Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


PET ဘူးခွံများကို တစ်ဖန်ပြန်လည် ထုတ်လုပ်ခြင်းဖြင့် ဝင်ငွေရရှိနိုင်

Unicode

 

အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ နှင့် မလေးရှား အာဆီယံခြောက်နိုင်ငံတို့တွင်PET ဘူးများ စွန့်ပစ်ခြင်း၊ တစ်ဖန်ပြန်လည် ထုတ်ကုန်ထုတ်လုပ်ခြင်းတို့နှင့် ပတ်သက်သော စစ်တမ်းတစ်ခုကို ကိုကာကိုလာ အထောက်အပံ့ဖြင့် ဆောင်ရွက်ခဲ့သည်။


ပလတ်စတစ် ထုပ်ပိုးပစ္စည်းများသည် များသောအားဖြင့် တစ်ခါသုံးအဖြစ်သာ သုံးကြပြီး လွှင့်ပစ်လိုက်ကြသည်က များသည်။ ကမ္ဘာပေါ်တွင် လွှင့်ပစ် ပလတ်စတစ် နှစ်စဉ် တန်ချိန် ၈ မှ ၁၂ သန်းအထိ ရှိမည်ဟု ခန့်မှန်းထားသည်။  လွှင့်ပစ်ကြသည်တို့တွင် ပင်လယ်သမုဒ္ဒရာအထိ ရောက်သည်များလည်း မုချ ရှိနေရာ၌ အဖျော်ယမကာထည့်ရန် သုံးသည့် PET ပုလင်း (PET bottle) များ စွန့်ပစ်မှုကို အဆိုပါ ခြောက်နိုင်ငံရှိ မြို့ကြီး ကိုးမြို့တို့တွင် စစ်တမ်းကောက်ယူပြီး FULL CIRCLE အမည်ဖြင့် အစီရင်ခံစာ ထုတ်ခဲ့ခြင်း ဖြစ်သည်။


အဆိုပါနိုင်ငံများနှင့် မြို့များမှာ အင်ဒိုနီးရှားနိုင်ငံမှ ဂျာကာတာမြို့၊ ဖိလစ်ပိုင်နိုင်ငံမှ မနီလာမြို့၊ ဗီယက်နမ်နိုင်ငံမှ ဟိုချီးမင်းမြို့နှင့် ဟနွိုင်းမြို့၊ ထိုင်းနိုင်ငံမှ ဘန်ကောက်မြို့နှင့် ဖူးခက်မြို့၊ မြန်မာနိုင်ငံမှ ရန်ကုန်မြို့နှင့် မန္တလေးမြို့၊ မလေးရှားနိုင်ငံမှ ကွာလာလမ်ပူမြို့တို့ ဖြစ်သည်။


အဓိက တွေ့ရှိချက်များ

အဆိုပါ ခြောက်နိုင်ငံတွင် ၂၀၁၈ ခုနှစ်တွင် အခြေမျဉ်းသုတေသနပြုချက်အရ PET(Polyethylene terephthalate) ဘူးခွံများ ပြန်လည်ရယူပြီး တစ်ဖန်ပြန်လည်သုံးစွဲသည့်နှုန်းသည် မြို့ကြီးများတွင် ၅၄ ရာခိုင်နှုန်း ရှိသည်။ စည်ပင်အမှိုက်ပုံသို့ ရောက်ရှိသည်မှာ ၃၆ ရာခိုင်နှုန်းရှိပြီး ပတ်ဝန်းကျင်သို့ ရောက်ရှိညစ်ညမ်းစေသည်မှာ ၁၀ ရာခိုင်နှုန်း ရှိသည်။


တစ်နိုင်ငံလုံး အတိုင်းအတာအရကြည့်လျှင် ပြန်လည်ရယူပြီး တစ်ဖန်ပြန်လည် ထုတ်ကုန်ထုတ်လုပ်သည်မှာ ၂၆ ရာခိုင်နှုန်းသာ ရှိသည်။ စည်ပင်အမှိုက်ပုံသို့ ရောက်သည်မှာ ၂၆ ရာခိုင်နှုန်း ရှိပြီး ပတ်ဝန်းကျင်ညစ်ညမ်းစေသည်မှာ ၄၈ ရာခိုင်နှုန်း ရှိသည်။


