်သီး ဈေးကွက် ယခင်နှစ်ထက် အရောင်းအဝယ် ကျဆင်း

 

Read times Last modified on Tuesday, 18 September 2018 11:40
Rate this item
(1 Vote)