Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုဗစ်ကာလအတွင်း တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနိုင်မည့် ငွေနှင်းမှို (Home Gardener) စိုက်ပျိုးခြင်း

ကိုဗစ်ကာလအတွင်း တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနိုင်မည့် ငွေနှင်းမှို (Home Gardener) စိုက်ပျိုးခြင်း mdn.gov

မှိုသည် မြန်မာတစ်နိုင်ငံလုံး စားသုံးသည့် အစားအစာတစ်မျိုးဖြစ်ရာ မှိုစိုက်ပျိုးခြင်းသည် ဝင်ငွေရရှိစေနိုင်သော

စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရသည် အချိန်ကာလတွင် (Home Gardener) စိုက်ပျိုးခြင်းဖြင့် ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေမှာ ဖြစ်ပြီး ငွေနှင်းမှိုစိုက်ပျိုးထုတ်လုပ်ရေးကို ဘားအံမြို့ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)တွင်လည်း ဝန်ထမ်းမိသားစုများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိတယ်လို့ ကျောင်းအုပ်ကြီး ဒေါ်ကြည်ကြည်ချိုရဲ့ ပြောကြားချက်အရ သိရသည်။

 

 

မှိုထုပ်ပြုလုပ်ရောင်းချသူများထံမှ ငွေနှင်းမှိုမျိုး တစ်ထုပ်လျှင် အလေးချိန် (၆၀)ကျပ်သားရှိတဲ့ (၆)လက်မ (၁၂)လက်မအရွယ်ခန့်ရှိ မှိုထုပ်များဝယ်ယူပြီး နေပူတိုက်ရိုက်မကျခြင်း၊ အစိုဓာတ်ထိန်းထားနိုင်သည့် လေပြင်းစွာတိုက်ခတ်မှုမရှိဘဲ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ ထားရှိပေးရမည်လို့လည်း သိရသည်။

 

မှိုမျိုးထုပ်၏ ထိပ်ဝမျက်နှာပြင်ဖွင့်ပေးခြင်း၊ အထုပ်ဘေးပတ်လည် ပလတ်စတစ်ကို (၂)လက်မခန့် ခွဲပေးထားခြင်း၊ မှိုမျိုးထုပ်တွေကို နေ့စဉ်ရေပန်းခရားဖြင့် ညင်ညင်သာသာလေး ရေလောင်းပေးခြင်းနှင့် မှိုမျိုးထုပ်တွေ ပုပ်ရိပျက်စီးမှုမရှိရန် ရေးများများလောင်းခြင်း၊ ရေဝပ်စေခြင်းများ မရှိရန် စိုက်ပျိုးပေးရမှာ ဖြစ်သည်။


မှိုထုပ်များစဖွင့်ပြီး (၃)ရက်မှ (၇)ရက်အတွင်း မှိုပွင့်ငယ်လေးတွေ ထွက်ပေါ်လာပြီး (၄)ရက်ခန့်ကြာချိန်တွင် ခူးဆွတ်နိုင်ပြီး (၁)ထုပ်လျှင် မှိုအလေးချိန် (၂၀)ကျပ်သားခန့်ရရှိပါသည်။ ထိုသို့ ခူးဆွတ်ပြီးပါက မှိုထုပ်များကို ရေနှစ်ရက်ခန့်ဖြတ်ထားပြီး ရေပြန်လောင်းခြင်းဖြင့် ဒုတိယအကြိမ် မှိုပြန်ထွက်လာကာ ထပ်မံခူးဆွတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါမှိုတစ်ထုပ်လျှင် (၃)ကြိမ်မှ (၅)ကြိမ်အထိ ခူးဆွတ်နိုင်မည်ဖြစ်သောကြောင့် နေအိမ်ခြံဝင်းအတွင်း နေရာကျယ်ဝန်းစွာမလိုဘဲ တစ်ပိုင်တစ်နိုင်အားဖြင့် မိမိတို့အရပ်ဒေသတွင် ဈေးကွက်ဖြန့်နိုင်သည့် အင်အားအလိုက် ငွေနှင်းမှိုထုပ်များ အထုပ်အရေအတွက်အလိုက် အသုတ်ခွဲကာ ရက်အလိုက် မွေးမြူစိုက်ပျိုးခြင်းဖြင့် ကိုဗစ်-၁၉ ကာလ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး (Home Gardener) စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေမည်ဖြစ်ကြောင်း သိရသည်။

 

By Wyk (Myanmar Food Guide)

mdn.gov

Read times Last modified on Thursday, 10 September 2020 09:23
Rate this item
(0 votes)