တစ်ဖန်ပြန်လည်သုံးစွဲခြင်း မပြုဖြစ်သည့် ပမာဏတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၉၉ သန်း ရှိသည်။


တစ်ဖန်ပြန်လည် ထုတ်ကုန်ထုတ်လုပ်ဖြစ်သည့် PET ဘူးခွံများတွင် မြို့ကြီးပြကြီးများတွင် တရားမဝင် ဘူးခွံများ လိုက်လံကောက်ယူပြီး ပြန်ရောင်းသည့်သူများကြောင့် ပြန်ရရှိသည်မှာ ၉၇ ရာခိုင်နှုန်း ဖြစ်ပေရာ ပလတ်စတစ်ဘူးခွံကောက်သူများကို အထင်သေးအမြင်သေး ဖြစ်ကြမည့်အစား တလေးတစား ဖြစ်သင့်သည်။


ပလတ်စတစ်ကောက်သူများ၏ အခန်းကဏ္ဍသည် ပင်မကျောရိုး ဖြစ်နေသည်။


Read More >>>>>>   အေမရိကန္ New Belgium Brewing ကို အာရွဘီယာလုပ္ငန္းမွဝယ္ယူ


PET ဘူးခွံများ တစ်ဖန်ပြန်သုံးဖို့ မလုပ်ဆောင်စေသည့်  အကြောင်းတရားများမှာ-


ပြန်သွင်းသည့်အခါ ရရှိမည့် ဈေးနှုန်းသည် မကာမိခြင်း


ဘူးခွံဒီဇိုင်းသည် ပြန်ရောင်းသည့်အခါ ဈေးကောင်းမရနိုင်ခြင်း


တစ်ဖန်ပြန်လည်သုံးစွဲ ထုတ်လုပ်ထားသည့် ပလတ်စတစ်ပစ္စည်းများ ရောင်းချရန် သင့်တင့်လျောက်ပတ်သော ဈေးကွက်မရှိခြင်း


လိုက်လံကောက်ယူသူတို့ မလာရောက်နိုင်သည့် နေရာမျိုးများတွင် စွန့်ပစ်ထားခြင်း


အမှိုက်များစွန့်ပစ်ရာ၌ အစို အခြောက် မခွဲခြားခြင်း၊ တစ်ဖန်ပြန်သုံးနိုင်သည့်အမှိုက်များကို သီးခြားခွဲ၍ မပစ်ခြင်းတို့ကြောင့် PET ဘူးခွံများကို ခွဲထုတ်ယူပြီး ကောက်ယူစုဆောင်းရန် ခက်ခဲခြင်း ပလတ်စတစ်ကောက်သူများကို တားမြစ်ခြင်း၊ အရေးယူခြင်းများ ရှိနေခြင်း များ ဖြစ်ကြသည်။


PET ဘူးခွံများဖြင့် ပလတ်စတစ်ထုတ်ကုန် ထုတ်လုပ်သည့်အခါ PET ဘူးခွံသည် အရောင်ဆိုးထားပါက ထုတ်ကုန်ကို ညစ်ထေးစေသဖြင့် ဘူးအကြည်များကိုသာ သုံးစွဲသင့်ကြသည်။

 

Read More >>>>>  ျမန္မာၾကက္သြန္နီဝယ္ရန္ ဘဂၤလားေဒ့ရွ္အစိုးရက သတင္းအခ်က္အလက္ စုေဆာင္းေန


တစ်နည်းဆိုရသော် လုပ်ငန်းရှင်များသည် တစ်ဖန်ပြန်သုံးရန် အဆင်ပြေမည့် ဒီဇိုင်းနှင့် အကြည်သားတို့ကိုသာ သုံးစွဲသင့်သည်။  ဂျပန်နိုင်ငံအပါအဝင် နိုင်ငံအချို့တို့တွင် အကြည်ဘူးများကိုသာ သုံးစွဲခွင့် ပေးထားပြီး အရောင်ထည့်သည့်  PET ဘူးများ သုံးစွဲခြင်းကို ပိတ်ပင်တားမြစ်ထားပြီးပြီ ဖြစ်သည်။


