Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဖျာပုံမှ ရန်ကုန်သို့ ပြည်ပသို့ဆန်များတိုးမြှင့်တင်ပို့နိုင်ရန်အတွက် တစ်လဆန်အိတ်တစ်သိန်းကျော်တင်ပို့

ဖျာပုံမြို့နယ်ဟာ မိုးစပါးနှင့် ဆောင်းစပါးအထွက်ကောင်းသည့် မြို့တစ်မြို့ဖြစ်ပြီး မြို့နယ်မှ

ထွက်ရှိသည့် စပါးများ ကြိတ်ခွဲနိုင်ရန် တစ်နေ့ ၁၆ တန်မှ တန် ၆၀ ကြိတ်ခွဲပေးနိုင်သည့် တန်းဝင်ဆန်စက်ကြီး ၁၆ လုံးရှိ၍ ဆန်စက်အားလုံး လည်ပတ်ကြိတ်ခွဲမည်ဆိုပါက တစ်နေ့ဆန်အိတ် ၁၁၀၀၀ ထွက်ရှိနိုင်ကြောင်းနှင့် ဟာလာဆန်စက်ငယ် ၁၇၂ လုံးရှိ၍ ဟာလာဆန်စက်ငယ်များမှ တစ်နေ့ဆန်အိတ် ၂၅၀၀၀ ကြိတ်ခွဲထွက်ရှိနိုင် ကြောင်း မြို့နယ်ဆန်စက်ပိုင်ရှင်များအသင်းဥက္ကဋ္ဌ ဦးအုန်းဟန်က မတ်လ ၂၇ ရက်က ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

ယခုဘဏ္ဍာနှစ်တွင် ပြည်ပ ၆၂ နိုင်ငံသို့ ဆန်တင်ပို့နိုင်မှုမှာ ဆန်တန်ချိန် သုံးသိန်းကျော်ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းတို့မှ တင်ပို့လျက်ရှိနေကြောင်း သိရပါတယ်။

 

ပြည်ပသို့ ဆန်တင်ပို့နိုင်မှုမှာ နှစ်ပေါင်း ၇၀ အတွင်း စံချိန်တင်နိုင်ပြီး လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန်လေးသန်းအထိ တင်ပို့နိုင်ရန်နှင့် ကမ္ဘာ့ဆန်အများဆုံး တင်ပို့နိုင်သည့် ငါးနိုင်ငံစာရင်းတွင် မြန်မာနိုင်ငံပါဝင်နိုင်ရန် ကြိုးပမ်းလျက်ရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ သိရပါတယ်။

 

သို့ဖြစ်၍ ဖျာပုံမြို့နယ်တွင် ဆန်စက်ကြီးများနှင့် ဟာလာဆန်စက်ငယ်များပေါင်းပြီးလျှင် တစ်နေ့ဆန်အိတ်ပေါင်း ၃၆၀၀၀ ကြိတ်ခွဲထွက်ရှိနိုင်သဖြင့် မြို့နယ်အတွင်း စားသုံးမှုအနေဖြင့် ဆန်အိတ် ၃၂၀၀၀ ကျော် ချန်လှပ်ထားပြီး တစ်နေ့လျှင် ရန်ကုန်ဆန်ဈေးကွက်သို့ ဆန်အိတ် ၃၅၀၀ ကျော် တစ်လပျမ်းမျှဆန်အိတ်တစ်သိန်းကျော် လစဉ်ရေလမ်း၊ ကားလမ်းတို့မှ တင်ပို့လျက်ရှိနေကြောင်း မြို့နယ်ဆန်စက်ပိုင်ရှင်များအသင်းနှင့် မြို့နယ်ကုန်တင်ကုန်ချအသင်းတို့၏ မှတ်တမ်းများအရ သိရပါတယ်။

Source: Myanma Alinn

Read times Last modified on Tuesday, 18 September 2018 17:56
Rate this item
(0 votes)