Food & Livestock
အန္ဒိယပေါင်းဆန် ဗီယက်နမ်ဆန် ထိုင်းဆန် ဈေးနှုန်းများ
အန္ဒိယပေါင်းဆန် ဗီယက်နမ်ဆန် ထိုင်းဆန် ဈေးနှုန်းများ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အိန္ဒိယပြည်ပပို့ကုန် ဆန်ဈေး ယခုသီတင်းပတ်အတွင်း ခိုင်မာသော ဝယ်လိုအားကြောင့် ဈေးတက်ပါတယ်။
.
ကိုရိုနာ ဗိုင်းရပ်စ် ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်တဲ့ တရုတ်ပြည်ရဲ့ အခြေအနေကြောင့် တရုတ်နိုင်ငံသုိ့ ဆန်တင်ပို့မှု တိုးလာဖို့ မျှော်လင့်တာကြောင့် ဗီယက်နမ်မှာ ငါးလကျော်ကာလအတွင်း ပြည်ပပို့ကုန် ဆန်ဈေး အမြင့်ဆုံးကို ရောက်သွားပါတယ်။
.
၅% ဆန်ကွဲပါ အန္ဒိယပေါင်းဆန် <RI-INBKN5-P1> အမျိုးအစား ခေါ်ဈေး တစ်တန် $375 ~ $382 ဖြစ်ပါတယ်။ ယခင်သီတင်းပတ်မှာ $374 ~ $380 ဖြစ်ခဲ့ပါတယ်။ ဆန်သစ်တွေ ဝင်လာနေတာကြောင့် ဈေးပြန်ကျနိုင်ပါတယ်။
ဆန်တင်ပို့သူများအသင်း Rice Exporters Association ဥက္ကဋ္ဌ B.V. Krishna Rao က ပို့ကုန်ပေါင်းဆန် ဝယ်လိုအားက ဆန်ဖြူထက် ပိုကောင်းနေတယ်။ အန္ဒိယဆန်တွေက အခြားနိုင်ငံမှ ဆန်တွေကို ဈေးနှုန်ူအရ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေဆဲဖြစ်ကြောင်း ပြောကြားပါတယ်။
.
၅% ဆန်ကွဲပါ ဗီယက်နမ်ဆန် <RI-VNBKN5-P1> တစ်တန် $458 ခေါ်ဈေး ရှိပါတယ်။ ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်း ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က $448-$453 ဖြစ်ပါတယ်။
တရုတ်ပြည်သို့ ဆန်တင်ပို့မှု ပိုများလာမယ်လို့ မျှော်မှန်းထားကြပါတယ်။
၂၀၂၂ ဗီယက်နမ်ဆန် ပြည်ပတင်ပို့မှု တန်ချိန် ၇.၂၂ သန်း ရှိမယ်လို့ ခန့်မှန်းပါတယ်။
.
၅% ဆန်ကွဲပါ ထိုင်းဆန် <RI-THBKN5-P1> အမျိုးအစား ခေါ်ဈေး တစ်တန် $452-$465 ရှိပြီး ယခင်သီတင်းပတ်မှာ $452-$460 ဖြစ်ပါတယ်။ ဘတ်ငွေ ပြန်မာလာတဲ့အတွက် ဆန်ဈေး မြင့်တက်လာမှာ ဖြစ်ပါတယ်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



