Food & Livestock



ဥပဒေ ပြင်ဆင်ချက်ကြောင့် ဗီယက်နမ်ကျောက်ပုစွန်များ တရုတ်ပြည်သို့ တင်ပို့မှုရပ်

ဥပဒေ ပြင်ဆင်ချက်ကြောင့် ဗီယက်နမ်ကျောက်ပုစွန်များ တရုတ်ပြည်သို့ တင်ပို့မှုရပ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ဗီယက်နမ်နိုင်ငံ၏ အဓိက ပင်လယ်စာထွက်ကုန်များထဲမှ တစ်ခုဖြစ်သည့် ပုစွန်ထုပ်ကြီးများ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းသည် တရုတ်နိုင်ငံ၏ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဥပဒေ ပြင်ဆင်ချက်ကြောင့် စက်တင်ဘာလတွင် ရပ်ဆိုင်းသွားခဲ့သည်။

တရုတ်ပြည်သို့ တင်ပို့သည့် ရေငံပုစွန်ထုပ်ကြီးများသည် မွေးမြူရေးကန်တွင် မွေးမြူထားသော ပုစွန်ထုပ်ကြီးများသာ ဖြစ်ရမည်။ ထို့ပြင် သားဖောက်ပြီး မွေးမြူထားသော ပုစွန်ထုပ်များသာ ဖြစ်ရမည်။ သဘာဝအရိုင်း ပုစွန်ထုပ်များကို ဖမ်းဆီးမွေးမြူထားခြင်း မဖြစ်ရပါ။

ထိုသို့ မွေးမြူရေး ပုစွန်ထုပ်စစ်စစ်ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားများ ပြသနိုင်ရမည် ဖြစ်သည်။ 

 

တရုတ်နိုင်ငံမှ တင်သွင်းသူများသည် တရုတ်အစိုးရ၏ ငါးလုပ်ငန်းဗျူရိုမှ အသိအမှတ်ပြုလက်မှတ် လျှောက်ထားရန် လိုအပ်သည်။

နိုဝင်ဘာလ ၂၇ ရက်တွင် နှစ်နိုင်ငံ အစိုးရတို့အကြား ကျင်းပသည့် တရုတ်-ဗီယက်နမ် စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ ၁၂ ကြိမ်မြောက် အစည်းအဝေးတွင် ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး ငုယင်ဟောင်ဒင်က ဗီယက်နမ်မှ  ကျောက်ပုဇွန်များကို ဆောလျင်စွာဖြင့် တင်သွင်းမှု ပြန်လည်စတင်ရန် စဉ်းစား‌ေပးဖို့ တရုတ်နိုင်ငံကို တိုက်တွန်းခဲ့သည်။

 

အဆိုပါတောင်းဆိုချက်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wang Wentao က ဗီယက်နမ်နိုင်ငံမှ  ကျောက်ပုစွန် မွေးမြူရေးခြံများနှင့် ထုပ်ပိုးသည့် လုပ်ငန်းများကို တရုတ်အကောက်ခွန်နှင့် မှတ်ပုံတင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

နှစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာဌာနများသည် တရုတ်နိုင်ငံသို့ ကျောက်ပုစွန် တင်ပို့သည့် စီးပွားရေးလုပ်ငန်းများနှင့် ငါးပုစွန်စက်ရုံများကို စစ်ဆေးစိစစ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

 

ဗီယက်နမ်သည် တရုတ်နိုင်ငံ၏ စတုတ္ထအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ကျောက်ပုဇွန်များကို တင်သွင်းသည့် ထိပ်တန်းနိုင်ငံတစ်ခုလည်းဖြစ်သည်။

ယခုန‌ှစ်တွင် တင်ပို့မှု မရပ်ခင် ဩဂုတ်လကုန်အထိ ၈ လတာတွင် ဗီယက်နမ် ကျောက်ပုစွန် ကန်ဒေါ်လာ ၇၆ သန်းဖိုး တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါသည်။

 

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 01 December 2023 22:10
Rate this item
(0 votes)