Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နွေစပါးဈေး ကျဆင်းမှုထိန်းရန် ကုန်သည်များ ရက်တိုချေးငွေလိုအပ်ပါက ဆန်စပါးအသင်းချုပ်က ကူညီမည်

အခြေခံရည်ညွှန်းစပါး ဈေးနှုန်းအောက် ရောက်ရှိပါက သတ်မှတ်ဈေး ကျပ်ငါးသိန်းဖြင့် ဝယ်ယူနိုင်ရန်

ငွေကြေးလိုအပ် သည့် ပြည်တွင်း၊ ပြည်ပ ဆန်ကုန် သည်များ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်သို့ ကာလတိုချေးငွေ တင်ပြလျှောက်ထားနိုင်သည်။

 

ပြည်တွင်းဈေးကွက်တွင် တစ်တင်း ၄၆ ပေါင် သတ်မှတ် ချက်ဖြင့် နွေစပါး တင်းတစ်ရာ ဈေးနှုန်း ကျပ်ငါးသိန်းနီးပါး ကျဆင်းလာသည်။ ထိုကဲ့သို့ စပါး ဈေးကျဆင်းလာမှုကို အခြေခံ ဈေးနှုန်းအောက် မကျလာစေရေး ဆန်ကုန်သည်၊ ဆန်စက်ပိုင်ရှင် များ အပါအဝင် အထူးပြုကုမ္ပဏီများက စပါးဝယ်ယူစုဆောင်းနိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ရက် ၉၀ ကာလတို ချေးငွေရရှိရေး ဆောင်ရွက်ပေးမည်ဟု အကြောင်းကြားစာ ထုတ်ပြန် သည်။

 

‘‘အခြေခံဈေးအောက် မရောက်အောင် ကြားကကုန် သည်တွေက ထိန်းပြီး ဝယ်ပေးနိုင် ဖို့ ငွေထည့်ပေးမယ့်သဘောပါ’’ ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေ လင်းဇင်က ပြောသည်။

 

ပြည်တွင်း စပါးဈေးသည် အခြေခံရည်ညွှန်း စပါးဈေးနှုန်း သတ်မှတ်စဉ်က တင်းတစ်ရာ လျှင် ကျပ်ခြောက်သိန်းခွဲခန့် ရှိခဲ့ သည်။၂၀၁၈ နွေစပါးပေါ်ချိန်တွင် စပါး၊ ဆန် ဝယ်ယူရေးအတွက် ကာလတိုချေးငွေ (ရက် ၉၀ ချေး ငွေ) စီစဉ်ပေးရာ၌ ဆန်စက် လုပ်ငန်းရှင်များ၊ ဆန်ပြည်ပတင် ပို့သူများ၊ ဆန်ကုန်သည်များနှင့် ဆန်စပါးအထူးပြု ကုမ္ပဏီများ သာ လျှောက်ထားနိုင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် က ကြေညာထားသည်။

 

ချေးငွေလျှောက်ထားသူ သည် ဆန်စပါးအခြောက်ခံစက် များ တပ်ဆင်ထားသည့် သို လှောင်ရုံများရှိရန် လိုအပ်ပြီး ဆန် စပါးလုပ်ငန်းနှင့်ပတ်သက်၍ အတွေ့အကြုံအနည်းဆုံး ၂ နှစ် ရှိရမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

 

၂၀၁၈ နွေစပါးနှင့် စပါး အသစ်ပေါ်ချိန်တွင် စပါးတင်း ၁၀၀ လျှင် ကျပ်ငါးသိန်းဈေးနှုန်း ကို အခြေခံ၍ ဝယ်ယူရန် မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်က အသင်းဝင်ဆန်စက်များ၊ စပါး ကုန်သည်များ၊ အကျိုးဆောင်များ နှင့် ပုဂ္ဂလိက ကုမ္ပဏီများသို့ မတ်လ ၆ ရက်က ကြေညာချက် ထုတ်ပြန်အသိပေးထားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 14:36
Rate this item
(1 Vote)