Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ဆန်စပါးမျိုးကဏ္ဍမြှင့်တင်ရန် ဂျပန်နှင့်ပူးပေါင်း၍ သုတေသနပြုလုပ်

Unicode

 

မြန်မာ့ဆန်စပါးမျိုးကဏ္ဍမြှင့်တင်ရန် ဂျပန်နှင့်ပူးပေါင်း၍ သုတေသနပြုလုပ်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် Kyushu University တို့ ပူးပေါင်းဆောင်ရွက်သော ဗီဇအချက်အလက်နည်းပညာများကို အသုံးပြုပြီး မြန်မာနိုင်ငံ၏ ဆန်စပါးမျိုးမွေးမြူရေးကဏ္ဍမြှင့်တင်ခြင်း သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

သုတေသနလုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ အထိ ငါးနှစ်တာဆောင်ရွက်မှာဖြစ်ပြီး ၎င်းသုတေသနလုပ်ငန်းများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းနှင့် နယ်သုတေသနခြံများဖြစ်တဲ့ မြောင်းမြ၊ သဲကုန်းနှင့် အောင်ပန်းစိုက်ပျိုးရေးသုတေသနခြံတို့မှာ သုတေသနပြုလုပ်နေခြင်းဖြစ်ပါတယ်။

 

Grinding Mills ႀကိတ္ခြဲစက္ေပါင္း ၁၀၇ ခုကိုရွာရန္ႏွိပ္ပါ။


၎င်းစီမံကိန်းမှာ ဗီဇအချက်အလက်နည်းပညာများနဲ့ စပါးမျိုးကူးစက်မွေးမြူခြင်းနည်းပညာကို အသုံးပြုပြီး မြန်မာ့ဆန်စပါးမျိုးများကို အထွက်နှုန်းကောင်းမွန်ကာ ရောဂါဒဏ်၊ ပိုးမွှားဒဏ်နဲ့ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိတဲ့ မျိုးသစ်များအဖြစ် မွေးမြူမြှင့်တင်ခြင်း၊ ဂျပန်ပညာရှင်များနဲ့ မြန်မာပညာရှင်များပူးပေါင်းပြီး မိုးကောင်းသောက်လယ်စပါးနှင့် ယာစပါးမျိုးသစ်လိုင်းများထုတ်လုပ်ခြင်း၊ မြန်မာနိုင်ငံ၏ ဆန်စပါးမျိုး မွေးမြူရေးနည်းစနစ် အခန်းကဏ္ဍမြှင့်တင်ခြင်းတို့ဆောင်ရွက်ရန် ရည်ရွယ်ကာ သုတေသနပြုလုပ်နေခြင်းဖြစ်ပါတယ်။

 

၂၀၁၉ ခုနှစ် မိုးရာသီသုတေသနအဖြစ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းရှိ Glass House အတွင်း၌ ပေါ်ဆန်း၊ အင်းမရဲဘော်၊ မုဆိုးမကြွေးကြေ စတဲ့မြန်မာစပါးမျိုးများကို သက်တမ်းတို၍ အထွက်ကောင်းပြီး ရောဂါပိုးမွှားဒဏ်ခံနိုင်တဲ့ ဗီဇများထည့်သွင်းရန် မျိုးကူးစက်ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိပါတယ်။

 

Read More >>> ၾကက္ေမြးျမဴသည့္ ကုန္က်စရိတ္မ်ားၿပီး ေရာင္းေစ်း ရရွိမႈ တြက္ေျခမကိုက္ျခင္းေၾကာင့္ ေမြးျမဴသူမ်ား ေရရွည္ရပ္တည္ရန္ ခက္ခဲ

 

ဒါ့ပြင် မြန်မာနိုင်ငံ၏ ဒေသစပါးမျိုးများတွင်ရှိသည့် ရေမြုပ်ဒဏ်၊ ဗက်တီးရီးယားရောဂါဒဏ်ခံ၊ ဆားငန်ဒဏ်ခံဗီဇများနှင့် စားသုံးမှုအရည်အသွေးကောင်းဗီဇများကို ရှာဖွေဖော်ထုတ်လေ့လာခြင်းဆိုင်ရာ Mapping Population တည်ထောင်ရန်အတွက် မျိုးကူးစက်ခြင်းလုပ်ငန်းများဆောင်ရွက်နေပြီဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနထံမှ သိရပါတယ်။

 

Source: The Voice

 

 

 

ျမန္မာ့ဆန္စပါးမ်ိဳးက႑ျမွင့္တင္ရန္ ဂ်ပန္ႏွင့္ပူးေပါင္း၍ သုေတသနျပဳလုပ္

 

စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာန၊ ဂ်ပန္အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရးေအဂ်င္စီ (JICA) ႏွင့္ Kyushu University တုိ႔ ပူးေပါင္းေဆာင္ရြက္ေသာ ဗီဇအခ်က္အလက္နည္းပညာမ်ားကို အသံုးျပဳၿပီး ျမန္မာႏိုင္ငံ၏ ဆန္စပါးမ်ိဳးေမြးျမဴေရးက႑ျမွင့္တင္ျခင္း သုေတသနလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရိွေၾကာင္း သိရပါတယ္။

