Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရာသီဥတု ဖောက်ပြန်မှုကြောင့် ဂျပန်နိုင်ငံသို့ နှမ်းနက်တင်ပို့မှု တန်ချိန် ၅၀ဝ လျာထားမှုတွင် တန်ချိန် ၁၀ဝ သာတင်ပို့ခဲ့ရ

မကွေးတိုင်းဒေသကြီး၊ တောင်သူဖွံ့ဖြိုးရေးအဖွဲ့အစည်း၏ ဦးစီးဆောင်ရွက်မှုဖြင့် ဂျပန်နိုင်ငံသို့ နှမ်းနက်

တင်ပို့မှုတွင်  ကနဦးက တန်ချိန် ၅၀ဝ တင်ပို့ရန် လျာထားသော်လည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် အထွက်နှုန်း လျော့ကျခြင်း၊ အရည်အသွေး ထိခိုက်ခြင်းများဖြစ်ကာ တန်ချိန် ၁၀ဝ သာ တင်ပို့ခဲ့ရကြောင်း သိရပါတယ်။

 

ယင်းသို့ တင်ပို့နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး၊ တောင်သူဖွံ့ဖြိုးရေး အဖွဲ့အနေဖြင့် မကွေး၊ မင်းဘူး၊ မင်းလှနှင့် နတ်မောက်မြို့နယ်များရှိ တောင်သူပေါင်း ၈၆၅ ဦးကို စည်းရုံးနိုင်ခဲ့ပြီး ၎င်းတို့ ပိုင်ဆိုင်တဲ့ ၃ဝ၉၄ ဧကတွင် Network Activities Group (NAG)၏အကူအညီဖြင့် စိုက်ပျိုးစေခဲ့ပြီး ဂျပန်နိုင်ငံသို့ တင်ပို့ရန်ဈေးကွက်ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

ယခုနှစ် နှမ်းနက် စိုက်ပျိုးမှုများတွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် နှမ်း အရည်အသွေးနှင့် အထွက်နှုန်းကျဆင်းသည့် အပြင် ပိုးမွှားရောဂါများ ပိုမိုကျရောက်မှုကြောင့် ဆေးဝါးများသုံးစွဲရပြီး  ထုတ်လုပ်မှု ကုန်ကျစရိတ်များခဲ့ခြင်းကြောင့် တောင်သူများတွင် နစ်နာမှုပိုများခဲ့ကြောင်းလည်း သိရပါတယ်။

 

မကွေးတိုင်းဒေသကြီး၊ တောင်သူဖွံ့ဖြိုးရေးအဖွဲ့အစည်းအနေဖြင့် လာမယ့်နှစ်များ၌လည်း နှမ်းနက်စိုက်ပျိုးလိုသည့် တောင်သူများကို စည်းရုံးကာ ဧကများ ထပ်မံတိုးချဲ့သွား
ရန်အတွက် မျိုးကောင်း မျိုးသန့်များ ကြိုတင်သိုလှောင်မှုများ ပြုလုပ်ထားပြီး ဧကများများတွင် တစ်ကွင်း တစ်ဆက်တည်း စိုက်ပျိုးကာ ထွက်ရှိသည့် သီးနှံများကို ဝယ်ယူလိုသည့်နိုင်ငံများ ရှာဖွေချိတ်ဆက် ရောင်းချမှုများကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

 

Source: The farmer

Read times Last modified on Tuesday, 18 September 2018 15:40
Rate this item
(1 Vote)