Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


IFC က ဝက်မွေးမြူထုတ်လုပ်ရေးကဏ္ဍတွင် ဒေါ်လာသန်း (၈၀၀) ရင်းနှီးမြှုပ်နှံမည်

Unicode

IFC က ဝက်မွေးမြူထုတ်လုပ်ရေးကဏ္ဍတွင် ဒေါ်လာသန်း (၈၀၀) ရင်းနှီးမြှုပ်နှံမည်

 

နိုင်ငံတကာငွေရေးကြေးရေးကော်ပိုရေးရှင်း (International Finance Corporation- IFC) က မြန်မာနိုင်ငံ၏ ဝက်မွေးမြူရေးနှင့် ဝက်သတ်ရုံများ တည်ဆောက်သည့် လုပ်ငန်းများတွင် အမေရိကန်ဒေါ်လာသန်း (၈၀၀) ရင်းနှီးမြှုပ်နှံမှာဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောပါတယ်။

 

ဝက်မွေးမြူထုတ်လုပ်ရေးစီမံကိန်းကို ၂ နှစ်အတွင်း အကောင်အထည်ဖော်မှာဖြစ်ပြီး လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ IFC နှင့် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများပူးပေါင်းကာ အမြန်ဆုံးရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းအသင်းချုပ်ထံမှ သိရပါတယ်။


မွေးမြူရေးသာမဟုတ်ဘဲ ဝက်သားထုတ်လုပ်ရေးကိုပါ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံချိန်တွင် ဦးဇော်မင်းဝင်းက ပြောပါတယ်။

 

Packing & Wrapping Equipment ထုုတ္ပိုုးျခင္းအတြက္လုုိအပ္ေသာပစၥည္းမ်ားကိုုဝယ္ယူႏုုိင္သည့္ဆိုုင္ေပါင္း ၁၆၃ ခုကိုရွာရန္ႏွိပ္ပါ။

 

မြန်မာနိုင်ငံတွင် ဝက်မွေးမြူရေးကို တစ်နိုင်တစ်ပိုင်သာလုပ်ဆောင်လေ့ရှိကြောင်း မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံ၏ ဝက်မွေးမြူရေးကဏ္ဍတွင် (၉၀) ရာခိုင်နှုန်းကျော်က ပြည်တွင်းမှ အသေးစားမွေးမြူရေးလုပ်ငန်းရှင်များသာ လုပ်ကိုင်နေပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု အနည်းငယ်သာရှိပါတယ်။

 

Read More >>>>>    ေအာ္ဂဲနစ္ႏွမ္းနက္ တန္ခ်ိန္ ၈ဝ ေက်ာ္ကို ျပည္ပေစ်းကြက္သို႕ ေရာင္းခ်ထား


ဒါ့ကြောင့် အဆိုပါရင်းနှီးမြှုပ်နှံမှုတွင် ပြည်တွင်းမှ အသေးစားဝက်မွေးမြူသူများကို ပူးပေါင်းဆောင်ရွက်ခွင့်ပြုပေးသင့်ကြောင်း ဒေါက်တာကျော်ထင်က ပြောပါတယ်။ ဒါမှသာ အသေးစားဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ၏ ရှင်သန်ရေးနှင့် တိုးတက်ရေးအထောက်အပံ့ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 

Source: 7Day Daily

 

 

 

 

IFC က ဝက္ေမြးျမဴထုတ္လုပ္ေရးက႑တြင္ ေဒၚလာသန္း (၈၀၀) ရင္းႏွီးျမွဳပ္ႏွံမည္

 

ႏုိင္ငံတကာေငြေရးေၾကးေရးေကာ္ပိုေရးရွင္း (International Finance Corporation- IFC) က ျမန္မာႏိုင္ငံ၏ ဝက္ေမြးျမဴေရးႏွင့္ ဝက္သတ္႐ံုမ်ား တည္ေဆာက္သည့္ လုပ္ငန္းမ်ားတြင္ အေမရိကန္ေဒၚလာသန္း (၈၀၀) ရင္းႏွီးျမွဳပ္ႏွွံမွာျဖစ္ေၾကာင္း ကုန္သည္စက္မႈအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္မင္းဝင္းက ေျပာပါတယ္။

 

ဝက္ေမြးျမဴထုတ္လုပ္ေရးစီမံကိန္းကို ၂ ႏွစ္အတြင္း အေကာင္အထည္ေဖာ္မွာျဖစ္ၿပီး လက္ရွိတြင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ IFC ႏွင့္ ကုန္သည္စက္မႈအသင္းခ်ဳပ္မွ တာဝန္ရွိသူမ်ားပူးေပါင္းကာ အျမန္ဆံုးရင္းႏွီးျမွဳပ္ႏွံမႈမ်ားျပဳလုပ္ႏုိင္ရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း ၎အသင္းခ်ဳပ္ထံမွ သိရပါတယ္။


ေမြးျမဴေရးသာမဟုတ္ဘဲ ဝက္သားထုတ္လုပ္ေရးကိုပါ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ဒုတိယသမၼတႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားေတြ႔ဆံုခ်ိန္တြင္ ဦးေဇာ္မင္းဝင္းက ေျပာပါတယ္။

 

Packing & Wrapping Equipment ထုုတ္ပိုုးျခင္းအတြက္လုုိအပ္ေသာပစၥည္းမ်ားကိုုဝယ္ယူႏုုိင္သည့္ဆိုုင္ေပါင္း ၁၆၃ ခုကိုရွာရန္ႏွိပ္ပါ။

 

ျမန္မာနုိင္ငံတြင္ ဝက္ေမြးျမဴေရးကို တစ္နုိင္တစ္ပိုင္သာလုပ္ေဆာင္ေလ့ရွိေၾကာင္း ျမန္မာႏုိင္ငံေမြးျမဴေရးအဖြဲ႔ခ်ဳပ္ ဒုတိယဥကၠ႒ ေဒါက္တာေက်ာ္ထင္က ေျပာပါတယ္။ လက္ရွိအခ်ိန္ထိ ျမန္မာႏုိင္ငံ၏ ဝက္ေမြးျမဴေရးက႑တြင္ (၉၀) ရာခိုင္ႏႈန္းေက်ာ္က ျပည္တြင္းမွ အေသးစားေမြးျမဴေရးလုပ္ငန္းရွင္မ်ားသာ လုုပ္ကိုင္ေနၿပီး ႏုိင္ငံတကာရင္းႏွီးျမွဳပ္ႏွံမႈ အနည္းငယ္သာရွိပါတယ္။

 

Read More >>>>>    ေအာ္ဂဲနစ္ႏွမ္းနက္ တန္ခ်ိန္ ၈ဝ ေက်ာ္ကို ျပည္ပေစ်းကြက္သို႕ ေရာင္းခ်ထား


ဒါ့ေၾကာင့္ အဆုိပါရင္းႏွီးျမွဳပ္ႏွံမႈတြင္ ျပည္တြင္းမွ အေသးစားဝက္ေမြးျမဴသူမ်ားကို ပူးေပါင္းေဆာင္ရြက္ခြင့္ျပဳေပးသင့္ေၾကာင္း ေဒါက္တာေက်ာ္ထင္က ေျပာပါတယ္။ ဒါမွသာ အေသးစားဝက္ေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္သူမ်ား၏ ရွင္သန္ေရးႏွင့္ တိုးတက္ေရးအေထာက္အပံ့ျဖစ္ႏုိင္တယ္လုိ႔ ဆုိပါတယ္။

 

Source: 7Day Daily

 

 

Read times Last modified on Thursday, 13 February 2020 09:14
Rate this item
(0 votes)