Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သြစတြေးလျနိုင်ငံနှင့် တရုတ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှုများမြင့်တက်

သြစတြေးလျနိုင်ငံနှင့် တရုတ်နိုင်ငံကြား ကုန်သွယ်ရေးတင်းမာမှုများမြင့်တက် Google

ကုန်သွယ်ရေးတင်းမာမှုများမြင့်တက်လာသည်နှင့်အမျှ သြစတြေးလျသည် နို့နှင့် နို့ထွက်ပစ္စည်းတွေကို တရုတ်သို့ ရောင်းချခြင်းအား ရပ်တန့်လိုက်ပါသည်။

 

သြစတြေးလျအစိုးရက တရုတ်နှင့်သဘောတူညီချက်ကို ဆန့်ကျင်ဖွယ်ရှိတယ်လို့ ပြောကြားပြီးနောက် China Mengniu Dairyက ဒေါ်လာ ၄၃၀ သန်းဖြင့်သြစတြေးလျ အချိုရည်လုပ်ငန်းတစ်ခု ဝယ်ယူရန်အစီအစဉ်ကို ပယ်ဖျက်လိုက်ပါသည်။

 

ဩဂုတ်လ ၂၅ရက်နေ့က ၎င်းအဆိုပြုထားတဲ့ရောင်းချမှုကို ဖျက်သိမ်းလိုက်ပြီး သြစတြေးလျကုမ္ပဏီ Lion Dairyနှင့် ၎င်း၏ပိုင်ရှင် ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirinတို့က စည်းကမ်းထိန်းသိမ်းသူတွေရဲ့ ခွင့်ပြုချက်က အကောင်အထည်ပေါ်လာနိုင်ဖွယ်မရှိဘူးလို့ သီးခြားထုတ်ပြန်ချက်များတွင် ပြောကြားခဲ့ပါသည်။

 

သဘောတူညီချက်အရ Kirinသည် သြစတြေးလျနို့နှင့် သစ်သီးဖျော်ရည်လုပ်ငန်းဖြစ်သော Lion Dairyကို သြစတြေးလျဒေါ်လာသန်း ၆၀၀ (အမေရိကန် ဒေါ်လာ ၄၃၀ သန်း)တန်ဖိုးနှင့် ရောင်းချဖို့သဘောတူညီချက်ကို ပြီးခဲ့သည့်နို၀င်ဘာလကကြေညာခဲ့တာ ဖြစ်ပါသည်။

 

သြစတြေးလျရှိ အချို့သော စည်းမျဉ်းစည်းကမ်းများသည် သဘောတူညီချက်ကို အစိမ်းသက်သက်ဖြင့် ပြုလုပ်ထားတာဖြစ်သည်။ သြစတြေးလျ ပြိုင်ဆိုင်မှုနှင့် စားသုံးသူကော်မရှင်(Australian Competition and Consumer Commission)က ဒီကိစ္စကို စုံစမ်းပြီး ဝယ်ယူမှုကိုဆန့်ကျင်သွားမှာ မဟုတ်ကြောင်း ဖေဖော်ဝါရီလက ပြောကြားခဲ့ပါသည်။

 

သို့သော် မကြာသေးမီလများအတွင်း သြစတြေးလျနှင့် တရုတ်နိုင်ငံအကြား တင်းမာမှုများ ပိုမိုနက်ရှိုင်းလာခဲ့ပြီး ကုန်သွယ်ရေးကိုပါ ကူးစက်သွားသည်။

 

Mengniu Dairyကို ပြောကြားရာတွင် “ အဆိုပြုထားတဲ့ ဝယ်ယူမှုက အမျိုးသားအကျိုးစီးပွားနှင့် ဆန့်ကျင်သလိုဖြစ်နေလိမ့်မယ်” လို့ Frydenberg ကပြောကြားခဲ့ပါသည်။

 

ထို့နောက် ကုမ္ပဏီများသည် ၎င်းသဘောတူညီချက်ကို ရွှေ့ပြောင်းခဲ့ကြသည်။

 

Lion Dairyရဲ့ ပြောကြားချက်အရ Lion နှင့် Mengniuက နို့ထွက်ပစ္စည်းတွေ လက်ရှိရောင်းချမှုကို ရပ်ဆိုင်းရန်သဘောတူထားပြီးဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

 

ပြီးခဲ့သည့်အပတ်က တရုတ်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာနက အခြားကူးသန်းရေးတစ်ခုကို ဦးတည်ကာ သြစတြေးလျဝိုင်တင်သွင်းမှုကို စုံးစမ်းစစ်ဆေးပြီး ဆန့်ကျင်ကြောင်း ကြေညာခဲ့ပါသည်။

 

ဝိုင်တင်သွင်းမှုကို ဆန့်ကျင့်ခြင်းနှင့် ပတ်သက်၍ ရှုပ်ထွေးသော စွပ်စွဲချက်များကို ဩဂုတ်လ ၂၅ရက်နေ့တွင် သြစတြေးလျကုန်သွယ်ရေးဝန်ကြီး Simon Birminghamက ပယ်ချခဲ့ပါသည်။

 

ထို့အပြင် သူက"သြစတြေးလျဝိုင်တွေက ထောက်ပံ့ကြေးလုံးဝမရကြောင်း၊ ကမ္ဘာ့စျေးကွက်ထဲမှာ စျေးကွက်ပေါက်စျေးထက် လျော့မရောင်းနိုင်ကြောင်း" သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

 

"သြစတြေးလျအစိုးရက ဝိုင်ထုတ်လုပ်ရေးလုပ်ငန်းနှင့် အနီးကပ်လက်တွဲဆောင်ရွက်သွားမှာဖြစ်ကာ ဝိုင်ထုတ်လုပ်သူများအတွက် အခွန်အခများနှင့် အခွန်စည်းကြပ်ခြင်းများကို တားဆီးရန် ဤစွပ်စွဲချက်များကို ကာကွယ်ဖို့ ထိုသို့ပြောကြားခဲ့တာဖြစ်ကြောင်း"Simon Birminghamက ပြောပါသည်။

 

By Myanmar Food Guide

 

Ref;abc17news

Read times
Rate this item
(0 votes)