Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးဈေးကွက် စိုက်ပျိုးထုတ်ကုန်အမျိုးမျိုး ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

မန္တလေးဈေးကွက် စိုက်ပျိုးထုတ်ကုန်အမျိုးမျိုး ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

 

မန္တလေးကုန်စည်ဒိုင်ပဲမျိုးစုံရောင်းဝယ်မှုအခြေအနေ

 မန္တလေးဈေးကွက်တွင် ယခုအပတ် ပဲမျိုးစုံရောင်းဝယ်မှုအခြေအနေကို လေ့လာလျှင် ယခင်အပတ်ထက် မတ်ပဲဈေးနှုန်းမှာ ငွေဈေးတည်ငြိမ်ခြင်း ၊ ရန်ကုန်ဝယ်လက်ရှိခြင်းတို့ကြောင့် ၆၀ ပိဿာ ၁၃၅၀၀၀ ကျပ် မှ ၁၃၆၅၀၀ ကျပ် သို့ ဈေးမြင့်လာသည်။

ပဲတီစိမ်း(အညာ)မှာ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားမှုရှိခြင်းကြောင့် ယခင်အပတ် ၁၂၇၃၃၀ ကျပ် မှ ယခုအပတ် ပျမ်းမျှ ၁၁၆၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ပဲပုတ်(မြန်မာ/ရှမ်း)တို့အနက် ပဲပုတ်(မြန်မာ)မှာ မြို့တွင်းသုံး ပုံမှန်ဝယ်ယူမှုရှိသော်လည်း မိုးလက်ကျန်နည်းခြင်း၊ဆောင်းပဲစိုက်ပျိုးစဖြစ်ခြင်းတို့ကြောင့် ၅၃.၂၅ ပိဿာ ယခင်အပတ် ၁၄၄၀၀၀ ကျပ် မှ ယခုအပတ် ၁၄၉၀၀၀ ကျပ်ထိ ဈေးမြင့်လာသည်။ပဲပုတ်(ရှမ်း)မှာ ဆီစက်သမားဝယ်ယူမှု ပုံမှန်ရှိခြင်း ၊ အရည်အသွေးပေါ်မူတည်၍ ဈေးအမျိုးမျိုး ကွာခြားခြင်းတို့ကြောင့် ယခင်အပတ် ၅၃.၂၅ ပိဿာ ၁၀၄၆၆၀ ကျပ် မှ ယခုအပတ် ၉၄၀၀၀ကျပ်သို့ဈေးနိမ့်သွားသည်။

ကုလားပဲ(လုံးဝါကြီး/လုံးဖြူကြီး)တို့မှာ လက်ကျန်ပစ္စည်းနည်းခြင်း၊ စတင်စိုက်ပျိုးစကာလဖြစ်ခြင်း ၊ မြို့တွင်းပဲခွဲစက်နှင့် ပဲကြော်/လှော်လုပ်ငန်းရှင်များ ဝယ်ယူမှုရှိခြင်းတို့ကြောင့် လုံးဝါကြီး ၅၆.၂၅ ပိဿာ ယခင်အပတ် ၁၀၉၀၀၀ ကျပ် မှ ယခုအပတ် ၁၁၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ကုဖြူကြီး ၅၇.၂၅ ပိဿာ ၁၂၂၅၀၀ ကျပ် ဖြင့်လည်းကောင်း ဈေးတည်ငြိမ်နေပါသည်။

အရောင်းအဝယ်အေးခြင်းကြောင့် ယခုအပတ် ပဲယင်း ၆၀ ပိဿာ ၁၁၀၀၀၀ကျပ် ၊ မြေတောက်ပဲ ၅၄ပိဿာ ၁၅၇၅၀၀ ကျပ် သို့လည်းကောင်း ၊ ထောပတ်ပဲ(ကြီး) ၅၆.၂၅ ပိဿာ ၁၃၀၀၀၀ ကျပ် ၊ စားတော်ပဲ(ကျွန်း) ၅၉.၂၅ ပိဿာ၂၂၀၀၀၀ ကျပ်တို့ဖြင့် အသီးသီး ဈေးတည်ငြိမ်နေပါသည်။ပဲလွန်းဖြူ ၊ ပဲလွန်းပြာမှာ စတင်စိုက်ပျိုးစကာလဖြစ်၍ လက်ကျန်နည်းခြင်း ၊ လက်လီသမားဝယ်ယူမှု ပုံမှန်ရှိသဖြင့် ယခင်အပတ် ပဲလွန်းဖြူ ၆၀ ပိဿာ ၁၅၀၀၀၀ ကျပ် မှ ၁၅၄၀၀၀ ကျပ်သို့ ဈေးမြင့်သွားပြီး ပဲလွန်းပြာမှာ မြို့တွင်းသုံးဝယ်ယူမှုနည်းခြင်းကြောင့် ပဲလွန်းပြာ ၅၄.၂၅ ပိဿာ ၉၂၅၀၀ ကျပ် မှ ၉၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ဆီထွက်သီးနှံနှင့်ဆီဈေးကွက်အခြေအနေ

 မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ(လုံးဆန်)မှာ ကျောက်ပန်းတောင်း ၊ မြင်းမူ ၊ ရွှေဘို မှ အသစ်များဝင်ရောက်ခြင်း ၊ အရည်အသွေးကောင်းခြင်းကြောင့် ၁၀၀ ပိဿာ ၂၉၂၅၀၀ ကျပ် မှ ၃၁၅၀၀၀ ကျပ်သို့လည်းကောင်း ၊ ပို၍အရည်အသွေးကောင်းသော မြေပဲအား မျိုးအဖြစ် ၁၀၀ ပိဿာ ၃၂၀၀၀၀ ကျပ် ထိ ဈေးပေး ဝယ်ယူကြပါသည်။

နှမ်းမျိုးစုံ ဈေးနှုန်းအနေဖြင့် နှမ်းဖြူမှာ ဆီစက်သမား ဝယ်ယူမှုပုံမှန်သာရှိခြင်း ၊ ပြည်ပပို့ရန် ဝယ်ယူမှုနည်းခြင်း ၊ ဆောင်းနှမ်းပေါ်ချိန်နီးခြင်း တို့ကြောင့် ၄၅ပိဿာ ပျမ်းမျှ ၁၅၂၅၀၀ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။နှမ်းညို / နှမ်းနက် /နှမ်းဝါတို့မှာလည်း အသစ်ဝင်ရောက်မှုရှိခြင်း ၊ ပြည်ပတင်ပို့ရန် ဝယ်ယူမှုနည်းခြင်းတို့ကြောင့် နှမ်းညို ယခင်အပတ်  ၄၅ ပိဿာလျှင် ၁၂၉၀၀၀ကျပ် မှ ယခုအပတ် ၁၂၇၀၀၀ကျပ် သို့လည်းကောင်း ၊ နှမ်းနက် ၄၅ ပိဿာ ယခင်အပတ် ၁၂၈၀၀၀ ကျပ် မှ ယခုအပတ် ၁၃၅၀၀၀ ကျပ်သို့လည်းကောင်း ၊ နှမ်းဝါမှာ ပစ္စည်းရှားသဖြင့် ယခင်အပတ် ၁၃၂၅၀၀ ကျပ်  မှ ၁၃၅၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။

ပန်းနှမ်းရောင်းဝယ်မှုအနေဖြင့် ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ယခင်အပတ် ၄၅ ပိဿာ ၈၀၀၀၀ ကျပ် မှ ၇၉၀၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။နေကြာမှာ မိုးနေကြာ လက်ကျန်နည်းခြင်း ၊ ဆောင်းနေကြာမဝင်သေးခြင်းကြောင့် ၂၇ ပိဿာ ၆၀၀၀၀ကျပ် မှ ၆၁၀၀၀ကျပ် သို့ အသီးသီးဈေးမြင့်နေပါသည်။

ဆီဈေးနှုန်းအနေဖြင့် ပဲဆီ တစ်ပိဿာ ၅၅၀၀ ကျပ် မှ ၆၀၀၀ ကျပ် ၊ နှမ်းဆီတစ်ပိဿာ ၆၀၀၀ကျပ် ၊ ပဲပုတ်ဆီ ၃၅၀၀ ကျပ် ၊ နေကြာဆီ ၆၀၀၀ ကျပ် ၊ စားအုန်းဆီ ၄၃၄၀ ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။

 

ကိုင်းတန်းဈေးရောင်းဝယ်ဖောက်ကားမှုအခြေအနေ

 မန္တလေးကိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင် နယ်စုံမှ ကြက်သွန်များ  ၊ အကြီး တစ်ပိဿာ ယခင်အပတ် ၅၀၀ကျပ်မှ ၄၀၀ ကျပ်  ၊ လတ် တစ်ပိဿာ ၄၀၀ ကျပ် မှ ၃၀၀ ကျပ် ၊ သေးတစ်ပိဿာ ၃၀၀ ကျပ် မှ ၂၀၀ ကျပ်သို့ ဈေးအသီးသီးနိမ့်နေပါသည်

