Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲစင်းငုံဈေးကျသဖြင့် တောင်သူများ အရှုံးပေါ်

Unicode


ပဲစင်းငုံဈေးကျသဖြင့် တောင်သူများ အရှုံးပေါ်


စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ပဲစင်းငုံ စိုက်ပျိုးသူများအနေဖြင့် ယခုနှစ် ပဲစင်းငုံ ပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းမှုများကြောင့် အရှုံးပေါ်နေကြောင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာရှိ တောင်သူတစ်ဦးထံမှ သိရပါတယ်။

 

Beans & Pulse Warehouses (505) ပဲမ်ိဳးစုံသိုေလွာင္႐ုံမ်ား (၅၀၅) ခုကိုရွာရန္ႏွိပ္ပါ။


ပဲစင်းငုံသီးနှံဟာ လွန်ခဲ့သည့်သုံးနှစ်ခန့်က ဈေးကောင်း ရရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် တစ်တင်းလျှင် ငွေကျပ်  ၂၅၀၀၀ ခန့်ရရှိခဲ့ရာမှ ယခုနှစ်တွင် တစ်တင်းလျှင် ငွေကျပ်  ၁၉၀၀၀ ခန့်သာ  ရရှိခဲ့သဖြင့် တောင်သူများ အရှုံးပေါ်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။


ပဲစင်းငုံသီးနှံဟာ စတင်စိုက်ပျိုးချိန်မှ ထွက်ရှိသည်အထိ တစ်ဧကငွေ ကျပ်သုံးသိန်းခန့် ကုန်ကျကာ ၂၀၁၉ ခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် အထွက်နှုန်းလျော့ပြီး တစ်ဧက ၁၀ တင်းနှင့် ၁၅ တင်းကြားသာ ရရှိခဲ့သည့်အပြင် ဈေးနှုန်းကျဆင်းမှုများကြောင့်    တောင်သူလုပ်ငန်းများ ဆောင်ရွက်ရန် အဆင်မပြေမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။


Read More >>>>>   ထမင်းမြိန်စေမယ့် ဆိတ်ဖူးထောင်း


ပဲစင်းငုံစိုက်ပျိုးရန်အတွက် တန်ခူးလ၊ ကဆုန်လတို့တွင် ထွန်ယက်ကာ  နယုန်လတွင် စိုက်ပျိုးပြီး  နတ်တော်လ၊ ပြာသိုလ တို့တွင် ရိတ်သိမ်းရကြောင်းနှင့်  ယခင်နှစ်များက တစ်ဧက ၁၅ တင်းနှင့်တင်း ၂၀ ကြား ထွက်ရှိခဲ့ကြောင်း သိရပါတယ်။


လွန်ခဲ့တဲ့ သုံးနှစ်လောက်က တစ်တင်းလျှင် ၄၀၀၀၀ ကျော်  ရရှိခဲ့သော်လည်း ဈေးနှုန်း ကျဆင်းခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီ ဖြစ်သဖြင့် အရှုံးပေါ်ကာ အဆင်မပြေမှု များဖြစ်ပေါ်နေကြောင်း  သတင်း ရရှိပါတယ်။


#MFID

 

 

 

 

 

ပဲစင္းငံုေစ်းက်သျဖင့္ ေတာင္သူမ်ား အ႐ံႈးေပၚ


စစ္ကုိင္းတိုင္း ေဒသႀကီးအတြင္း ပဲစင္းငံု စုိက္ပ်ဳိးသူမ်ားအေနျဖင့္ ယခုႏွစ္ ပဲစင္းငံု ေပၚခ်ိန္တြင္ ေစ်းႏႈန္းက်ဆင္းမႈမ်ားေၾကာင့္ အ႐ံႈးေပၚေနေၾကာင္း ယင္းမာပင္ၿမိဳ႕နယ္ ဘန္႔ေဘြးေက်းရြာရွိ ေတာင္သူတစ္ဦးထံမွ သိရပါတယ္။

 

Beans & Pulse Warehouses (505) ပဲမ်ိဳးစုံသိုေလွာင္႐ုံမ်ား (၅၀၅) ခုကိုရွာရန္ႏွိပ္ပါ။

 

ပဲစင္းငံုသီးႏွံဟာ လြန္ခဲ့သည့္သံုးႏွစ္ခန္႔က ေစ်းေကာင္း ရရွိခဲ့ေသာ္လည္း ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္တြင္ တစ္တင္းလွ်င္ ေငြက်ပ္  ၂၅၀၀၀ ခန္႔ရရွိခဲ့ရာမွ ယခုႏွစ္တြင္ တစ္တင္းလွ်င္ ေငြက်ပ္  ၁၉၀၀၀ ခန္႔သာ  ရရွိခဲ့သျဖင့္ ေတာင္သူမ်ား အ႐ံႈးေပၚေနျခင္း ျဖစ္ေၾကာင္း သိရပါတယ္။

 

ပဲစင္းငံုသီးႏွံဟာ စတင္စုိက္ပ်ဳိးခ်ိန္မွ ထြက္ရွိသည္အထိ တစ္ဧကေငြ က်ပ္သံုးသိန္းခန္႔ ကုန္က်ကာ ၂၀၁၉ ခုႏွစ္တြင္ ရာသီဥတု ေဖာက္ျပန္မႈမ်ားေၾကာင့္ အထြက္ႏႈန္းေလ်ာ့ၿပီး တစ္ဧက ၁၀ တင္းႏွင့္ ၁၅ တင္းၾကားသာ ရရွိခဲ့သည့္အျပင္ ေစ်းႏႈန္းက်ဆင္းမႈမ်ားေၾကာင့္    ေတာင္သူလုပ္ငန္းမ်ား ေဆာင္ရြက္ရန္ အဆင္မေျပမႈမ်ား ျဖစ္ေပၚေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

Read More >>>>>   ထမင္းၿမိန္ေစမယ့္ ဆိတ္ဖူးေထာင္း

 

ပဲစင္းငံုစုိက္ပ်ဳိးရန္အတြက္ တန္ခူးလ၊ ကဆုန္လတို႔တြင္ ထြန္ယက္ကာ  နယုန္လတြင္ စုိက္ပ်ဳိးၿပီး  နတ္ေတာ္လ၊ ျပာသုိလ တို႔တြင္ ရိတ္သိမ္းရေၾကာင္းႏွင့္  ယခင္ႏွစ္မ်ားက တစ္ဧက ၁၅ တင္းႏွင့္တင္း ၂၀ ၾကား ထြက္ရွိခဲ့ေၾကာင္း သိရပါတယ္။

 

လြန္ခဲ့တဲ့ သံုးႏွစ္ေလာက္က တစ္တင္းလွ်င္ ၄၀၀၀၀ ေက်ာ္  ရရွိခဲ့ေသာ္လည္း ေစ်းႏႈန္း က်ဆင္းခဲ့သည္မွာ ႏွစ္ႏွစ္ခန္႔ရွိၿပီ ျဖစ္သျဖင့္ အ႐ံႈးေပၚကာ အဆင္မေျပမႈ မ်ားျဖစ္ေပၚေနေၾကာင္း  သတင္း ရရိွပါတယ္။

 

#MFID

Read times Last modified on Saturday, 22 February 2020 08:51
Rate this item
(0 votes)