Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယနိုင်ငံတွင် သွင်းကုန်ခွန်လျှော့ချပြီးနောက် စားအုန်းဆီ ဈေးနှုန်းများမြင့်တက်

အိန္ဒိယနိုင်ငံမှာ အစိုးရက သွင်းကုန်ခွန်ကို လျှော့ချပြီး စားအုန်းဆီအချော တင်သွင်းမှုကို ခွင့်ပြုပေးလိုက်တဲ့အတွက်

ကမ္ဘာ့အကြီးမားဆုံး စားအုန်းဆီဈေးကွက်တစ်ခု ဖြစ်တဲ့ အိန္ဒိယမှ စားအုန်းဆီ အဝယ်လိုက်တော့မယ်လို့ ခန့်မှန်းကြတာကြောင့် အာရှစားအုန်းဆီ တင်ပို့တဲ့ဈေးကွက်မှာ ဈေးတက်သွားပါတယ်။

အဲဒီလို တက်ဈေးဖြင့် ဝယ်ယူတင်သွင်းပြီး ပြည်တွင်းမှာ ပြန်လည်ရောင်းချရတာကြောင့် သွင်းကုန်ခွန်လျှော့ချထားပေမဲ့လည်း အိန္ဒိယပြည်တွင်း လက်လီအရောင်းမှာ ဈေးနှုန်း ၆% ကျော် မြင့်တက်သွားခဲ့ပါတယ်လို့ ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ မလေးရှားမှာလည်း ကိုဗစ်ကြောင့် လော့ဒေါင်းတွေ ချထားတာမို့ စာအုန်းဆီ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ အပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိတာကြောင့်လည်း တင်ပို့ရောင်းချတဲ့ဈေးကွက်မှာ စာအုန်းဆီ ဈေးနှုန်းတွေ တက်ရိပ်ပြနေခဲ့ပါတယ်။

စားအုန်းဆီဈေးနှုန်းမြင့်မားခြင်းသည်အိန္ဒိယ၏ ၀ ယ်လိုအားကိုထိခိုက်နိုင်ပြီးအစိုးရကသွင်းကုန်ခွန်များလျှော့ချခြင်းမပြုရန်အစိုးရအားတွန်းအားပေးနိုင်သည်။

ဇွန်လ ၂၉ ရက်မှာ အိန္ဒိယအစိုးရက စားအုန်းဆီ အကြမ်း crude palm oil (CPO) သွင်းကုန်ခွန်ကို ၅% ၃လတာ လျှော့ချသတ်မှတ်ကြောင်း ကြေညာပြီးတဲ့နောက် နောက်တစ်နေ့ ဇွန်လ ၃၀ ရက်မှာ စားအုန်းဆီအချော တင်သွင်းခွင့် ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မလေးရှား စားအုန်းဆီ ကြိုပွိုင့်အရောင်းမှာ ၉% အထိ ချက်ချင်းဈေးခုန်တက်ခဲ့ပါတယ်။
စားအုန်းဆီအကြမ်း ဆိပ်ကမ်းအရောက် ဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၁၀၂၀ ရှိခဲ့ရာမှာ ဇွန်လ ၂၉ ရက်မှာ ကန်ဒေါ်လာ ၁၀၈၅ သို့ မြင့်တက်သွားခဲ့ပါတယ်။ သန့်စင်ပြီးဖြစ်သော စားအုန်းဆီအချောဈေး တစ်တန်ကန်ဒေါ်လာ ၁၀၂၀ မှ ၁,၀၅၅ သို့တက်ခဲ့ပါတယ်။
အိန္ဒိယအစိုးရမှ စားအုန်းဆီအပေါ် သွင်းကုန်ခွန်လျှော့ချလိုက်တိုင်း နိုင်ငံတကာအရောင်းဈေးကွက်မှာ ဈေးတက်တာမို့ အိန္ဒိယမှ စားသုံးသူတွေအနေဖြင့် ဝယ်ဈေး မလျှော့တဲ့အပြင် ဈေးပိုပေးရတာကို ကြုံကြရပါတယ်။

Read times
Rate this item
(0 votes)