Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သရက်သီးစိမ်းများ ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချ

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျေးလက်ဒေသ အသီးသီးမှ ထွက်ရှိသည့် သရက်သီးစိမ်းများ ယခုအခါ ကုန်စိမ်းအဝယ်ဒိုင် အသီးသီးသို့ ဝင်ရောက်လျက်ရှိပြီး အများစုမှာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေရကြောင်း သိရသည်။

''နွေရာသီမှာက အပူချိန်ပြင်းတော့ သရက်သီးစိမ်းကို စားသုံးတာ များတယ်။ အဓိကအားဖြင့် ရန်ကုန်ဈေးကွက်ကို တင်ပို့ရတာ နေ့စဉ်လိုလိုပဲ။ လက်ရှိမှာ တစ်ပိဿာကို ငွေကျပ် ၃ဝဝ၊ ၃၅ဝ ဝယ်ပါတယ်။ လာရောင်းတာကတော့ ဒေသအစုံကပဲ''ဟု ဆွာမြို့ ထောက်ကြန့်ကွင်းကျေးရွာရှိ   အဝယ်ဒိုင်လုပ်ငန်း လုပ်ကိုင်သူက ပြောသည်။


ကျေးရွာအများအပြား၌ မချစ်စု၊ ရင်ကွဲ၊ဝါဆို၊ မနွယ်နွယ်အစရှိသော သရက်သီးမျိုးများကို အစိုက်များသည်။

 

''တောမှာဆိုတော့ ဟိုလူကလာခူး။ ဒီလူကလာခူး လေမိုးတိုက်လို့ ကြွေတာနဲ့ ကုန်ရော၊ ရောင်းစားရတယ်ကို မရှိတာ၊ ခုတော့ သရက်သီးစိမ်း ဝယ်ယူသူတွေက ရွာတွေအထိ ဆင်းလာတယ်။ အပင်ပြတ် ဝယ်ယူတဲ့စနစ်ပေါ့။ ကျွန်တော့်အိမ်ဝိုင်းထဲမှာ မချစ်စုအပင် ခုနစ်ပင်ရှိတယ်။  အားလုံး လေးသောင်းခွဲနဲ့ ဝယ်သွားတယ်''ဟု ဆွာမင်းလမ်း ကျေးရွာအုပ်စု တံတားကြီးကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

 

Read More >>>>>> နေပူပူမှာ ရင်ကိုအေးငြိမ်းစေတဲ့ မန်ကျည်းဖျော်ရည် 


သရက်သီးစိမ်းများကို အခွံနွှာကာ တို့စရာ အမည်စုံဖြင့် လူစည်ကားရာ နေရာများ၊ ဘုရားပွဲ၊ ဈေးတန်း၊ ရထားဘူတာရုံ၊ ကားဂိတ်များတွင် ရောင်းချလေ့ ရှိကြောင်း သိရသည်။


Source: Myawaddy

Read times Last modified on Wednesday, 24 April 2019 15:12
Rate this item
(1 Vote)