Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံက ပဲတင်သွင်းရန် အိန္ဒိယ အစိုးရအနေဖြင့် ပဲကုမ္ပဏီ ၁၁ဝဝ ကျော်အား တရားဝင် ခွင့်ပြု

မြန်မာနိုင်ငံက ပဲတင်သွင်းရန် အိန္ဒိယအစိုးရ အနေဖြင့် ပဲကုမ္ပဏီ ၁၁ဝဝ ကျော်အား တရားဝင် ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

မြန်မာနိုင်ငံမှ ပဲတင်သွင်းခွင့်ရရှိရန် အိန္ဒိယအစိုးရသို့ လျှောက်လွှာတင်ထားသည့် အိန္ဒိယပဲကုမ္ပဏီ ၆ဝဝဝ ခန့်အနက် ၁၁ဝဝ ကျော်ကို အိန္ဒိယအစိုးရက တရားဝင် ပဲတင်သွင်းခွင့် ပြုခဲ့ခြင်းဖြစ်သည်။

 

''အိန္ဒိယ ပဲကုမ္ပဏီတွေကို ဒီရက်ပိုင်းထဲမှာပဲခွင့်ပြုလိုက်တာပါ။ အိန္ဒိယအစိုးရက တရားဝင် လိုင်စင် ချပေးလိုက်ပါတယ်''ဟု ၎င်းက ပြောသည်။

 

မူလက တစ်နှစ်လုံး တင်သွင်းခွင့်ပြုမည်ဟု သတ်မှတ်ထားရာမှ ယခုအခါ အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်က အိန္ဒိယနိုင်ငံ၌ ပဲစိုက်ပျိုးထွက်ရှိမှု ကောင်းမွန်သည့်အပြင် စံချိန်တင်ပိုလျှံနေသည့် အနေအထားသို့ ရောက်ရှိခဲ့သောကြောင့် အိန္ဒိယတောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန် အိန္ဒိယအစိုးရက ပြည်ပမှ ပဲဝယ်ယူ တင်သွင်းခွင့်ကို ၂ဝ၁၇ ခုနှစ် သြဂုတ်လမှစ၍ ၂ဝ၁၈ ခုနှစ် မတ် ၃၁ ရက်အထိ တန်ချိန်ပမာဏ ကန့်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

Read More >>>>>  အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချက် (၅)ချက်

 

၂ဝ၁၄ ခုနှစ်က မတ်ပဲတစ်တန်လျှင် ငွေကျပ် ၂၄ သိန်းအထိ ဈေးနှုန်းအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်က တစ်တန်လျှင် ငွေကျပ် ခုနစ်သိန်းဝန်းကျင်သို့ တဖြည်းဖြည်း ကျဆင်းလာရာ အိန္ဒိယအစိုးရက ပမာဏ ကန့်သတ်မှုများ မပြုလုပ်မီ သြဂုတ်လ တတိယပတ်တွင် အနိမ့်ဆုံးဈေး တစ်တန် လျှင် ငွေကျပ် ခြောက်သိန်းရှစ်သောင်းအထိ ရောက်ခဲ့ကြောင်း သိရသည်။

 

Source: Myawaddy

Read times Last modified on Wednesday, 19 June 2019 17:35
Rate this item
(1 Vote)