Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အာရှဆန် တစ်ပတ်တာ (ဇွန် ၁၇-၂၃)

အာရှဆန် တစ်ပတ်တာ (ဇွန် ၁၇-၂၃)

အင်ဒိုနီးရှားဆန်

 

အင်ဒိုနီးရှားက တရုတ်၊ ဘရူနိုင်းနှင့် ဆော်ဒီအာရေဗျ ၃ နိုင်ငံသို့ ဆန်တင်ပို့မှု ပြန်လည်စတင်မည်ဟု စိုက်ပျိုးရေးဝန်ကြီး  Syahrul Yasin Limpo က ပြောကြားခဲ့ပါသည်။ 

ထိုသုံးနိုင်ငံမှ ဆန်ဝယ်လိုအားသည် ကြီးမားသော်လည်း အင်ဒိုနီရှား အစိုးရက ဆန်တန်ချိန် ၁၀၀,၀၀၀ ကိုသာ တင်ပို့ခွင့် ပေးသည်။ ပြည်တွင်း ဆန်ဖူလုံမှုကို ဦးစားပေးလိုသည်ဟု ဝန်ကြီးက ပြောကြားသည်။

 

တရုတ်နိုင်ငံက ဆန်တန်ချိန် ၂.၄ သန်း ဝယ်ယူရန် နှစ်စဉ် တောင်းဆိုသည်။ ဘရူနိုင်းနိုင်ငံက နှစ်စဉ် ဆန်တန်ချိန် ၁၀၀,၀၀၀ ဝယ်ယူလိုသည်။ ဆော်ဒီအာရေဗျနိုင်ငံက ဆန်တန်ချိန် ၁,၅၀၀ နှစ်စဉ် ဝယ်ယူလိုသည်ဟု ဝန်ကြီးက ထုတ်ဖော်ပြောကြားသည်။ 

ဆန်တန်ချိန် ၁၀၀,၀၀၀ ကိုသာ နှစ်စဉ် ပေးပို့ရန် ခွင့်ပြုသည်။ အရံဆန်လက်ကျန် တန်ချိန် ၇ သန်း ထားရှိသည်။ အလွန်အကျွံ တင်ပို့ခြင်းကို မလိုလားကြောင်း ဝန်ကြီးက ပြောကြားသည်။ 

 

မြန်မာဆန်

 

290211119_450636870224993_6023934287260372372_n.jpg

 

မြန်မာ့ပို့ကုန် ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ဆူးလေဆိပ်ကမ်းတံတားများမှ ဥရောပနှင့် အာဖရိကနိုင်ငံများသို့ ဝမ်းပုံစနစ်ဖြင့် တင်ပို့ခြင်း

မြန်မာနိုင်ငံ၏ အဓိက လယ်ယာထွက်ကုန်စည်ဖြစ်သော ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှတစ်ဆင့် Bulk Carrier သင်္ဘောကြီးများ(ဝမ်းပုံစနစ်)ဖြင့် ပြည်ပသို့ နှစ်စဉ် တင်ပို့လျှက်ရှိရာ ယခင်နှစ် (၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် မတ်လအထိ)တွင်  ဆူးလေဆိပ်ကမ်းတံတားများ (အမှတ် ၁ မှ ၇ အထိ)မှ  စုစုပေါင်းသင်္ဘော(၉၀)စီးဖြင့် ဆန်တန်ချိန် (၁,၃၅၇,၂၀၂)တန်ကိုလည်းကောင်း၊ ယခုနှစ် (၂၀၂၂ ခုနှစ်) ဧပြီလမှ ဇွန်လ (၃)လ အတွင်း စုစုပေါင်းသင်္ဘော(၂၇)စီးဖြင့် ဆန်တန်ချိန် (၅၈၂,၃၃၀)တန်ကိုလည်းကောင်း၊ တင်ပို့နိုင်ခဲ့ပါသည်။