PVC labels/sleeves ကို PET ဘူးများတွင် သုံးစွဲခြင်းသည်လည်း တစ်ဖန်ပြန်လည် ထုတ်ကုန် ထုတ်လုပ်သည့်အခါ အခက်အခဲ ဖြစ်နေစေသည်။ အထူးသဖြင့် အစားအသောက်ထည့်ရန် အဆင့်မီ food-grade ပလတ်စတစ်ထုတ်ကုန် ထုတ်လုပ်ရာ၌ ခက်ခဲစေသည်။

 

နိုင်ငံခြောက်နိုင်ငံတွင် PET ဘူးခွံများ လိုက်လံကောက်ယူပြီး တစ်ဖန်ပြန်လည် ထုတ်ကုန်ထုတ်လုပ်ခြင်းတွင် မြန်မာနိုင်ငံသည် အမြင့်မားဆုံးဖြစ်သည်။


နိုင်ငံခြောက်နိုင်ငံမှ မြို့ကြီး ကိုးမြို့တွင် မြန်မာနိုင်ငံမှ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့သည် PET ဘူးခွံများ လိုက်လံ ကောက်ယူမှုသည် ရာခိုင်နှုန်းအမြင့်မားဆုံးဖြစ်သည်။ မန္တလေးမြို့သည် တရုတ်နိုင်ငံရှိ ပလတ်စတစ်လုပ်ငန်းများထံ တင်ပို့ရန် လမ်းကြောင့်သင့်သဖြင့် ရန်ကုန်မြို့ထက် ရာခိုင်နှုန်း ပိုမြင့်မားသည်ဟု သုံးသပ်သည်။

 

စားသောက်ကုန်ကဏ္ဍတွင်အဖျော်ယမကာ၊ စားသုံးဆီ အစရှိသည့် အရည်စားသောက်ကုန်များအတွက် PET ဘူးများ သုံးစွဲမှုသည် တစ်နှစ်ထက် တစ်နှစ် ပိုများလာနေသည်။ အဆိုပါ ခြောက်နိုင်ငံတု့ိတွင် ၂၀၁၈ ခုနှစ်တွင်  PET ဘူးများ တန်ချိန် ၈၈၆ ၀၀၀ ရှိခဲ့သည်။

 

လာမည့် ၂၀၃၀ ခုနှစ်တွင် တန်ချိန် တစ်သန်းခွဲကျော် ရှိမည် ခန့်မှန်းသည်။ ထိုသို့ သုံးစွဲမှု များသည်နှင့်အမျှ စွန့်ပစ်ပမာဏလည်း များလာမည်ဖြစ်ပေရာ တစ်ဖန်ပြန်လည် ထုတ်ကုန်ထုတ်လုပ်မှုအပိုင်းတွင် လုပ်ငန်းများ ကုန်ကြမ်းများ ပိုမိုရယူကာ ထုတ်လုပ်မှု မြှင့်တင်ပေးခြင်းဖြင့် ချိန်ညှိပေးထားနိုင်ဖို့ လိုပေလိမ့်မည်။

#Myanmar Food Industry Directory

 

011



 

022

 

033

အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ ျမန္မာ၊ ဗီယက္နမ္၊ ထိုင္း၊ ႏွင့္ မေလးရွား အာဆီယံေျခာက္ႏိုင္ငံတို႔တြင္PET ဘူးမ်ား စြန္႔ပစ္ျခင္း၊ တစ္ဖန္ျပန္လည္ ထုတ္ကုန္ထုတ္လုပ္ျခင္းတို႔ႏွင့္ ပတ္သက္ေသာ စစ္တမ္းတစ္ခုကို ကိုကာကိုလာ အေထာက္အပံ့ျဖင့္ ေဆာင္ရြက္ခဲ့သည္။

 

