Food & Livestock



၂၀၂၂ ခုနှစ်အတွင်း ဂျာမနီတွင် ဘီယာလီတာပေါင်း ၈ ဘီလီယံကျော် ရောင်းချနိုင်ခဲ့

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရေး စည်းမျဉ်းများ၏ ဖိအားကို နှစ်နှစ်ကြာရင်ဆိုင်ခဲ့ရပြီးနောက် ဂျာမနီနိုင်ငံ၏

ဘီယာတင်ပို့ရောင်းချမှုနှုန်းသည် ၂၀၂၂ ခုနှစ် တွင် မြင့်တက်လာခဲ့ကြောင်း အေပီ သတင်းဌာနက ဇန်နဝါရီ ၃၁ ရက်တွင်ဖော်ပြခဲ့သည်။

 

ဂျာမနီအစိုးရ ဖက်ဒရယ် စာရင်းအင်းရုံး ကိန်းဂဏန်းအချက်အလက်များအရ ၂၀၂၂ ခုနှစ်အတွင်း ဂျာမနီအခြေစိုက် ဘီယာချက်လုပ်ဖြန့်ချိသူများသည် ဘီယာလီတာပေါင်း ၈ ဒသမ ၈ ဘီလီယံ (ဂါလန် ၂ ဒသမ ၃ ဘီလီယံ) ထိ ရောင်းချနိုင်ခဲ့‌ကြောင်း သိရသည်။

Super Apollo

Click Here >>> Super Apollo

 

သို့သော် ဂျာမနီ ဘီယာချက်လုပ်သူများ၏ ၂၀၂၂ ခုနှစ် ဘီယာရောင်းအားမှာ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဂျာမနီ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

သို့ရာတွင် ဂျာမနီနိုင်ငံ၏ ၂၀၂၂ ခုနှစ် ဘီယာရောင်းအားသည် ကိုဗစ်-၁၉ ရောဂါမတိုင်မီကာလ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ငါးရာခိုင်နှုန်းပိုနည်းနေဆဲဖြစ်သည်။

 

၂၀၂၂ ခုနှစ်အတွင်းရောင်းချခဲ့သော ဘီယာပမာဏအနက် လီတာပေါင်း ၇ ဒသမ ၂ ဘီလီယံမှာ ပြည်တွင်း၌ ရောင်းချခဲ့ခြင်းဖြစ်ပြီး လီတာ သန်း ၈၀၀ ကျော်ကို ပြည်ပသို့ တင်ပို့ခဲ့သည်။ ဂျာမနီနိုင်ငံ၏ ၂၀၂၂ ခုနှစ် အတွင်း ပြည်ပ ဘီယာတင်ပို့မှုနှုန်းမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ခဲ့ပါက ကျဆင်းခဲ့သည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: bgdailynews

Myanmr Food Industry Guide

Read times
Rate this item
(0 votes)