လက်ရှိအချိန်တွင် ဆူးလေဆိပ်ကမ်းတံတား(၇)စင်းတွင် အလျား(၁၈၃)မီတာရှိ သင်္ဘောကြီး (၂)စီး၊ (၁၈၆)မီတာရှိ သင်္ဘောကြီး (၂)စီးနှင့် (၂၀၀)မီတာရှိ သင်္ဘောကြီး(၁)စီး စုစုပေါင်း(၅)စီး တံတားနေရာပြည့် ဆိုက်ကပ်၍ ဆန်တန်ချိန်စုစုပေါင်း (၁၄၃,၄၀၀)တန်ကို တင်ဆောင်ပြီး၊ ဘယ်လ်ဂျီယံနိုင်ငံသို့ (၃)စီး၊ စပိန် နိုင်ငံသို့ (၁)စီးနှင့် တိုဂိုနိုင်ငံသို့ (၁)စီး တင်ပို့ထွက်ခွာမည်ဖြစ်ပါသည်။

(ဓါတ်ပုံ၊ WZA၊ MPA)

rice_23_june.jpg

 

 

289955143_450636796891667_4250769981464542367_n.jpg

 

အိန္ဒိယဆန် 

အိန္ဒိယဆန် ၅% ဆန်ကွဲပါ ပေါင်းဆန်အမျိုးအစား <RI-INBKN5-P1> ခေါ်ဈေး တစ်တန် ယခင်အပတ်က $357-$362 ရှိခဲ့ပြီး ယခုအပတ်တွင် $355-$360  သို့ ကျဆင်းသည်။ 

ပြည်ပတင်ပို့သည့် အိန္ဒိယဆန် ဝယ်လိုအား ကောင်းသော်လည်း နိုင်ငံသုံးငွေ ရူပီက အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် စံချိန်တင် ဈေးကျသဖြင့် ဆန်ဈေးလည်း ကျသည်။

 

ဗုဒ္ဓဟူးနေ့ (ဇွန် ၂၂) တွင် ရူပီ-ဒေါ်လာ ငွေလဲနှုန်း  ၁ အမေရိကန်ဒေါ်လာ ၇၈.၁၄ ရူပီအထိ ဈေးကျသွားခဲ့သည်။ 

အန္ဒိယဆန် အထူးသဖြင့် ရာနှုန်းပြည့် ဆန်ကွဲ အဝယ်လိုက်သည်။ ပြိုင်ဘက် ဆန်တင်ပို့သည့် နိုင်ငံများထက် အန္ဒိယဆန်က ဈေးသက်သာနေသောကြောင့် ဝယ်လိုအား ကောင်းနေခြင်း ဖြစ်သည်။

အိန္ဒိယ အစိုးရက ပြီးခဲ့သည့်လက ဂျုံတင်ပို့ ပိတ်ပင်လိုက်သည့်အတွက် ဆန်တင်ပို့မှုများကိုလည်း ပိတ်ပင်နိုင်ဖွယ် ရှိသည်ဟု စိုးရိမ်သည့် ဂယက်ကြောင့် ကြိုပွိုင့် စာချုပ်ချုပ်ဆို ဝယ်ယူမှုများ ဆက်ရှိနေဆဲ ဖြစ်သည်။ ပုံမှန်ထက် လွန်ကဲသော ဝယ်ယူမှုများ ဖြစ်ပေါ်နေသည်။

 

