Food & Livestock
ခရမ်းချဉ်သီး ဈေးနှုန်းမြင့်တက်
Unicode
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ ခရမ်းချဉ်သီးဈေးကွက်တွင် ဒေသတွင်းမှ အသီးများထွက်ရှိမှု မရှိသေးတဲ့အတွက် ဈေးနှုန်းမြင့်တက်မှုများ ရှိနေသေးကြောင်း လားရှိုးမြို့၊ မြို့မဈေးကြီး ကုန်စိမ်းတန်း ခရမ်းချဉ်သီး လက်လီလက်ကား ရောင်းချသူများထံမှ သိရပါတယ်။
လားရှိုးမြို့တွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများမှာ မုံရွာဒေသနှင့် တောင်ကြီးဒေသတို့မှ ဝင်ရောက်လာတဲ့ ခရမ်းချဉ်သီးများဖြစ်ပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် မုံရွာဒေသမှ ထွက်ရှိသော ခရမ်းချဉ်သီး တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀၊ ၁၆၀၀ ရှိကာ လက်ရှိတွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ငွေကျပ် ၂၃၀၀၊ ၂၄၀၀၊ အင်းသီးတစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၊ ၁၂၀၀ မှ ငွေကျပ် ၁၇၀၀၊ ၁၈၀၀ ဖြင့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။
“ ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ အခုရောင်းနေတဲ့ ခရမ်းချဉ်သီးတွေက တောင်ကြီးနဲ့ မုံရွာဘက်က အသီးတွေပါ။ ကိုယ့်ဒေသက အသီးတွေမထွက်သေးတော့ ဈေးကတော့ များနေပါသေးတယ်။ ကိုယ့်ဒေသက ထွက်လာရင်တော့ ခရမ်းချဉ်သီးဈေး လျော့ကျနိုင်ပါတယ်။ အခုဆိုရင် လားရှိုးတင်မဟုတ်ဘူး ကွတ်ခိုင်နဲ့မူဆယ် ဘက်ကိုလည်း တစ်ဆင့်ပို့ရတာတွေ ရှိပါတယ်။ ခရမ်းချဉ်သီးဈေးကြီးပေမယ့် အရောင်းအဝယ်ကတော့ ကောင်းပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
Read More >>>>> ထားဝယ္မုန္႕ဟင္းခါး
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လား႐ိွဳးၿမိဳ႕ရိွ ခရမ္းခ်ဥ္သီးေစ်းကြက္တြင္ ေဒသတြင္းမွ အသီးမ်ားထြက္ရိွမႈ မရိွေသးတဲ့အတြက္ ေစ်းႏႈန္းျမင့္တက္မႈမ်ား ရိွေနေသးေၾကာင္း လား႐ိွဳးၿမိဳ႕၊ ၿမိဳ႕မေစ်းႀကီး ကုန္စိမ္းတန္း ခရမ္းခ်ဥ္သီး လက္လီလက္ကား ေရာင္းခ်သူမ်ားထံမွ သိရပါတယ္။
လား႐ိွဳးၿမိဳ႕တြင္ ေရာင္းခ်လ်က္ရိွေသာ ခရမ္းခ်ဥ္သီးမ်ားမွာ မုံရြာေဒသႏွင့္ ေတာင္ႀကီးေဒသတို႔မွ ဝင္ေရာက္လာတဲ့ ခရမ္းခ်ဥ္သီးမ်ားျဖစ္ၿပီး ေအာက္တိုဘာလႏွင့္ ႏုိဝင္ဘာလတို႔တြင္ မုံရြာေဒသမွ ထြက္ရိွေသာ ခရမ္းခ်ဥ္သီး တစ္ပိႆာလွ်င္ ေငြက်ပ္ ၁၅၀၀၊ ၁၆၀၀ ရိွကာ လက္ရိွတြင္ ခရမ္းခ်ဥ္သီး တစ္ပိႆာလွ်င္ ေငြက်ပ္ ၂၃၀၀၊ ၂၄၀၀၊ အင္းသီးတစ္ပိႆာလွ်င္ ေငြက်ပ္ ၁၀၀၀၊ ၁၂၀၀ မွ ေငြက်ပ္ ၁၇၀၀၊ ၁၈၀၀ ျဖင့္ အေရာင္းအ၀ယ္ ျပဳလုပ္လ်က္ရွိေၾကာင္း သိရပါတယ္။
“ ကုန္သည္တစ္ဦး၏ ေျပာၾကားခ်က္အရ အခုေရာင္းေနတဲ့ ခရမ္းခ်ဥ္သီးေတြက ေတာင္ႀကီးနဲ႔ မုံရြာဘက္က အသီးေတြပါ။ ကိုယ့္ေဒသက အသီးေတြမထြက္ေသးေတာ့ ေစ်းကေတာ့ မ်ားေနပါေသးတယ္။ ကိုယ့္ေဒသက ထြက္လာရင္ေတာ့ ခရမ္းခ်ဥ္သီးေစ်း ေလ်ာ့က်ႏုိင္ပါတယ္။ အခုဆုိရင္ လား႐ိွဳးတင္မဟုတ္ဘူး ကြတ္ခိုင္နဲ႔မူဆယ္ ဘက္ကုိလည္း တစ္ဆင့္ပို႔ရတာေတြ ရိွပါတယ္။ ခရမ္းခ်ဥ္သီးေစ်းႀကီးေပမယ့္ အေရာင္းအဝယ္ကေတာ့ ေကာင္းပါတယ္” ဟု ေျပာၾကားခဲ့ပါတယ္။
Read More >>>>> ထားဝယ္မုန္႕ဟင္းခါး
#Myanmar Food Industrial Directory