ပလတ္စတစ္ ထုပ္ပိုးပစၥည္းမ်ားသည္ မ်ားေသာအားျဖင့္ တစ္ခါသုံးအျဖစ္သာ သုံးၾကၿပီး လႊင့္ပစ္လိုက္ၾကသည္က မ်ားသည္။ ကမ႓ာေပၚတြင္ လႊင့္ပစ္ ပလတ္စတစ္ ႏွစ္စဥ္ တန္ခ်ိန္ ၈ မွ ၁၂ သန္းအထိ ရွိမည္ဟု ခန္႔မွန္းထားသည္။  လႊင့္ပစ္ၾကသည္တို႔တြင္ ပင္လယ္သမုဒၵရာအထိ ေရာက္သည္မ်ားလည္း မုခ် ရွိေနရာ၌ အေဖ်ာ္ယမကာထည့္ရန္ သုံးသည့္ PET ပုလင္း (PET bottle) မ်ား စြန္႔ပစ္မႈကို အဆိုပါ ေျခာက္ႏိုင္ငံရွိ ၿမိဳ႕ႀကီး ကိုးၿမိဳ႕တို႔တြင္ စစ္တမ္းေကာက္ယူၿပီး FULL CIRCLE အမည္ျဖင့္ အစီရင္ခံစာ ထုတ္ခဲ့ျခင္း ျဖစ္သည္။


အဆိုပါႏိုင္ငံမ်ားႏွင့္ ၿမိဳ႕မ်ားမွာ အင္ဒိုနီးရွားႏိုင္ငံမွ ဂ်ာကာတာၿမိဳ႕၊ ဖိလစ္ပိုင္ႏိုင္ငံမွ မနီလာၿမိဳ႕၊ ဗီယက္နမ္ႏိုင္ငံမွ ဟိုခ်ီးမင္းၿမိဳ႕ႏွင့္ ဟႏြိဳင္းၿမိ္ဳ႕၊ ထိုင္းႏိုင္ငံမွ ဘန္ေကာက္ၿမိဳ႕ႏွင့္ ဖူးခက္ၿမိဳ႕၊ ျမန္မာႏိုင္ငံမွ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕၊ မေလးရွားႏိုင္ငံမွ ကြာလာလမ္ပူၿမိဳ႕တို႔ ျဖစ္သည္။

 

အဓိက ေတြ႕ရွိခ်က္မ်ား

အဆိုပါ ေျခာက္ႏိုင္ငံတြင္ ၂၀၁၈ ခုႏွစ္တြင္ အေျခမ်ဥ္းသုေတသနျပဳခ်က္အရ PET(Polyethylene terephthalate) ဘူးခြံမ်ား ျပန္လည္ရယူၿပီး တစ္ဖန္ျပန္လည္သုံးစြဲသည့္ႏႈန္းသည္ ၿမိဳ႕ႀကီးမ်ားတြင္ ၅၄ ရာခိုင္ႏႈန္း ရွိသည္။ စည္ပင္အမႈိက္ပုံသို႔ ေရာက္ရွိသည္မွာ ၃၆ ရာခိုင္ႏႈန္းရွိၿပီး ပတ္၀န္းက်င္သို႔ ေရာက္ရွိညစ္ညမ္းေစသည္မွာ ၁၀ ရာခိုင္ႏႈန္း ရွိသည္။

 

တစ္ႏိုင္ငံလုံး အတိုင္းအတာအရၾကည့္လွ်င္ ျပန္လည္ရယူၿပီး တစ္ဖန္ျပန္လည္ ထုတ္ကုန္ထုတ္လုပ္သည္မွာ ၂၆ ရာခိုင္ႏႈန္းသာ ရွိသည္။ စည္ပင္အမႈိက္ပုံသို႔ ေရာက္သည္မွာ ၂၆ ရာခိ္ုင္ႏႈန္း ရွိၿပီး ပတ္၀န္းက်င္ညစ္ညမ္းေစသည္မွာ ၄၈ ရာခိုင္ႏႈန္း ရွိသည္။


