Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့လယ်ယာ ပို့ကုန်ဝင်ငွေ ဧပြီလမှ ဇူလိုင်လအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇ ဘီလီယံသို့ ကျဆင်း

လက်ရှိဘဏ္ဍာရေးနှစ် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် ပထမလေးလတွင် မြန်မာ့လယ်ယာပို့ကုန်ဝင်ငွေသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ

ယမန်နှစ်ထက် ၁.၂၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ကန်ဒေါ်လာ ၁.၂၇ ဘီလျံခန့် ရရှိခဲ့ သည်။

 

 Hnin Taung

 

မြန်မာနိုင်ငံသည် ဘဏ္ဍာရေးနှစ်ကို ယခင်က အောက်တိုဘာလ အစပြုပြီး စက်တင်ဘာလတွင် အဆုံးသတ်သည်။ ယခု ဧပြီလတွင် အစပြုပြီး မတ်လတွင်အဆုံးသတ်ဖြစ်ရာ ပထမလေးလသည် ဧပြီလမှ ဇူလိုင်လအထိကို ဆိုလိုပါသည်။

 

လယ်ယာပို့ကုန်ဝင်ငွေ အနည်းငယ်ကျဆင်းခဲ့သော်လည်း နိုင်ငံ၏ စုစုပေါင်းပို့ကုန်တန်ဖိုးသည် ယခုနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင် ၂၉ ရက်အထိ ကန်ဒေါ်လာ ၅ ဒသမ ၄၉ ဘီလီယံကျော်ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၂၆ ဒသမ ၇၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အချက်အလက်များက ဖော်ပြသည်။

 

အဆိုပါကာလအတွင်း လယ်ယာထွက်ကုန်အားလုံးကို ပုဂ္ဂလိက ကဏ္ဍတစ်ခုတည်းကသာ လုပ်ဆောင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ မြန်မာ့လယ်ယာထွက်ကုန်များအနက် စပါးသည် စိုက်ပျိုးမှု အများဆုံးသီးနှံဖြစ်ပြီး ဆန်သည် ပြည်ပဈေးကွက်သို့ တင်ပို့သည့် အဓိကလယ်ယာထွက်ကုန်များထဲမှ တစ်ခုဖြစ်သည်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ ယခုနှစ် ဧပြီလမှ ဇူလိုင်လအတွင်း ဆန်နှင့် ဆန်ကွဲ ၇၃၃,၀၉၆ တန်ကျော် တင်ပို့နိုင်ခဲ့သည်။ မန္တလေးမှ ဆန်တင်ပို့သူ ဦးကျော်ဆန်းဦးက ယခုနှစ်တွင် ဆန်နှင့် ဆန်ကွဲအပါအဝင် လယ်ယာထွက်ကုန်များ တင်ပို့မှု ကျဆင်းခဲ့ကြောင်း၊ ငွေကြေး စည်းမျဉ်းများ ပြောင်းလဲခြင်းနှင့် ဆန်အထွက်နှုန်း နည်းခြင်းတို့ အပါအဝင် အချက်များစွာကြောင့် ကျဆင်းခဲ့ကြောင်း Xinhua သတင်းဌာနသို့ ပြောကြားသည်။

 

ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးများ မြင့်တက်လာပြီး ပြည်ပတင်ပို့ရန် ကုန်ကျသည့် စရိတ်စကများလည်း မြင့်တက်နေကြောင်း ၎င်းက ပြောကြားသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် (CBM) မှ နိုင်ငံတွင်းရှိ မည်သူမဆို နိုင်ငံခြားငွေကို ကျပ်ငွေအဖြစ်သို့ ပြောင်းလဲရန် အတင်းအကျပ် ဆောင်ရွက်ခဲ့ခြင်းကြောင့်လည်း ဆန်ပို့ကုန်လုပ်ငန်းများ ထိခိုက် ဆုံးရှုံးမှုများ ကြီးမားခဲ့သည်။

ပြောင်းလဲရန် အတင်းအကျပ် ဆောင်ရွက်ခဲ့ခြင်းကြောင့်လည်း ဆန်ပို့ကုန်လုပ်ငန်းများ ထိခိုက် ဆုံးရှုံးမှုများ ကြီးမားခဲ့သည်။

 

ဩဂုတ်လ ၅ ရက်တွင် ပို့ကုန်လုပ်ငန်းရှင်များသည် ၎င်းတို့၏ ပို့ကုန်ဝင်ငွေ၏ ၆၅ ရာခိုင်နှုန်းကိုသာ ကျပ်ငွေအဖြစ် ပြောင်းလဲရန် လိုအပ်ကြောင်း ဗဟိုဘဏ်မှ သတ်မှတ်ပေးခဲ့သည်။ ရည်ညွှန်းငွေလဲနှုန်းကို အမေရိကန်ဒေါ်လာ ၁,၈၅၀ ကျပ်မှ ၂,၁၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။

 

မကြာသေးမီလများအတွင်း နှေးကွေးခဲ့သည့် ပို့ကုန်ဈေးကွက်အတွက် ဗဟိုဘဏ်၏ နောက်ဆုံးလုပ်ဆောင်မှုများသည် ယခင်ထက်စာလျှင် ပိုမိုကောင်းမွန်ကြောင်း ရန်ကုန်မှ ဆန်တင်ပို့သူ ဦးအောင်ကျော်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ လောလောဆယ်မှာ ဈေးကွက်ထဲမှာ ဆန်ဝယ်လိုအားက များနေတယ်” ဟု ၎င်းကဆိုသည်။ နောက်ဆုံးထုတ်ပြန်ခဲ့သည့် ငွေလဲလှယ်မှု အမိန့်စာများ ဖြေလျှော့မှုသည် ပို့ကုန်လုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များ နှစ်ဦးစလုံး၏ လုပ်ငန်းဆောင်ရွက်မှုများကို အထောက်အကူ ဖြစ်စေမည်ဟု ၎င်းက ပြောကြားခဲ့သည်။

 

အထွက်နှုန်းနည်းပါးခြင်းသည် မြန်မာ့လယ်ယာပို့ကုန်ဝင်ငွေကျဆင်းစေသည့် အဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ ယခုနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင် ၂၉ ရက်အထိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၂ ဘီလီယံကျော်ရှိပြီး သွင်းကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၅ ဒသမ ၅၂ ဘီလီယံကျော်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ တိရစ္ဆာန်နှင့် ရေထွက်ကုန်ပစ္စည်းများ၊ ဓာတ်သတ္တုများ၊ သစ်တောထွက်ပစ္စည်းများ၊ ကုန်ထုတ်လုပ်မှုနှင့် အခြားကုန်သွယ်ဘက်များဖြစ်သည့် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့ကို အဓိက တင်ပို့နေကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U
Source: The Star

Read times Last modified on Wednesday, 21 September 2022 11:24
Rate this item
(0 votes)