Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဘင်္ဂလားဒေ့ရှ်က ဝယ်ယူခြင်းကြောင့် ကြက်သွန်နီဈေး နှစ်ဆကျော်တက်

Unicode

ဘင်္ဂလားဒေ့ရှ်က ဝယ်ယူခြင်းကြောင့် ကြက်သွန်နီဈေး နှစ်ဆကျော်တက်

 

ဘင်္ဂလားဒေရှ့်နိုင်ငံက မြန်မာ့ကြက်သွန်နီကို ရုတ်တရက်ဝယ်ယူခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းနှစ်ဆကျော် မြင့်တက်ခဲ့ပါတယ်။


တစ်နှစ်လျှင် ပိဿာချိန်သန်း (၃၀၀) ကျော် ပုံမှန်စိုက်ပျိုးထုတ်လုပ်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှ တောင်သူများ အခွင့်လမ်းတစ်ခုဖြစ်လာကြောင်း တောင်တွင်းကြီးဒေသခံ ကုန်သည်တစ်ဦးက ပြောပါတယ်။

Rice Warehouses (586)ဆန္သိုေလွာင္ရံုေပါင္း ၅၈၆ ခုကိုရွာရန္ႏွိပ္ပါ။


လက်ရှိ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် (၁,၂၅၀) ဈေးဖွင့်ပါတယ်။ အဆိုပါ ဈေးနှုန်းက စက်တင်ဘာလလယ်က တစ်ပိဿာလျှင် ကျပ် (၅၅၀) ဈေးနှင့် နှိုင်းယှဉ်ပါက နှစ်ဆကျော်မြင့် တက်လာတယ်လို့ ကုန်သည်အချို့က ပြောပါတယ်။


အိန္ဒိယအစိုးရက ပြည်ပကြက်သွန်နီ တင်ပို့ခွင့်ပြုထားခြင်းကို တားဆီးခဲ့တာကြောင့် နှစ်စဉ် ကြက်သွန်နီ တန်ချိန်ငါးသိန်းခန့် တင်သွင်းနေရတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကုန်သည်များက အိမ်နီးချင်းမြန်မာနိုင်ငံ အပါအဝင် တရုတ်နိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကြက်သွန်နီတင်သွင်းခြင်းကို အကောင်အထည်ဖော်ခဲ့ပါတယ်။

 

ဒါ့ကြောင့် မိုးရာသီမှာ ဈေးငြိမ်နေတဲ့ ပြည်တွင်း ကြက်သွန်နီဈေးနှုန်းဟာ စက်တင်ဘာ တတိယပတ်က စတင်ပြီး ရုတ်တရက်မြင့်တက်လာခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံမှ ကြက်သွန်ဝယ်ယူမှုက လေး၊ ငါးနှစ်တွင် တစ်ကြိမ်ဖြစ်လေ့ရှိပြီး အဆိုပါနှစ်တွေမှာ ဈေးမြင့်တက်လေ့ရှိကြောင်း ကုန်သည်အချို့က ပြောပါတယ်။

 

Read More  >>>>>   ေျပာင္းေစ်းႏႈန္းက်ဆင္းသျဖင့္ ေျပာင္းပြဲ႐ံုလုပ္ငန္းမ်ား အေရာင္းအဝယ္ေအး


မြစ်သား၊ မန္တလေး၊ မုံရွာ၊ တောင်တွင်းကြီး၊ မြင်းခြံ၊ တောင်သာ စတဲ့ မြန်မာပြည်အလယ်ပိုင်းဒေသများရဲ့ အဓိကစိုက်ပျိုး ထုတ်ကုန်ဖြစ်တဲ့ ကြက်သွန်နီကို ပြည်တွင်းစားသုံးမှုသာမက ပြည်ပနိုင်ငံများသို့လည်း တင်ပို့နေပါတယ်။


Source: 7Day Daily

 

 

ဘဂၤလားေဒ့ရွ္က ဝယ္ယူျခင္းေၾကာင့္ ၾကက္သြန္နီေဈး ႏွစ္ဆေက်ာ္တက္

 

ဘဂၤလားေဒရွ႕္ႏိုင္ငံက ျမန္မာ့ၾကက္သြန္နီကို ႐ုတ္တရက္ဝယ္ယူျခင္းေၾကာင့္ ျပည္တြင္းေဈးကြက္တြင္ ေဈးႏႈန္းႏွစ္ဆေက်ာ္ ျမင့္တက္ခဲ့ပါတယ္။

