Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးစပါးရောင်းဈေးကျပ်ခြောက်သိန်းငါးသောင်းအထိ ရရှိနေ

ဧရာဝတီတိုင်းဒေသကြီးမော်လမြိုင်ကျွန်းမြို့နယ်ကြပ်စဉ်ချောင်းကျေးရွာ အုပ်စုတွင်မိုးစပါးရိတ်သိမ်းပြီးနေရာများ၌

ကြပ်စဉ်ချောင်းကျေးရွာအုပ်စုလုံးကျွတ်နွေစပါးဧကပေါင်း(၁၆၁၂)ဧကအားစိုက်ပျိုးခဲ့ကြရာ ဇန်နဝါရီ ၆ရက်နေ့အထိ နွေစပါးဧက ၈၀ ရာခိုင်နှုန်းစိုက်ပျိုးပြီးစီးနေပြီဖြစ်ရာ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ကြပ်စဉ်ချောင်းကျေးရွာအုပ်စု ကျေးရွာဆယ်ရွာလုံးကျွတ်ထွန်တုံးပိတ်စိုက်ပျိုးပြီးစီးကြမည်ဖြစ်သည်။

ယင်း ကြပ်စဉ်ချောင်းကျေးရွာအုပ်စုတွင်ရိတ်သိမ်းပြီးသိုလှောင်ထားသော မိုးစပါးများကိုပြန်လည်ရောင်းချရာတွင်ယခင်နှစ်ကမိုးစပါးဈေးထက်ပိုမိုတိုးတက်ကောင်းမွန်နေသဖြင့်မိုးစပါးစိုက်တောင်သူများဝမ်းသာလျှက်ရှိနေကြသည်။
ယခင်နှစ်က မိုးစပါးရောင်းဈေးမှာဧည့်မထစပါးတင်းတစ်ရာလျှင် ကျပ်ငါးသိန်းနှစ်သောင်း ဈေးရှိသော်လည်းယခုနှစ်မိုးစပါးဧည့်မထစပါးရောင်းဈေးမှာစပါးကုန်သည်များက တင်း တစ်ရာလျှင်ကျပ်ခြောက်သိန်းနှစ်သောင်းဈေးမှ ကျပ်ခြောက်သိန်းငါးသောင်းဈေးအထိတိုးတက်ဝယ်ယူနေသဖြင့်မိုးစပါးစိုက်တောင်သူများဝင်ငွေတိုးတက်ရရှိနေကြသည်။
အဆိုပါမော်လမြိုင်ကျွန်းမြို့နယ်တွင်မိုးစပါးစိုပ်တောင်သူများမှာ နှစ်စဉ်မိုးစပါးဈေးတိုးတက်ရရှိနေသဖြင့်တောင်သူများစီးပွားဖွံ့ဖြိုးတိုးတက်လျှက်ရှိကြရာလာမည့်မိုးစပါးရာသီတွင်တစ်မြို့နယ်လုံးရှိကျေးရွာများတွင်မိုးစပါးသတ်မှတ်ဧကအတိုင်းအပြည့်အဝကြိုးပမ်းစိုက်ပျိုးထုတ်လုပ်သွားကြမည် ဖြစ်သည်။

Read times
Rate this item
(0 votes)