Food & Livestock



ယခုဘဏ္ဍာနှစ်အတွင်း မြန်မာမှ ပဲမျိုးစုံတင်ပို့မှု ဒေါ်လာ (၂၉၃) သန်းထိ တန်ဖိုးလျော့ကျ

မြန်မာနိုင်ငံတွင် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါနှင့် ကြံတို့အား အဓိက သီးနှံများအနေဖြင့် စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံး ဖြစ်ကာ တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်း ထွက်ရှိမှု၏  (၃၃) ရာခိုင်နှုန်းကို ၎င်းစိုက်ပျိုးခြင်းမှ ရရှိသည်။ 

 

နိုင်ငံ စိုက်ပျိုးမြေ ဧရိယာစုစုပေါင်း၏ (၂၀) ရာခိုင်နှုန်းခန့်ကို ပဲမျိုးစုံ စိုက်ပျိုးရေးက နေရာယူထားပြီး ၎င်းအနက် ပဲမျိုးစုံ စိုက်ဧက၏ (၇၂) ရာခိုင်နှုန်းသည် အဓိကအားဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ ဖြစ်ကာ ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများကိုလည်း စိုက်ပျိုးကြသည်။ 

 

မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်ခုအဖြစ် ပါဝင်နေသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စာရင်းများအရ…

 

  • ပင်လယ်ရေကြောင်းမှ ၁,၂၄၂,၇၇၅.၂၃၁ တန်နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၉၆၆.၄၀၇ သန်း
  • နယ်စပ်မှ ၇၈၆,၉၂၀.၆၅၁ တန်နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၆၀၄.၃၀၀ သန်း
  • စုစုပေါင်း တန်ချိန် ၂,၀၂၉,၆၉၅.၈၈၂ တန်နှင့် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁,၅၇၀.၇၀၇ သန်း တင်ပို့နိုင်ခဲ့ပြီး 

 

ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကာလအတွင်း ( ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ (၃) ရက်နေ့အထိ )

 

  • ပင်လယ်ရေကြောင်းမှ ၁,၄၂၈,၈၆၉.၂၀၅ တန်နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁,၁၀၉.၁၁၁ သန်း 
  • နယ်စပ်မှ ၂၃၃,၄၈၃.၉၇၆ တန်နှင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၁၆၈.၉၈၉ သန်း
  • စုစုပေါင်း တန်ချိန် ၁,၆၆၂,၃၅၃.၁၈၁ တန်နှင့် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁,၂၇၈.၁၀၀ သန်း တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

Advertisement

Click Here > Golden Myanmar

 

ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်လျှင် ပင်လယ်ရေကြောင်းမှ တင်ပို့မှုသည် ၁၈၆,၀၉၄ တန် နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၃ သန်း ခန့် မြင့်တက်လာပြီး နယ်စပ်မှ တင်ပို့မှုသည် ၅၅၃,၄၃၆ တန် နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၅ သန်း ခန့် လျော့ကျသွားသည်။

 

စုစုပေါင်းအနေဖြင့် တန်ချိန် ၃၆၇,၃၄၃ တန် နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၃ သန်း ထိ လျော့ကျလာခဲ့ခြင်း ဖြစ်သည်။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပဲအမျိုးအစားအလိုက် ပြည်ပတင်ပို့နိုင်မှု အခြေအနေကို အောက်ပါဇယားတွင် အသေးစိတ် ကြည့်ရှုနိုင်သည်။

 

အဓိကအားဖြင့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တင်ပို့မှု အများဆုံးဖြစ်ကာ မတ်ပဲသည် ပင်လယ်ရေကြောင်းမှ ၅၉၉,၃၂၁.၈၀၉ တန်နှင့် ဒေါ်လာ ၄၉၀.၅၈၈ သန်း၊ နယ်စပ်မှ ၉,၃၅၂.၀၁၀ တန်နှင့် ဒေါ်လာ ၈.၉၀၃ သန်း၊ စုစုပေါင်း တန်ချိန် ၆၀၈,၆၇၃.၈၁၉ တန်နှင့် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၄၉၉.၄၉၁ သန်း ရရှိထားသည်။

 

ပဲတီစိမ်းသည် ပင်လယ်ရေကြောင်းမှ ၄၃၂,၇၄၂.၁၆၁ တန်နှင့် ဒေါ်လာ ၃၁၅.၆၁၆ သန်း၊ နယ်စပ်မှ ၁၃၈,၈၃၄.၄၆၅ တန်နှင့် ဒေါ်လာ ၉၃.၁၆၀ သန်း၊ စုစုပေါင်း တန်ချိန် ၅၇၁,၅၇၆.၆၂၆ တန်နှင့် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၄၀၈.၇၇၆ သန်း တင်ပို့ ရရှိထားသည်။

 

ပဲစဉ်းငုံသည် ပင်လယ်ရေကြောင်းမှ ၂၀၂,၀၉၄.၈၅၀ တန်နှင့် ဒေါ်လာ ၁၅၇.၅၇၈ သန်း၊ နယ်စပ်မှ ၄၆၂.၅၀၀ တန်နှင့် ဒေါ်လာ ၀.၃၃၁ သန်း၊ စုစုပေါင်း တန်ချိန် ၂၀၂,၅၅၇.၃၅၀ တန်နှင့် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁၅၇.၉၀၉ သန်း တင်ပို့ ရရှိထားသည်။

 

      အမေရိကန်ဒေါ်လာသန်း

ကီလို-ထောင်ပေါင်း

စဉ်

အကြောင်းအရာ

ရေတွက်

ပုံ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်

(၃-၃-၂၀၂၃) ထိ

ပင်လယ်

ရေကြောင်း

နယ်စပ်

‌​​ပေါင်း

         

