Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ရေထွက်ပစ္စည်းဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်မည်

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ကြီးမှူး၍ မြန်မာ့ရေထွက်ပစ္စည်း ဈေးရောင်းပွဲတော်ကို ယခုလအတွင်း ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရပါတယ်။

 

အဆိုပါ မြန်မာ့ရေထွက်ပစ္စည်း ဈေးရောင်းပွဲတော်ကို မေလ ၁၁ ရက် ( စနေနေ့ ) မှ ၁၃ ရက် ( တနလာင်္နေ့ ) အထိ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားပါတယ်။


မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ အလားတူ မြန်မာ့ရေထွက်ပစ္စည်း ဈေးရောင်းပွဲတော်ကို လွန်ခဲ့တဲ့ ၉ နှစ်ခန့်က ကျင်းပပြုလုပ်ခဲ့ဖူးပြီး နောက်ပိုင်းနှစ်တွေမှာတော့ ဆက်လက်ကျင်းပခဲ့ခြင်းမရှိဘဲ ၉ နှစ်နီးပါးကြာပြီးမှ ယခုတစ်ဖန် ပြန်လည်ကျင်းပပြုလုပ်ဖို့ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

 

မြန်မာ့ရေထွက်ပစ္စည်း ဈေးရောင်းပွဲတော်မှာ ရေချိုကဏ္ဍနဲ့ ရေငန်ကဏ္ဍ ခွဲခြားကာ ပြည်တွင်းမှ ထွက်ရှိတဲ့ ရေထွက်ကုန်ပစ္စည်းများကို ပြသရောင်းချသွားမှာဖြစ်ပါတယ်။

 

Read More >>>>>   ထိုင်းစတိုင် ငါးဆားမီးကင်လေး လုပ်စားရအောင်

 

ရေချိုကဏ္ဍမှာ မွေးမြူရေး ရေထွက်ကုန်များအပြင် သဘာဝမြစ်၊ ချောင်း၊ အင်း၊ အိုင်များမှ ဖမ်းယူရရှိတဲ့ မြန်မာ့တိုင်းရင်းငါးများ၊ ပုစွန်များ၊ ကဏန်းများနဲ့ ငါးရှဥ့်များကို ပြသရောင်းချသွားမှာဖြစ်ပြီး ရေငန်ကဏ္ဍမှာ ရေငန်မွေးမြူရေး ပုစွန်၊ ကဏန်းပျော့များ၊ မြန်မာ့ကမ်းရိုးတန်းနဲ့ မြန်မာ့ပင်လယ်မှ ဖမ်းယူရရှိတဲ့ ရေငန်ငါးများနဲ့ ပုစွန်များကို ပြသရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

Source: City News

Read times Last modified on Friday, 10 May 2019 17:39
Rate this item
(1 Vote)