 

တစ္ႏွစ္လွ်င္ ပိႆာခ်ိန္သန္း (၃၀၀) ေက်ာ္ ပုံမွန္စိုက္ပ်ိဳးထုတ္လုပ္ေနတဲ့ ျမန္မာႏိုင္ငံအလယ္ပိုင္းမွ ေတာင္သူမ်ား အခြင့္လမ္းတစ္ခုျဖစ္လာေၾကာင္း ေတာင္တြင္းႀကီးေဒသခံ ကုန္သည္တစ္ဦးက ေျပာပါတယ္။

 

Rice Warehouses (586)ဆန္သိုေလွာင္ရံုေပါင္း ၅၈၆ ခုကိုရွာရန္ႏွိပ္ပါ။

 

လက္ရွိ ရန္ကုန္ဘုရင့္ေနာင္ ကုန္စည္ဒိုင္တြင္ ၾကက္သြန္နီ တစ္ပိႆာလွ်င္ က်ပ္ (၁,၂၅၀) ေဈးဖြင့္ပါတယ္။ အဆိုပါ ေဈးႏႈန္းက စက္တင္ဘာလလယ္က တစ္ပိႆာလွ်င္ က်ပ္ (၅၅၀) ေဈးႏွင့္ ႏႈိင္းယွဥ္ပါက ႏွစ္ဆေက်ာ္ျမင့္ တက္လာတယ္လုိ႔ ကုန္သည္အခ်ိဳ႕က ေျပာပါတယ္။

 


အိႏၵိယအစိုးရက ျပည္ပၾကက္သြန္နီ တင္ပို႔ခြင့္ျပဳထားျခင္းကို တားဆီးခဲ့တာေၾကာင့္ ႏွစ္စဥ္ ၾကက္သြန္နီ တန္ခ်ိန္ငါးသိန္းခန႔္ တင္သြင္းေနရတဲ့ ဘဂၤလားေဒရွ္႕နုိင္ငံအတြက္ စိုးရိမ္စရာ ျဖစ္ခဲ့ရပါတယ္။ ဘဂၤလားေဒ့ရွ္ကုန္သည္မ်ားက အိမ္နီးခ်င္းျမန္မာႏိုင္ငံ အပါအဝင္ တ႐ုတ္ႏိုင္ငံနဲ႔ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားမွ ၾကက္သြန္နီတင္သြင္းျခင္းကို အေကာင္အထည္ေဖာ္ခဲ့ပါတယ္။

 


ဒါ႔ေၾကာင့္ မိုးရာသီမွာ ေဈးၿငိမ္ေနတဲ့ ျပည္တြင္း ၾကက္သြန္နီေဈးႏႈန္းဟာ စက္တင္ဘာ တတိယပတ္က စတင္ၿပီး ႐ုတ္တရက္ျမင့္တက္လာခဲ့ပါတယ္။ ဘဂၤလားေဒရွ႕္ႏိုင္ငံမွ ၾကက္သြန္ဝယ္ယူမႈက ေလး၊ ငါးႏွစ္တြင္ တစ္ႀကိမ္ျဖစ္ေလ့ရွိၿပီး အဆိုပါႏွစ္ေတြမွာ ေဈးျမင့္တက္ေလ့ရွိေၾကာင္း ကုန္သည္အခ်ိဳ႕က ေျပာပါတယ္။

 

Read More  >>>>>   ေျပာင္းေစ်းႏႈန္းက်ဆင္းသျဖင့္ ေျပာင္းပြဲ႐ံုလုပ္ငန္းမ်ား အေရာင္းအဝယ္ေအး

 


ျမစ္သား၊ မႏၲေလး၊ မုံ႐ြာ၊ ေတာင္တြင္းႀကီး၊ ျမင္းၿခံ၊ ေတာင္သာ စတဲ့ ျမန္မာျပည္အလယ္ပိုင္းေဒသမ်ားရဲ႕ အဓိကစိုက္ပ်ိဳး ထုတ္ကုန္ျဖစ္တဲ့ ၾကက္သြန္နီကို ျပည္တြင္းစားသုံးမႈသာမက ျပည္ပႏိုင္ငံမ်ားသို႔လည္း တင္ပို႔ေနပါတယ္။

 

Source: 7Day Daily  

 

 

Read times Last modified on Monday, 17 February 2020 15:09
Rate this item
(0 votes)