Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စမ်းသပ်ထုတ်လုပ်သော မြန်မာ့မြကျောက်သရက်သီးအနှစ် စည်သွတ်ဘူးများ အရောင်းသွက်

စမ်းသပ်ထုတ်လုပ်သော မြန်မာ့မြကျောက်သရက်သီးအနှစ် စည်သွတ်ဘူးများ အရောင်းသွက် google.com

မြန်မာရွှေသစ်သီးဝလံကုမဏီမှ စမ်းသပ်ထုတ်လုပ်သော မြကျောက်သရက်သီးအနှစ်စည်သွတ်ဘူးများမှာ

အရသာကောင်းမွန်ခြင်းကြောင့် ၀ယ်လိုအားမြင့်တက်နေကြောင်း မြန်မာ့ရွှေသစ်သီးဝလံကုမဏီ အထွေထွေမန်နေဂျာ ဦးစိုင်းအောင်ကျော်ထံမှ သိရပါတယ်။

 

ယင်းကုမဏီမှ မြကျောက်သရက်သီးအနှစ်စည်သွတ်ဘူး ထုတ်လုပ်ရောင်းချရာတွင် သရက်သီးနှင့်ပတ်သက်သော ကုန်ပစ္စည်းအသစ်ထုတ်လုပ်ရောင်းချခြင်းဖြစ်ကြောင်း၊ သရက်သီးအနှစ် စည်သွတ်ဘူးများကို ပြည်ပသို့တင်ပို့ရောင်းချနိုင်သည့် စားသောက်ကုန်ပစ္စည်းတစ်ခုအဖြစ် ထုတ်လုပ်ထားခြင်းဖြစ်ပြီး တစ်လတာကာလအတွင်း ထုတ်လုပ်ထားသမျှ အရေအတွက်အားလုံး ရောင်းချရကြောင်း သိရပါတယ်။

 

မြကျောက်သရက်သီးအနှစ်တွေကို ပေါင်မုန့်တွင် သုတ်စားလို့ရတဲ့အပြင် အခြားအစားအသောက်တွေမှာလည်း ရောနှောစားသုံးကြကြောင်း သိရပါတယ်။

 

၎င်းသရက်သီးအနှစ် စည်သွတ်ဘူးများကို လာမည့်နှစ်မှစ၍ ပြည်ပနိုင်ငံများမှ မှာယူမှုရှိသလောက် တင်ပို့ရောင်းချ ပေးမည်ဖြစ်ကြောင်း မြကျောက်သရက်သီးအနှစ် စည်သွတ်ဘူး ၄၅၀ ဂရမ်ပါဝင်သော ဘူးတစ်ဘူးလျှင် ငွေကျပ် နှစ်ထောင်ဖြင့် ရောင်းချပေးနေကြောင်း၊ နောက်ပိုင်းတွင် ပြည်တွင်းမှထွက်သော သရက်သီးများကိုလည်း စားသောက်ကုန်ပစ္စည်းများအဖြစ် ဆက်လက်ထုတ်လုပ်ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။

 

မြကျောက်သရက်သီးအနှစ်စည်သွတ်ဘူးကို ပြည်တွင်းကထွက်တဲ့ မြကျောက်သီးတွေကိုသာ အသုံးပြုပြီး ထုတ်လုပ်ထားကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Tuesday, 18 September 2018 15:43
Rate this item
(1 Vote)