Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျပန်တွင် ကလေးနို့ရည်ဖော်မြူလာသစ်ဈေးကွက်ဝင်လာ

ဂျပန်နိုင်ငံမှာကလေးနို့ရည်ဖော်မြူလာသစ်ဈေးကွက်ဝင်လာပြီး အဲဒီနို့ရည်ကအဆင်ပြေတယ်လို့ ကလေးမိဘတွေကပြောပါတယ်။

ဈေးနည်းနည်းကြီးပေမဲ့ ဂျပန်နိုင်ငံမှာဖော်မြူလာသစ်နဲ့ ထုတ်ထားတဲ့ ကလေးနို့ရည် ကကလေးမိဘတွေကို ဆွဲဆောင်နေပါတယ်။

 
အဲဒီနို့ရည်ဟာ ကလေးနို့မှုန်ဘူးဖော်မြူလာတွေလိုရေနွေးရှိဖို့မလိုသလိုအခန်းအပူချိန်မှာပဲအချိန်အကြာကြီးသိမ်းဆည်းထားနိုင်ပါတယ်။

 

လုပ်ငန်းနဲ့ထုတ်ပိုးမှုနည်းပညာတွေတိုးတက်လာလို့ ဥရောပနဲ့ အမေရိကတို့မှာ ကလေးနို့ရည်နဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ခေတ်စားလာပေမဲ့ ဂျပန်မှာတော့ ကလေးနို့ရည်နဲ့ပတ်သက်ရင် စည်းမျည်းစံနှုန်းသတ်မှတ်ချက်ပဲကာလရှည်ရှိခဲ့ပြီး  ပြီးခဲ့တဲ့နှစ်မှာဂျပန်အစိုးရက စည်းမျဉ်း သတ်မှတ်ပေးလိုက်တဲ့နောက်မှာမှ နိုင်ငံတွင်းနဲ့နိုင်ငံခြားလုပ်ငန်းတွေ ပွင့်လင်းလာတာပါ။

 
အမှုန့်မဟုတ်ဘဲ အရည်ဖြစ်နေလို့ ဖောက်ပြီးတာနဲ့ ကလေးတွေကိုတန်းပြီး တိုက်နိုင်တာကကလေးတွေအတွက် အဆင်ပြေတယ်လို့ ကလေးမိဘတစ်ယောက်ကပြောပါတယ်။

 

Read More >>>>>   ဗီတာမင် အေ များများရရှိစေမယ့် အစားအစာ (၈) မျိုး

 

ကလေးနို့ရည်ဘူးတွေကကော်ဖီရောင်နဲ့ အညိုရောင်ပဲဖြစ်နေတော့ ဂျပန်မိဘတွေကသိပ် လက်မခံချင်လို့ မီးအေးအေးနဲ့ အပူပေးရတဲ့ လုပ်ငန်းစဉ်လုပ်ရတဲ့အချိန်ကိုနည်းနည်းလျှော့ခဲ့ရတယ်လို့ နို့ရည်ထုတ်လုပ်တဲ့ အဲဇာကီဂလီယိုကုမ္ပဏီက သုတေသနနဲ့ထုတ်လုပ်ရေးမှာ တာဝန်ရှိတဲ့ ယူရီကိုမီဇူကိုချီကပြောပါတယ်။

 

Source: MRTV-4

Read times Last modified on Thursday, 23 May 2019 15:44
Rate this item
(2 votes)