Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ကုန်ပစ္စည်းတန်ချိန် ငါးသိန်းကျော်တင်ပို့ခဲ့ရာ နှစ်ပေါင်း ၂၀ အတွင်း အများဆုံး တင်ပို့နိုင်ခြင်းဖြစ်ပြီး တန်ဖိုး ဒေါ်လာ သန်း ၇၀၀ ရရှိမည်

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မကုန်မီ မတ်လ ၁၁ ရက်အထိ ပြည်ပနိုင်ငံများသို့ ရေထွက်ပစ္စည်းတင်ပို့နိုင်ခဲ့မှုမှာ

၅၂၂၃၀၀ ဒသမ ၂၆၁ တန်ဖြစ်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၆၂ ဒသမ ၉၇၃ ရရှိကြောင်း၊ ဘဏ္ဍာရေးနှစ်ကုန်တွင် ရေထွက်ပစ္စည်း ပြည်ပတင်ပို့နိုင်မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၀၀ ရရှိနိုင်မည်ဟု ခန့်မှန်းပြီး နှစ်ပေါင်း ၂၀ အတွင်း ရေထွက်ပစ္စည်းတင်ပို့နိုင်မှု အများဆုံးတန်ချိန်နှင့် တန်ဖိုးဖြစ်လာမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။

 

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ပြည်ပနိုင်ငံများသို့ ရေထွက်ပစ္စည်းများ တင်ပို့ဆောင်ရွက်ခဲ့ရာတွင် စာရင်းမှတ်တမ်းများအရ ၁၉၉၇-၉၈ ဘဏ္ဍာရေးနှစ်တွင် တင်ပို့သည့်တန်ချိန် ၇၄၁၇၉ ဒသမ ၉ မက်ထရစ်တန်မှ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၆၇ ဒသမ ၀၉ ရရှိခဲ့ပြီး ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် တန်ချိန်အားဖြင့် ၃၈၆၉၈၁ ဒသမ ၃၂၄ မက်ထရစ်တန်နှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၅၃ ဒသမ ၈၅ ရှိခဲ့ကြောင်း သိရပါတယ်။

 

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများအား ပြည်ပနိုင်ငံများသို့ ထုတ်လုပ်တင်ပို့ရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာ ကုန်ပစ္စည်းဝယ်ယူသည့် နိုင်ငံများ၏ လိုအပ်ချက် ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး အတွက် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

 

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကာလဖြစ်တဲ့ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းတင်ပို့သည့် နိုင်ငံပေါင်း ၃၀ ခန့်သာရှိခဲ့ပြီး ယခုအခါ အီးယူနိုင်ငံများအပါအ၀င် နိုင်ငံပေါင်း ၄၀ ကျော်သို့ တိုးချဲ့တင်ပို့လျက်ရှိကြောင်း သိရပါတယ်။

 

ဈေးကွက်ကျယ်ပြန့်ပြီး ဈေးနှုန်းပိုမိုရရှိသော အီးယူဈေးကွက်သို့ မြန်မာနိုင်ငံမှ မွေးမြူရေးရေထွက်ပစ္စည်းများ တိုးချဲ့တင်ပို့နိုင်ရေးအတွက် ၂၀၁၄ ခုနှစ်မှစ၍ မွေးမြူရေးငါးများတွင် ဓာတုဓာတ်ကြွင်းများ ကင်းစင်စေရန် ငါးများအား နမူနာကောက်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်းများ၊ လစဉ်ဆောင်ရွက်ပေးပြီး အီးယူ၏ ကျန်းမာရေးနှင့် အစားအသောက် ဘေးကင်းလုံခြုံမှုဌာနသို့ ဆောင်ရွက်မည့် အစီအမံများနှင့် တိုးတက်မှုများအား နှစ်စဉ်ပေးပို့ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

ငါးလုပ်ငန်းဦးစီးဌာနသည် ရေထွက်ပစ္စည်းတင်ပို့နေသော ပုဂ္ဂလိက လုပ်ငန်းရှင်များ ပြုပြင်ထုတ်လုပ်သည့် အအေးခန်း စက်ရုံလုပ်ငန်းရှင်များ၊ ငါး/ပုစွန် မွေးမြူရေးလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

Source: Myanma Alinn

Read times Last modified on Wednesday, 19 September 2018 11:15
Rate this item
(1 Vote)