Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျာမနီကို မြန်မာ့စိန်တလုံးသရက် ကီလို (၆၀) ထပ်မံတင်ပို့မည်

ယခု ၂၀၁၉ ခုနှစ်အတွင်း ဂျာမနီနိုင်ငံကို မြန်မာ့စိန်တလုံးသရက် ကီလို (၆၀) တင်ပို့မှာဖြစ်ပြီး ဇွန်လ (၂၀) ရက်နေ့က ပထမအကြိမ် စတင် တင်ပို့ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲထံမှ သိရပါတယ်။

 

အဆိုပါ စိန်တလုံးသရက်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့နယ်၊ မြတ်ရတနာခြံမှ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) နဲ့အညီ စိုက်ပျိုးထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ဂျာမနီနိုင်ငံကို ၂၀၁၉ ခုနှစ်အတွင်း ကီလို (၆၀)ကို နှစ်ကြိမ်ခွဲပြီး တင်ပို့သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

အခုလို စိန်တလုံးသရက်သီးများ စမ်းသပ်တင်ပို့နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်အပင်ဇီဝဌာနခွဲမှ နည်းပညာများပံ့ပိုးပေးခဲ့ပြီး အရည်အသွေး စစ်ဆေးခြင်း၊ ရေနွေးစိမ်ခြင်း၊ အခြောက်ခံခြင်း၊ ပြန်လည်စစ်ဆေးခြင်းနဲ့ ပြင်ဆင်ထုပ်ပိုးမှုများကို နေပြည်တော်၊ ရေဆင်းရှိ ရိတ်သိမ်းချိန်လွန်နည်းပညာဗဟိုဌာနမှာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

 

ဂျာမနီဈေးကွက်ကို စိန်တလုံးသရက်သီး တင်ပို့မယ်ဆိုရင် Global GAP ၊ Maximum residue limits test ESifh Phytosanitary နဲ့ Global GAP အသိအမှတ်ပြုလက်မှတ် စတဲ့ အထောက်အထားများ လိုအပ်ကြောင်း မြတ်ရတနာစက်မှုကုမ္ပဏီ တည်ထောင်သူ ဦးစိုးသန်းက ပြောပါတယ်။

 

Read More >>>>>  သကြားတန်ချိန် တစ်သိန်းနှစ်သောင်းကို တရုတ်က ငါးလအတွင်း ဝယ်ယူမည်


ထို့အပြင် ဦးစိုးသန်းက မြန်မာ့သရက်များကို ပြည်ပတင်ပို့မယ်ဆိုရင် အရည်အသွေး ကောင်းမွန်ရုံသာမက ထုပ်ပိုးမှုပုံစံများကိုလည်း စနစ်တကျ ပြင်ဆင်ရန်လိုအပ်ပြီး မိမိတင်ပို့မယ့် ဈေးကွက်အခြေအနေကို သိရှိထားဖို့လည်း လိုအပ်ကြောင်း၊ အဆင်ပြေသလို စိုက်ထားပြီး သီးနှံထွက်ရှိချိန်မှ အဆင်ပြေသလို ရောင်းချတဲ့အလေ့ကို ပြင်ဆင်သင့်ပြီး မစိုက်ခင်ကတည်းက မိမိရောင်းချမယ့် ဈေးကွက်အခြေအနေပေါ် မူတည်ကာ ပြင်ဆင်တွက်ချက် စိုက်ပျိုးသင့်ကြောင်း အကြံပြုထားပါတယ်။

 

မြတ်ရတနာခြံမှာ ၂၀၁၆ ခုနှစ်က GAP လက်မှတ်ကို ပထမဆုံးရရှိခဲ့တဲ့ခြံဖြစ်ပြီး ၂၀၁၈ ခုနှစ်က ဂျာမနီနိုင်ငံကို စိန်တလုံးသရက် ကီလို (၁၄၀) တင်ပို့ခဲ့ဖူးကြောင်း သိရပါတယ်။ ထို့အပြင် ၎င်းကုမ္ပဏီဟာ GAP သီးနှံများကို ပြည်ပနိုင်ငံများသာမက ပြည်တွင်းရှိ စီးတီးမတ်များမှာလည်း ရောင်းချပေးလျက်ရှိပါတယ်။

 

Source: The Farmer Myanmar, The Voice

 

Read times Last modified on Monday, 24 June 2019 17:11
Rate this item
(1 Vote)