Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်တန်ချိန်လေးသိန်း တရားဝင်တင်ပို့ခွင့်ရရန် တရုတ်နှင့်ညှိနှိုင်း

ယခု ၂၀၁၉ ခုနှစ်အတွင်း ဆန်တန်ချိန်လေးသိန်းအထိ ဘိန်းအစားထိုး (ကိုတာ) စနစ်ဖြင့် တရားဝင်တိုးမြှင့်တင်ပို့ခွင့်ရရှိရန် ညှိနှိုင်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကုန်သည်စက်မှုအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၃ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ပြုလုပ်သည့် The 2nd China Myanmar Economic Corridor Forum သို့ တက်ရောက်စဉ် အလွတ်သဘောဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

 

၂၀၁၄ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံမှ ဝန်ကြီးချုပ်လာရောက်စဉ် ဘိန်းအစားထိုး (ကိုတာ) စနစ်ဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန်တစ်သိန်း တရားဝင်တင်ပို့ရန် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး တန်ချိန်တစ်သိန်းမှ လေးသိန်းအထိ တိုးမြှင့်တင်ပို့ခွင့်ရရန် ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

 

အဆိုပါဆွေးနွေးပွဲတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရေးကိစ္စများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

 

ထို့ပြင် ဆန်ကွဲကိုလည်း မြန်မာနိုင်ငံမှ ရောင်းသူနှင့် တရုတ်နိုင်ငံမှ ကုန်ဝယ်သူတို့အကြား အရောင်းအဝယ်စာချုပ်ချုပ်ဆို၍ တရားဝင်လိုင်စင်လျှောက်ကာ အခွန်ပေးဆောင်ပြီး ရောင်းဝယ်နိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အနေဖြင့် ဆန်၊ ဆန်ကွဲ တရားဝင်တင်ပို့မှုကို အားပေးမည်ဖြစ်ပြီး တရားမဝင်တင်ပို့မှုများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု အသိပေးပြောဆိုလိုက်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

 

“အဓိကက ဆန်ကိုပဲတရားဝင်ပို့နိုင်ဖို့ အရေးကြီးပါတယ်။ ဆန်ကွဲက ဆန်ကိုကြိတ်မှ ဆန်ကွဲရတာ။ အခု တရုတ်ကလည်း လုံခြုံရေးတင်းကျပ်နေတော့ ဆန်နဲ့ဆန်ကွဲအပြင် တစ်ခြားကုန်စည်တွေလည်း ပို့လို့မရသေးဘူး”ဟု ဆန်ကုန်သည်တစ်ဦးက သုံးသပ်ပြောကြားသည်။

 

လက်ရှိတွင်လည်း တရုတ်နိုင်ငံအတွင်း တရားမဝင်တင်ပို့သည့်ကုန်စည်များကို လုံခြုံရေးတင်းကျပ်ကာ စစ်ဆေးဖမ်းဆီးမှုများ ဆောင်ရွက်နေခြင်းကြောင့် မြန်မာကုန်သည်များ အခက်အခဲနှင့်ကြုံတွေ့နေရကြောင်း ယင်းကုန်သည်များထံမှ သိရသည်။

 

Source: The Voice

Read times
Rate this item
(1 Vote)