။ယခုအပတ် မြင်းခြံ ၊ ပခုက္ကူတို့မှ မိုးကြက်သွန် တန်ချိန် ၅၀၀၀၀ခန့် ဝင်ရောက်ပြီး အရွယ်အစားမခွဲဘဲ တစ်ပိဿာ ၃၀၀ ကျပ်ဖြင့် ဝင်ရောက်မှုရှိပါသည်။ ကြက်သွန်ဖြူ(တရုတ်) မှာ အဝင်နည်း ၊ ပစ္စည်းနည်းသဖြင့် ယခင်အပတ် တစ်ပိဿာ ၅၀၀၀ ကျပ် မှ ၅၅၀၀ ကျပ်သို့လည်းကောင်း ၊ ကြက်သွန်ဖြူ(မြေပြန့်)မှာ အသစ်မဝင်သေးသဖြင့် ပစ္စည်းကောင်းရှားပြီး တစ်ပိဿာ အနည်းဆုံး ၁၈၀၀ ကျပ် မှ အမြင့်ဆုံး ၃၀၀၀ကျပ်ထိ ဈေးရှိပြီး ကြက်သွန်ဖြူ(ရှမ်း)မှာ တစ်ပိဿာလျှင် အနိမ့်ဆုံး ၁၂၀၀ ကျပ် မှ အမြင့်ဆုံး ၂၀၀၀ ကျပ် ဈေးရှိပါသည်။

အာလူးဈေးနှုန်းမှာ အောင်ပန်းအာလူးအဝင်နည်းသွားခြင်းကြောင့် အိုကေတစ်ပိဿာ ၁၈၀၀ ကျပ် မှ ၂၀၀၀ ကျပ် ၊ အေဝမ်းတစ်ပိဿာ ၁၇၀၀ ကျပ် ၊ ဆွဲတစ်ပိဿာ ၁၄၀၀ ကျပ်ဖြင့် ဈေးမသိမသာမြင့်နေပါသည်။

 ဟင်းသီး/ရွက်ဈေးနှုန်းအနေဖြင့် ပန်းမုံလာ နှင့် ဂေါ်ဖီထုတ်များ အဝင်များလာသဖြင့် ပန်းမုံလာတစ်ပွင့် ၉၀၀ ကျပ် မှ ၈၀၀ ကျပ် ၊ ဂေါ်ဖီထုတ် တစ်ထုတ် ၈၀၀ ကျပ် မှ ၇၀၀ ကျပ် သို့ ဈေးမသိမသာနိမ့်သွားပါသည်။

ပြင်ဦးလွင်မှ ထိုင်ဝမ် ပြောင်းဖူးများ အဝင်နည်းခြင်း ၊ လက်လီသမား အဝယ်များခြင်းကြောင့် ၁၀၀ဖူးလျှင် အရည်အသွေးပေါ်မူတည်၍ ၁၈၀၀၀ ကျပ် မှ ၂၀၀၀၀ကျပ် သို့ ဈေးမြင့်လာသည်။အင်းသီးများ ရာသီကုန်ဖြစ်၍ ၂၀ပိဿာ တစ်သေတ္တာလျှင် ၃၅၀၀၀ ကျပ် မှ ၄၀၀၀၀ ကျပ် သို့ ဈေးမြင့်နေသည်။

မုံလာဥ ၅လုံး တစ်စည်း ၃၅၀ ကျပ် ၊ ခရမ်းသီး တစ်ပိဿာ ၅၀၀ ကျပ် မှ ၆၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။

သစ်သီးဝလံဈေးနှုန်းအနေဖြင့် ပန်းသီးအိတ်စွပ်များ ဝင်ရောက်ပြီး အလုံးရေ (၉၀) မှ (၁၁၀)ထိ ပါဝင်သော ဂျပ်ဖာတစ်ခုလျှင် ၃၉၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။ထောပတ်သီးဈေးနှုန်းအနေဖြင့် ၁၀ လုံးလျှင် ၂၀၀၀ ကျပ် မှ ၂၅၀၀ ကျပ်  ၊ နာနတ်သီး တစ်လုံး ၂၅၀ ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။

မြန်မာစပျစ်သီးများ ဝင်ရောက်မှုမရှိဘဲ ထိုင်ဝမ်စပျစ်အလုံးကြီးများကိုသာတွေ့ရသည်။

လိမ္မော်သီးဈေးနှုန်းအနေဖြင့်အရည်အသွေးပေါ်မူတည်၍ ၁၀၀ ပိဿာ လျှင် ၁၅၀၀၀၀ ကျပ် မှ ၂၂၀၀၀၀ ကျပ် ထိ ဈေးအသီးသီးဖြင့် ရောင်းဝယ်နေကြောင်းသိရသည်။

Market Information Service- DOP- MOALI

Read times
Rate this item
(0 votes)