ဘင်္ဂလားဒေ့ရှ်ဆန်

ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးသဖြင့် စပါးခင်းများ ပျက်စီးသည်ကို ပြီးခဲ့သည့် အပတ်က တင်ပြခဲ့ပြီး ဖြစ်ပါသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိုက်ပျိုးရေး ဝန်ကြီးဌာနက စပါးခင်း ၇၅,၀၀၀ ဟက်တာ ပျက်စီးကြောင်း ထုတ်ပြန်ကြေညာသည်။ စိုက်ပျိုးရေး ဝန်ကြီး Humayun Kabir  က  "အပျက်အစီးက ကြီးမားတယ်။ နေရာအသစ်တွေ ရေထပ်မြုပ်နေတာကြောင့် ကောက်ပဲသီးနှံတွေ ပိုပျက်စီးနိုင်တယ်"ဟု ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်သည် အစဉ်အလာအားဖြင့် စပါးထုတ်လုပ်မှုတွင် ကမ္ဘာတတိယအများဆုံး နိုင်ငံ ဖြစ်သည်။ သို့သော် သဘာဝဘေးကြောင့် စပါးခင်းများ ပျက်စီးသည့်အခါ ပြည်တွင်း ဆန်ဖူလုံရေးအတွက် ပြည်ပမှ တင်သွင်းသည့် ဆန်အပေါ် အားကိုးအားထား ပြုရသည်။ 

 

ထိုင်းဆန်

၅% ဆန်ကွဲပါ ထိုင်းဆန်အမျိုးအစား <RI-THBKN5-P1> ပြည်ပတင်ပို့သည့် တစ်တန် ဈေးနှုန်းမှာ ပြီးခဲ့သည့် အပတ်က  $430-$440 ဖြစ်ခဲ့ပြီး ယခုသီတင်းပတ်တွင် $420-$425  သို့ ကျဆင်းသည်။ နိုင်ငံသုံးငွေ ဘတ်-ဒေါ်လာ ငွေလဲနှုန်းတွင် ဘတ်ဈေးကျသဖြင့် ဆန်ဈေး ကျဆင်းသည်။  ကြာသပတေးနေ့ (ဇွန်၂၃) က ၁ အမေရိကန်ဒေါ်လာ လျှင် ၃၅.၅၀၈ ဘတ်သို့ ၅နှစ်ခွဲအတွင်း စံချိန်သစ်တင် ကျဆင်းခဲ့သည်း သောကြာနေ့ (ဇွန်၂၄) တွင်လည်း ဆက်လက် ကျဆင်းနေသည်။ 

ဘတ်ဈေးကျသဖြင့် ဆန်ဈေးကျသော်လည်း ဝယ်လိုအား တက်မလာဟု ဘန်ကောက်မှ ဆန်ကုန်သည်တစ်ဦးက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။ 

စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်သဖြင့် သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်နေကြောင်းလည်း ၎င်းက ပြောကြားသည်။

 

 

ဗီယက်နမ်ဆန်

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန်အမျိုးအစား <RI-VNBKN5-P1> တစ်တန်ဈေးနှုန်း ယခင် သီတင်းပတ်တွင် $420-$425 ဖြစ်ခဲ့ပြီး ယခုအပတ်တွင် $418-$423  သို့ ဈေးကျဆင်းသည်။

"ဆန်တွေ ထပ်ရောက်လာနေတယ်။ ဝယ်လိုအားက အရင်အပတ်လောက် မကောင်းဘူး" ဟု မဲခေါင် မြစ်ဝကျွန်းပေါ်ဒေသမှ ဆန်ကုန်သည်တစ်ဦးက ရိုက်တာ သတင်းဌာနသို့ ဖြေကြားခဲ့သည်။

"ဝယ်လက်တွေက ဆန်ဝယ်ဖို့ မဟုတ်ဘဲ နောက်ဆုံးပေါက်ဈေးသိချင်လို့ မေးမြန်းစုံစမ်းကြတယ်" ဟု ၎င်းက ပြောကြားသည်။

ဗီယက်နမ်ဆန် တင်ပို့မှုတွင် တရုတ်နှင် ဖိလစ်ပိုင်တို့သည် အကြီးမားဆုံး ဈေးကွက်များ ဖြစ်နေဆဲဟု ၎င်းက ပြောကြားပါသည်။

 #MyanmarFoodGuide

Telegram Channel

https://t.me/Guid4U/287

https://t.me/Guid4U

 

 

 

MFG

Read times Last modified on Friday, 24 June 2022 15:28
Rate this item
(0 votes)