တစ္ဖန္ျပန္လည္သုံးစြဲျခင္း မျပဳျဖစ္သည့္ ပမာဏတန္ဖိုးသည္ အေမရိကန္ေဒၚလာ ၁၉၉ သန္း ရွိသည္။

 

တစ္ဖန္ျပန္လည္ ထုတ္ကုန္ထုတ္လုပ္ျဖစ္သည့္ PET ဘူးခြံမ်ားတြင္ ၿမိဳ႕ႀကီးျပႀကီးမ်ားတြင္ တရားမ၀င္ ဘူးခြံမ်ား လိုက္လံေကာက္ယူၿပီး ျပန္ေရာင္းသည့္သူမ်ားေၾကာင့္ ျပန္ရရွိသည္မွာ ၉၇ ရာခိုင္ႏႈန္း ျဖစ္ေပရာ ပလတ္စတစ္ဘူးခြံေကာက္သူမ်ားကို အထင္ေသးအျမင္ေသး ျဖစ္ၾကမည့္အစား တေလးတစား ျဖစ္သင့္သည္။

 

ပလတ္စတစ္ေကာက္သူမ်ား၏ အခန္းက႑သည္ ပင္မေက်ာ႐ိုး ျဖစ္ေနသည္။

 

Read More >>>>>>   အေမရိကန္ New Belgium Brewing ကို အာရွဘီယာလုပ္ငန္းမွဝယ္ယူ


PET ဘူးခြံမ်ား တစ္ဖန္ျပန္သုံးဖို႔ မလုပ္ေဆာင္ေစသည့္  အေၾကာင္းတရားမ်ားမွာ- 

 

ျပန္သြင္းသည့္အခါ ရရွိမည့္ ေဈးႏႈန္းသည္ မကာမိျခင္း


ဘူးခြံဒီဇိုင္းသည္ ျပန္ေရာင္းသည့္အခါ ေဈးေကာင္းမရႏိုင္ျခင္း


တစ္ဖန္ျပန္လည္သုံးစြဲ ထုတ္လုပ္ထားသည့္ ပလတ္စတစ္ပစၥည္းမ်ား ေရာင္းခ်ရန္ သင့္တင့္ေလ်ာက္ပတ္ေသာ ေဈးကြက္မရွိျခင္း


လိုက္လံေကာက္ယူသူတို႔ မလာေရာက္ႏိုင္သည့္ ေနရာမ်ဳိးမ်ားတြင္ စြန္႔ပစ္ထားျခင္း


အမႈိက္မ်ားစြန္႔ပစ္ရာ၌ အစို အေျခာက္ မခြဲျခားျခင္း၊ တစ္ဖန္ျပန္သုံးႏိုင္သည့္အမႈိက္မ်ားကို သီးျခားခြဲ၍ မပစ္ျခင္းတို႔ေၾကာင့္ PET ဘူးခြံမ်ားကို ခြဲထုတ္ယူၿပီး ေကာက္ယူစုေဆာင္းရန္ ခက္ခဲျခင္း ပလတ္စတစ္ေကာက္သူမ်ားကို တားျမစ္ျခင္း၊ အေရးယူျခင္းမ်ား ရွိေနျခင္း မ်ား ျဖစ္ၾကသည္။

 

PET ဘူးခြံမ်ားျဖင့္ ပလတ္စတစ္ထုတ္ကုန္ ထုတ္လုပ္သည့္အခါ PET ဘူးခြံသည္ အေရာင္ဆိုးထားပါက ထုတ္ကုန္ကို ညစ္ေထးေစသျဖင့္ ဘူးအၾကည္မ်ားကိုသာ သုံးစြဲသင့္ၾကသည္။

 

Read More >>>>>  ျမန္မာၾကက္သြန္နီဝယ္ရန္ ဘဂၤလားေဒ့ရွ္အစိုးရက သတင္းအခ်က္အလက္ စုေဆာင္းေန

 

