Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဈေးသက်သာမှု အခွင့်အရေးရယူလိုသည့် ဆန်စားသုံးသော နိုင်ငံများက GSP ကို ကာကွယ်ပေးမည် မျှော်လင့်

 ဈေးသက်သာသော အခွင့်အရေး ရလိုသည့် ဆန်စားသုံးသည့် အီးယူအဖွဲ့ဝင်နိုင်ငံများ က ကုန်သွယ်မှုအထူးအခွင့်အ ရေး(GSP)

မဆုံးရှုံးစေရန် ရပ်တည်ပေးမည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။

 

အီးယူက ဆန်နှင့် ပေါင်း ဆန်အပေါ် ကုန်သွယ်မှု အထူး အခွင့်အရေးသုံးနှစ်ခန့် ယာယီရုပ် သိမ်းရန် အစိုးရဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် သို့ အသိပေးအကြောင်းကြားစာ ပေးပို့ထားသည်။ ကုန်သွယ်မှု အထူးအခွင့်အရေးအရ သွင်းကုန် အခွန်သက်သာခွင့် ၁၃ ရာခိုင်နှုန်း ပေးထားခြင်းကြောင့် ဆန်စားသုံး သည့် အီးယူအဖွဲ့ဝင်နိုင်ငံများအ တွင်း ဈေးသက်သာစွာဝယ်ယူနိုင် သည့် အခွင့်အရေးရရှိထားသည်။

 

ဆန်စိုက်ပျိုးသည့် စပိန်နှင့် အီတလီ နိုင်ငံက GSP အခွင့် အရေး ရရှိထားသော မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံမှ တင်ပို့သည့် ဆန်ကို ဈေးနှုန်းယှဉ်ပြိုင်ရောင်းချနိုင်ခြင်းမရှိခြင်းကြောင့် အခွန်သက်သာခွင့်တားဆီးရန် အီးယူအဖွဲ့ထံ တောင်းဆိုကြောင်း ဦးအောင်သန်းဦးက ပြောသည်။

 

‘‘ဒီဘက်က ဈေးပေါပေါနဲ့ ဝင်ရောက်လာလို့ သူတို့လယ်သ မားတွေ နစ်နာတာကြောင့် အဖွဲ့ ကို တင်ပြထားတာပါ’’ ဟု ဦးအောင်သန်းဦးက ပြောသည်။

 

မြန်မာနိုင်ငံအပေါ် GSP အခွင့်အရေးဆက်ပေး၊ မပေးကို လာမည့်ရက်ပိုင်းအတွင်း အီးယူ အဖွဲ့က ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

လက်ရှိ အီးယူအဖွဲ့က တား ဆီးလိုသည့် ဆန်အမျိုးအစား သည် ဆန်လုံးရှည်ဖြစ်သည်။ မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်အမျိုးအစားသည် ဆန်လုံးပုနှင့် ဆန်ကွဲအမျိုးအစားဖြစ်သည်ဟု ဆိုသည်။  GSP အခွင့်အရေး ပြန် လည်သုံးသပ်မည့် အီးယူအဖွဲ့သို့ ဖြေရှင်းချက်များကို စီးပွားကူး သန်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့က နိုဝင် ဘာက တင်ပြထားကြောင်း ဦး အောင်သန်းဦးက ပြောသည်။

 

ယခုနှစ် မြန်မာနိုင်ငံမှ ပြည်ပ သို့ ဆန်တင်ပို့မှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် လျော့နည်း သည်။ တရုတ်နိုင်ငံမှ ဝယ်လိုအား လျော့နည်းမှုကြောင့် ပြည်ပတင် ပို့မှုလျော့နည်းခြင်း ဖြစ်သည်ဟု ဆန်ကုန်သည်အချို့က ပြောကြား သည်။  တရုတ်နိုင်ငံမှ နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းပိတ်နေ ချိန်တွင် အခြားနိုင်ငံဈေးကွက် များသို့ တိုးမြှင့်တင်ပို့နိုင်ရန် မြန်မာ့ဆန်စပါးစံချိန်၊ စံညွှန်း၊ အရည်အ သွေးများပြင်ဆင်ရေး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆောင် ရွက်နေသည်။

 

စပါးတစ်တင်း ၄၆ ပေါင် သတ်မှတ်ပြီး အမှိုက်၊ ဖုန်၊ သဲ၊ ခဲ ရှင်းလင်းရေး၊ ဆန်အရည်အသွေး ကွဲပြားမှုအခြေအနေများ၊ စံချိန်စံ နှုန်းများ နိုင်ငံတကာနှင့် တန်းတူ ဖြစ်စေရေး၊ တိုင်းတာသည့် ခေတ်မီကိရိယာများ သုံးစွဲနိုင်ရေးတို့ကို ပြောင်းလဲနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်။

လက်ရှိတွင် စံချိန်၊ စံညွှန်း၊  အရည်အသွေးများ ပြင်ဆင်မှု ဆန်၌ ၉၅ ရာခိုင်နှုန်းပြီးစီးနေပြီး စပါးတွင် ၆၀ ရာခိုင်နှုန်းပြီးစီးပြီဟု ဦးအောင်သန်းဦးက ပြောသည်။

 

မြန်မာ့ဆန်စပါး စံချိန်၊ စံ ညွှန်း၊ အရည်အသွေးများ ပြင်ဆင် ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC)နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

 

ှSource: 7 days new

Read times
Rate this item
(0 votes)