မတ်ပဲ

US$

၄၉၀.၅၈၈

၈.၉၀၃

၄၉၉.၄၉၁

ကီလို

၅၉၉,၃၂၁.၈၀၉

၉,၃၅၂.၀၁၀

၆၀၈,၆၇၃.၈၁၉

ပဲတီစိမ်း

US$

၃၁၅.၆၁၆

၉၃.၁၆၀

၄၀၈.၇၇၆

ကီလို

၄၃၂,၇၄၂.၁၆၁

၁၃၈,၈၃၄.၄၆၅

၅၇၁,၅၇၆.၆၂၆

ပဲတီစိမ်း

US$

     

ကီလို

ပဲစဉ်းငုံ

US$

၁၅၇.၅၇၈

၀.၃၃၁

၁၅၇.၉၀၉

ကီလို

၂၀၂,၀၉၄.၈၅၀

၄၆၂.၅၀၀

၂၀၂,၅၅၇.၃၅၀

ကုလားပဲ

US$

၁၂.၈၀၇

၀.၀၂၇

၁၂.၈၃၄

ကီလို

၁၈,၂၈၅.၂၅၆

၄၃.၀၀၀

၁၈,၃၂၈.၂၅၆

ပဲလွန်းဖြူ

US$

၂၇.၄၉၀

၃.၃၁၄

၃၀.၈၀၄

ကီလို

၄၀,၈၉၇.၂၁၅

၆,၆၉၇.၃၅၃

၄၇,၅၉၄.၅၆၈

မြေထောက်ပဲ

US$

၃၀.၈၂၆

၁၂.၂၀၀

၄၃.၀၂၆

ကီလို

၃၇,၅၈၅.၈၅၉

၁၆,၂၃၃.၄၆၀

၅၃,၈၁၉.၃၁၉

ထောပတ်ပဲ

US$

၁၈.၄၅၅

၄.၅၃၀

၂၂.၉၈၅

ကီလို

၂၁,၉၂၁.၄၇၂

၇,၅၁၈.၆၅၇

၂၉,၄၄၀.၁၂၉

ပဲယင်း

US$

၃၁.၅၉၁

၁၄.၁၅၉

၄၅.၇၅၀

ကီလို

၄၃,၀၀၇.၄၅၉

၂၁,၅၀၉.၁၄၉

၆၄,၅၁၆.၆၀၈

၁၀

ပဲကြီး

US$

၃.၂၁၈

၁.၃၆၀

၄.၅၇၈

ကီလို

၄,၄၅၅.၄၅၆

၂,၄၀၂.၄၂၀

၆,၈၅၇.၈၇၆

၁၁

ပဲကတ္တီပါ(စွန်တာနီ)

US$

၂.၉၄၄

၂.၉၄၄

ကီလို

၄,၅၂၇.၁၃၅

၄,၅၂၇.၁၃၅

၁၂

စွန်တာပြာ

US$

၀.၆၇၉

၀.၀၀၀

၀.၆၇၉

ကီလို

၁,၀၅၇.၇၀၀

၀.၀၀၀

၁,၀၅၇.၇၀၀

၁၃

ပဲကတ္တီပါ(စွန်တာနီ/ပြာ)

US$

၁.၃၀၁

၁.၃၀၁

ကီလို

၂,၂၈၂.၅၃၀

၂,၂၈၂.၅၃၀

၁၄

ပဲဖြူလေး

US$

၀.၁၈၂

၀.၀၀၀

၀.၁၈၂

ကီလို

၂၅၆.၆၈၅

၀.၀၀၀

၂၅၆.၆၈၅

၁၅

ဘိုကိတ်ပဲ

US$

၁၄.၀၅၄

၀.၀၀၀

၁၄.၀၅၄

ကီလို

၁၉,၂၄၄.၃၄၇

၀.၀၀၀

၁၉,၂၄၄.၃၄၇

၁၆

ပဲပုတ်စေ့

US$

၀.၁၂၃

၀.၀၀၀

၀.၁၂၃

ကီလို

၁၃၅.၅၁၀

၀.၀၀၀

၁၃၅.၅၁၀

၁၇

ပဲနီကြား

US$

၂.၁၄၄

၂.၁၄၄

ကီလို

၅,၂၄၄.၈၀၂

၅,၂၄၄.၈၀၂

၁၈

နိုင်လွန်ပဲ

US$

၀.၆၈၁

၀.၆၈၁

ကီလို

၉၃၀.၈၇၀

၉၃၀.၈၇၀

၁၉

မြေပဲ(အခွံပါ)

US$

ကီလို

၂၀

မြေပဲဆံ

US$

၂.၄၀၁

၂၆.၇၉၂

၂၉.၁၉၃

ကီလို

၂,၃၇၂.၂၄၀

၂၁,၈၇၀.၇၆၀

၂,၄၂၄၃.၀၀၀

၂၁

အခြားပဲ

US$

၀.၅၅၉

၀.၀၈၇

၀.၆၄၆

ကီလို

၉၆၄.၀၅၁

၁၀၂.၀၀၀

၁,၀၆၆.၀၅၁

ပဲတင်ပို့မှုစုစုပေါင်း

US$

၁,၁၀၉.၁၁၁

၁၆၈.၉၈၉

၁,၂၇၈.၁၀၀

ကီလို

၁,၄၂၈,၈၆၉.၂၀၅

၂၃၃,၄၈၃.၉၇၆

၁,၆၆၂,၃၅၃.၁၈၁

 

Su Mon Oo

Source : MOC

 

Read times Last modified on Tuesday, 14 March 2023 11:50
Rate this item
(1 Vote)