တစ္နည္းဆိုရေသာ္ လုပ္ငန္းရွင္မ်ားသည္ တစ္ဖန္ျပန္သုံးရန္ အဆင္ေျပမည့္ ဒီဇိုင္းႏွင့္ အၾကည္သားတို႔ကိုသာ သုံးစြဲသင့္သည္။  ဂ်ပန္ႏိုင္ငံအပါအ၀င္ ႏိုင္ငံအခ်ဳိ႕တို႔တြင္ အၾကည္ဘူးမ်ားကိုသာ သုံးစြဲခြင့္ ေပးထားၿပီး အေရာင္ထည့္သည့္  PET ဘူးမ်ား သုံးစြဲျခင္းကို ပိတ္ပင္တားျမစ္ထားၿပီးၿပီ ျဖစ္သည္။

 

PVC labels/sleeves ကို PET ဘူးမ်ားတြင္ သုံးစြဲျခင္းသည္လည္း တစ္ဖန္ျပန္လည္ ထုတ္ကုန္ ထုတ္လုပ္သည့္အခါ အခက္အခဲ ျဖစ္ေနေစသည္။ အထူးသျဖင့္ အစားအေသာက္ထည့္ရန္ အဆင့္မီ food-grade ပလတ္စတစ္ထုတ္ကုန္ ထုတ္လုပ္ရာ၌ ခက္ခဲေစသည္။

 

ႏိုင္ငံေျခာက္ႏိုင္ငံတြင္ PET ဘူးခြံမ်ား လိုက္လံေကာက္ယူၿပီး တစ္ဖန္ျပန္လည္ ထုတ္ကုန္ထုတ္လုပ္ျခင္းတြင္ ျမန္မာႏိုင္ငံသည္ အျမင့္မားဆုံးျဖစ္သည္။

 

ႏိုင္ငံေျခာက္ႏိုင္ငံမွ ၿမိဳ႕ႀကီး ကိုးၿမိဳ႕တြင္ ျမန္မာႏိုင္ငံမွ ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕တို႔သည္ PET ဘူးခြံမ်ား လိုက္လံ ေကာက္ယူမႈသည္ ရာခိုင္ႏႈန္းအျမင့္မားဆုံးျဖစ္သည္။ မႏၲေလးၿမိဳ႕သည္ တ႐ုတ္ႏိုင္ငံရွိ ပလတ္စတစ္လုပ္ငန္းမ်ားထံ တင္ပို႔ရန္ လမ္းေၾကာင့္သင့္သျဖင့္ ရန္ကုန္ၿမိဳ႕ထက္ ရာခိုင္ႏႈန္း ပိုျမင့္မားသည္ဟု သုံးသပ္သည္။

 

စားေသာက္ကုန္က႑တြင္အေဖ်ာ္ယမကာ၊ စားသုံးဆီ အစရွိသည့္ အရည္စားေသာက္ကုန္မ်ားအတြက္ PET ဘူးမ်ား သုံးစြဲမႈသည္ တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမ်ားလာေနသည္။ အဆိုပါ ေျခာက္ႏိုင္ငံတု႔ိတြင္ ၂၀၁၈ ခုႏွစ္တြင္  PET ဘူးမ်ား တန္ခ်ိန္ ၈၈၆ ၀၀၀ ရွိခဲ့သည္။

 

လာမည့္ ၂၀၃၀ ခုႏွစ္တြင္ တန္ခ်ိန္ တစ္သန္းခြဲေက်ာ္ ရွိမည္ ခန္႔မွန္းသည္။ ထိုသို႔ သုံးစြဲမႈ မ်ားသည္ႏွင့္အမွ် စြန္႔ပစ္ပမာဏလည္း မ်ားလာမည္ျဖစ္ေပရာ တစ္ဖန္ျပန္လည္ ထုတ္ကုန္ထုတ္လုပ္မႈအပိုင္းတြင္ လုပ္ငန္းမ်ား ကုန္ၾကမ္းမ်ား ပိုမိုရယူကာ ထုတ္လုပ္မႈ ျမႇင့္တင္ေပးျခင္းျဖင့္ ခ်ိန္ညိႇေပးထားႏိုင္ဖို႔ လိုေပလိမ့္မည္။

 

#Myanmar Food Industry Directory

Read times Last modified on Monday, 03 February 2020 13:02
Rate this item
(0 votes)