Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သရက်ချဉ် လုပ်ငန်းများကြောင့် သရက်သီးစိမ်းများ အရောင်းသွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ရေနံချောင်းမြို့ရှိ ကျေးရွာများမှ သရက်သီးစိမ်းများ လှိုင်လှိုင်သီးနေပြီဖြစ်ရာ သရက်ချဉ် လုပ်ငန်းများက ဝယ်ယူသောကြောင့် အရောင်းသွက်နေကြောင်း သရက်ပင် ပိုင်ရှင်များထံမှ သိရသည်။


''ဒီနှစ်ပထမဆုံး ဆွတ်ခူးတယ်။ သရက်သီး တစ်ပင်ကို ဆယ့်ငါးတင်း ထွက်တယ်။ ဒုတိယအကြိမ် အသီးမှည့်မှ ဆွတ်ခူးဖို့ချန်ထားတယ်။


အထွက်ကောင်းတယ်။ အရင်နှစ်က တစ်ပင်ကို  အသီးဆယ်တင်းပဲ ထွက်တယ်။ တစ်တင်းကို ငွေကျပ် ၉ဝဝဝ ပဲရောင်းရတယ်။


အခုနှစ်အသီးစိမ်း တစ်တင်းကို  ငွေကျပ်  ၁၅ဝဝဝ ရောင်းရတဲ့အတွက်  သရက်ခြံသမားတွေ တွက်ခြေကိုက်တယ်။  


သရက်ချဉ်လုပ်ငန်းတွေ သရက်သီးသနပ် လုပ်ငန်းတွေက လာဝယ်ကြတာပါ။

 

Read More >>>>>  ပြည်ပမှ ဝက်သားနှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းခွင့်ရပ်ဆိုင်း


အရင်နှစ်ကဆိုရင် သရက်သီးအစိမ်း ဈေးကွက်က  မန္တလေးဘက်ကိုပို့ရတာ။ ဒီလောက်လည်း ဈေးမရဘူး။ ဒီနှစ်တော့ အဝယ်လည်း သွက်တယ်။


 ဈေးလည်းကောင်းတယ်''ဟု သရက်ခြံပိုင်ရှင်  ဦးသိန်းညွန့်က ပြောသည်။


ယခုနှစ်တွင် သရက်သီးများကို သရက်ခြံ ပိုင်ရှင်များသည် အမှည့်အထိ မစောင့်ဘဲ အစိမ်းလိုက်   ဆွတ်ခူးရောင်းချနေရသည့် အတွက် ဝင်ငွေကောင်းလျက် ရှိကြောင်း  သိရသည်။

 

Source: Myawaddy

Read times Last modified on Thursday, 14 March 2019 16:41
Rate this item
(1 Vote)