Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြောင်းဈေးနှုန်းကောင်းသော်လည်း အရည်အသွေးပိုင်းအားနည်းမှုကြောင့် အ၀ယ်အေးနေကြောင်း

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် ဈေးကောင်းပေးဝယ်လျက်ရှိသော်လည်း အရည်အသွေးပိုင်း

အားနည်းချက်ရှိခြင်းကြောင့် အ၀ယ်အေးနေကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများ အသင်းထံမှ သိရပါတယ်။

 

ပြောင်းသစ်တွေက အရင်လကတည်းက ထွက်နေပြီး မူဆယ်ဘက်မှာ ဈေးတက်နေကြောင်း သိရပါတယ်။ သို့ပေမယ့်လည်း အခုပြောင်းတွေက အရည်အသွေးနိမ့်နေတဲ့အတွက်ကြောင့် ၀ယ်လက်နည်းနေကြောင်း သိရပါတယ်။

 

ပြောင်းစိုက်ပျိုးသူများအနေဖြင့် ပေါင်းသတ်ဆေး၊ ဓာတုဗေဒဆေး၊ ဓာတုမြေဆီ၊ မြေသြဇာ အသုံးပြုခြင်းများ ရှိသောကြောင့် မြေဆီလွှာကို ပျက်စီးစေရုံသာမက ယင်း ဓာတုဓာတ်ကြွင်းများသည် ပြောင်း၏ အပေါ်ယံ များတွင် ကျန်ရစ်ခဲ့ခြင်းများရှိကာ ထွက်ရှိလာတဲ့ ပြောင်းအရည်အသွေးကို ထိခိုက်စေကြောင်း သိရပါတယ်။

 

လက်ရှိအနေအထားအရ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကယားပြည်နယ်ဘက်မှ ထွက်ရှိသော ပြောင်းများသည် ထိပ်စဖြူသည့်အတွက် ၀ယ်လက်များက အကြိုက်နည်းနေပြီး ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး တို့မှ ထွက်ရှိသော ပြောင်းများမျာ အရည်အသွေးကောင်းသဖြင့် အရောင်းအ၀ယ်ဖြစ်ထွန်းကြောင်း သိရပါတယ်။

 

နယ်ကပြောင်းတွေက ဒီကိုရောက်လာရင်တော့ တစ်ခါတစ်လေမှာ အပျက်အစီးတွေ တွေ့ရတယ်။ သူတို့က ပြောင်းကို ပုတ်တွေထဲမှာ ထားတယ်။ နောက်ဂိုဒေါင်တွေထဲမှာ ထားတဲ့အတွက်ကြောင့် အလင်းအမှောင် စနစ်တကျမရှိတာက ပြောင်းဖူးထဲမှာရှိတဲ့ အရည်အသွေးကို ကျဆင်းစေတယ်ဟု ပြောင်းဆန်၊ ပြောင်းဖူးဝယ်ရောင်းသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

 

ပြည်တွင်းမှထွက်ရှိသော တချို့ပြောင်းအမျိုးအစားများမှာ ကောင်းမွန်သော်လည်း နည်းစနစ်မှားယွင်းမှုများကြောင့် မလေးရှား၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ပြောင်းများနှင့် နှိုင်းယှဉ်ပါက အရည်အသွေးပိုင်း အားနည်းချက်များ ရှိနေကြောင်း သိရပါတယ်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြောင်းစိုက်ဧက သုံးသန်းခွဲခန့်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် မိုးပြောင်းအများဆုံး စိုက်ပျိုးကာ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့၊ ပျဉ်းမနားမြို့နှင့် လယ်ဝေးမြို့တို့၌ ဆောင်းပြောင်းစိုက်ပျိုး ကြောင်း သိရပါတယ်။

 

ပြောင်းကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အဓိက ၀ယ်ယူခြင်းဖြစ်ပြီး တရုတ်နိုင်ငံ သို့ ၉၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသို့ ၁၀ ရာခိုင်နှုန်း တင်ပို့ရောင်းချနေရကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 11:19
Rate this item
(1 Vote)