Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သွန်နီဈေးနှုန်း ဆက်တိုက် ကျဆင်းသောကြောင့် ကြက်သွန်စိုက် တောင်သူများ အရှုံးပေါ်

 

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ်အတွင်း ကြက်သွန်နီဈေးနှုန်းမှာ ဆက်တိုက်ကျဆင်း နေသဖြင့် ကြက်သွန်စိုက်

တောင်သူများ အရှုံးပေါ်ခဲ့ကြောင်း ဒေသခံ တောင်သူများထံမှ သိရပါတယ်။

 

''တောင်သူတွေ တော်တော်များများ အရှုံးပေါ်ကြတယ်။

 

ဝယ်လိုအားနည်းပြီး ရောင်းလိုအားများတော့ ဈေးကျကုန်တယ်။ တရုတ်ကလည်း ဝယ်တယ်ဆိုပေမယ့် တရုတ် ကြက်သွန်ကလည်း ပေါ်နေပြီ။ သင်္ကြန်မတိုင်ခင်တုန်းက ကြက်သွန်ဈေးနှုန်းက ငွေကျပ် ၅ဝဝ ကျော်လောက်ရှိတယ်။

 

ယခု ငွေကျပ် ၃ဝဝ လောက်ထိ ထိုးကျသွားတာ။ သင်္ကြန်ပြီးရင်တော့ ဈေးတက်လိမ့်နိုးနဲ့ စောင့်ရင်း ဈေးကမတက်တဲ့အပြင် ဆက်တိုက်ထိုးကျနေတော့ အရှုံးပေါ်ကြ တော့တာပေါ့။ ဘယ်လောက်ထိ ရှုံးလဲဆိုရင် တစ်ဧကကို ငွေကျပ်ငါးသိန်းလောက်ထိ ရှုံးတယ်'' ဟု မုံရွာမြို့နယ် သမန္တာကျေးရွာနေ တောင်သူ တစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယခင်နှစ်က ကြက်သွန်ဈေးနှုန်း မြင့်မားခဲ့သည့်အတွက် ယခုနှစ်တွင် ကြက်သွန်စိုက် တောင်သူဦးရေ တိုးပွားလာကြောင်း၊ မုံရွာဒေသ၏ ပင်မထွက်ကုန် ဖြစ်သည့် ပဲ၊ နှမ်း ဈေးနှုန်းအဆမတန် ကျဆင်းခဲ့သောကြောင့် ပဲစိုက်တောင်သူအချို့ ကြက်သွန်ဘက်သို့ ပြောင်းလဲစိုက်ပျိုး လာကြကြောင်း၊ ယခုအခါ ကြက်သွန်နီ တစ်ဧက စိုက်ပျိုးလျှင် မျိုးစေ့ဖိုးနှင့် အလုပ်သမားခ စသည်တို့အတွက် ငွေကျပ် ၁၅ သိန်း ဝန်းကျင်ခန့် ကုန်ကျကြောင်း သိရပါတယ်။

 

မုံရွာမြို့နယ် အတွင်း ကြက်သွန် စိုက်ပျိုးကြသည့် ကျေးရွာများမှာ ကျွဲရဲ၊ တောင်ပလူ၊ ရှဉ်ငဆယ်၊ သမန္တာကျေးရွာ တို့ဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawady

Read times Last modified on Tuesday, 18 September 2018 13:21
Rate this item
(3 votes)