 

သုေတသနလုပ္ငန္းမ်ားကုိ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္မွ ၂၀၂၂-၂၀၂၃ အထိ ငါးႏွစ္တာေဆာင္ရြက္မွာျဖစ္ၿပီး ၎သုေတသနလုပ္ငန္းမ်ားကို စုိက္ပ်ိဳးေရးသုေတသနဦးစီးဌာန၊ ေရဆင္းႏွင့္ နယ္သုေတသနၿခံမ်ားျဖစ္တဲ့ ေျမာင္းျမ၊ သဲကုန္းႏွင့္ ေအာင္ပန္းစုိက္ပ်ိဳးေရးသုေတသနၿခံတုိ႔မွာ ျပဳလုပ္ေနျခင္းျဖစ္ပါတယ္။

 

Grinding Mills ႀကိတ္ခြဲစက္ေပါင္း ၁၀၇ ခုကိုရွာရန္ႏွိပ္ပါ။

 

၎စီမံကိန္းမွာ ဗီဇအခ်က္အလက္နည္းပညာမ်ားနဲ႔ စပါးမ်ိဳးကူးစက္ေမြးျမဴျခင္းနည္းပညာကို အသံုးျပဳၿပီး ျမန္မာ့ဆန္စပါးမ်ိဳးမ်ားကို အထြက္ႏႈန္းေကာင္းမြန္ကာ ေရာဂါဒဏ္၊ ပိုးမႊားဒဏ္နဲ႔ သဘာဝေဘးဒဏ္ခံႏုိင္ရည္ရွိတဲ့ မ်ိဳးသစ္မ်ားအျဖစ္ ေမြးျမဴျမွင့္တင္ျခင္း၊ ဂ်ပန္ပညာရွင္မ်ားနဲ႔ ျမန္မာပညာရွင္မ်ားပူးေပါင္းၿပီး မိုးေကာင္းေသာက္လယ္စပါးႏွင့္ ယာစပါးမ်ိဳးသစ္လုိင္းမ်ားထုတ္လုပ္ျခင္း၊ ျမန္မာႏုိင္ငံ၏ ဆန္စပါးမ်ိဳး ေမြးျမဴေရးနည္းစနစ္ အခန္းက႑ျမွင့္တင္ျခင္းတို႔ေဆာင္ရြက္ရန္ ရည္ရြယ္ကာ သုေတသနျပဳလုပ္ေနျခင္းျဖစ္ပါတယ္။

 

၂၀၁၉ ခုႏွစ္ မိုးရာသီသုေတသနအျဖစ္ စိုက္ပ်ိဳးေရးသုေတသနဦးစီးဌာန၊ ေရဆင္းရွိ Glass House အတြင္း၌ ေပၚဆန္း၊ အင္းမရဲေဘာ္၊ မုဆိုးမေၾကြးေၾက စတဲ့ျမန္မာစပါးမ်ိဳးမ်ားကို သက္တမ္းတို၍ အထြက္ေကာင္းၿပီး ေရာဂါပိုးမႊားဒဏ္ခံႏုိင္တဲ့ ဗီဇမ်ားထည့္သြင္းရန္ မ်ိဳးကူးစက္ျခင္းလုပ္ငန္းမ်ားလည္း ေဆာင္ရြက္လ်က္ရွိပါတယ္။

 

Read More >>>  ၾကက္ေမြးျမဴသည့္ ကုန္က်စရိတ္မ်ားၿပီး ေရာင္းေစ်း ရရွိမႈ တြက္ေျခမကိုက္ျခင္းေၾကာင့္ ေမြးျမဴသူမ်ား ေရရွည္ရပ္တည္ရန္ ခက္ခဲ

 


ဒါ့ျပင္ ျမန္မာႏုိင္ငံ၏ ေဒသစပါးမ်ိဳးမ်ားတြင္ရွိသည့္ ေရျမဳပ္ဒဏ္၊ ဗက္တီးရီးယားေရာဂါဒဏ္ခံ၊ ဆားငန္ဒဏ္ခံဗီဇမ်ားႏွင့္ စားသံုးမႈအရည္အေသြးေကာင္းဗီဇမ်ားကို ရွာေဖြေဖာ္ထုတ္ေလ့လာျခင္းဆုိင္ရာ Mapping Population တည္ေထာင္ရန္အတြက္ မ်ိဳးကူးစက္ျခင္းလုပ္ငန္းမ်ားေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း စုိက္ပ်ိဳးေရးသုေတသနဦးစီးဌာနထံမွ သိရပါတယ္။

 

Source: The Voice

 

 

Read times Last modified on Thursday, 13 February 2020 09:26
Rate this item
(0 votes)